Showing posts with label အထွေထွေသတင်း ဝိုင်း. Show all posts
Showing posts with label အထွေထွေသတင်း ဝိုင်း. Show all posts

Tuesday, December 29, 2009

မလေးရှားမှာလည်း Levy ကြေးပေးစရာမလို တော့ပါ


မလေးရှားမှာ ခုချိန်ထိကြားနေရတဲ့ သတင်းတချို့ကြောင့် ဒီအကြောင်းလေးရေးမိ သွားတာပါ။ မျှတမှုစိတ်ဓာတ်မရှိဘဲ ကိုယ့်ဘက်ကိုတအားကြည့်တတ်တဲ့ သူဌေး နဲ့ အေးဂျင့် တချို့ကြောင့် တချို့စက်ရုံတွေမှာ မြန်မာအလုပ်သမားတွေအပြင် နိုင်ငံခြားအလုပ်သမားတွေ ခုချိန်ထိ Levy ကြေးပေးနေကြရတုန်းပါဘဲ။ တကယ်တော့ 1-April-2009 နေကစပြီး Levy ကြေးကို အလုပ်သမားများထံမှ ဖြတ်ပိုင်ခွင့်မရှိဘဲ မိမိတို့ကိုခေါ်ထားတဲ့ သူဌေး၊ အေးဂျင့် တို့ကသာ ပေးဆောင်ရမည် ဖြစ်ကြောင်းကို မလေးအစိုးရက တရားဝင်စာထုတ်ထားပြီးသား ဖြစ်ပါတယ်။ ဒါကို လူမဆံတဲ့ တချို့လူတွေက လက်လျူရှုပြီး အလုပ်သမားများထံမှ Levy ကြေးကို ဆက်လက်ကောက်ယူ နေကြတုန်းပါပဲ။ အလုပ်သမားများဘက်က မသိနားမလည်မှုကို အခွင့်ကောင်းယူပြီး လိမ်တောင်းနေကြတုန်းပါပဲ။ Levy ကြေးမဖြတ်ရန်ကိစ္စဟာ တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်နေပါပြီ။ နိုင်ငံသားများနှင့်မတူ လစာအနည်းငယ်ဖြင့် လုပ်နေကြရတဲ့ နိုင်ငံခြားသားအလုပ်သမားတွေဟာ ဆက်လက်ပေးဆောင် နေရဦးမယ်ဆိုရင် ဒါဟာ သဘာဝမကျမှု၊ မမျှတမှု ပါပဲ။ ငြိမ်ခံမနေ သင့်ပါဘူး။ အထောက်အထားပြပြီး ကိုယ့်ရပိုင်ခွင့်ကို တောင်းဆိုသင့်ပါတယ်။
တချို့သူဌေးတွေက ပြောပြသည့်တိုင်အောင် ကိုယ်ဘက်ကအထောက်အထား မပြနိုင်တော့ ဘူးခံငြင်းတတ်ကြပါတယ်။ တချို့သူဌေးတွေက အထောက်အထား စာရွက်စာတမ်းပြနိုင်ကြတော့ သက်ဆိုင်ရာကိုအတိုင်ခံရမှာ သူတို့စက်ရုံပြဿနာတတ် စက်ရုံပိတ်ခံရမှာနဲ့တော့ ဘယ်လဲနိုင်မလဲ ဖြတ်ပြီးသားပိုက်ဆံအားလုံးကို ပြန်ပေးကြတယ်။ တချို့သူဌေးတွေကြတော့လည်း ကြည်ဖြူစွာ အားလုံးကိုပြန်ပေး ပါတယ်။
သက်ရောက်တဲ့ 1-April-2009 ရက်ကစပြီး ကိုယ်ပေးထားပြီးသမျှအားကို ပြန်တောင်းယူသင့်ပါတယ်။ ကိုယ်ဘက်က လမ်းမှန်ဖြစ်တဲ့အတွက်ကြောင့် ပြောပြခဲ့ရင် ပြန်ရကြမှာသေချာပါတယ်။ ဒီသတင်းတွေကို မသိသေးတဲ့သူတွေ သိနေသိတိုင်အောင် အကြောင်းအမျိုးမျိုးကြောင့် စာရွက်စာတမ်းမရှိလို့ အခက်မခဲရှိတဲ့သူတွေ အများကြီးရှိနေမှာမို့ ကျွန်တော် ဒီစာရွက်ကို အလွယ်တကူ Print ထုတ်ယူလို့ရအောင် PDF နဲ့လည်းလုပ်ပေးထားပါတယ်။ အောက်မှာ အဆင်ပြေတဲ့ link ကနေဒေါင်းယူကြပါ။ မသိသေးတဲ့သူများကိုလည်း လက်ဆင့်ကမ်းလိုက်ကြပါဦးနော်။ အားလုံး ကိုယ်ရသင့်ရထိုက်တာတွေရပြီး ပျော်ရွှင်ကြပါစေဗျာ။
ဒေါင်းရန် ။ ။
MultiUpload
MediaFire

Sunday, November 29, 2009

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကအထူးကုဆေးခန်းမှ မိန်းကလေးငယ်တစ်ဦး၏ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်

''မမှားသော ရှေ့နေ၊ မသေသော ဆေးသမား'' ဆိုသော်လည်း အတွေ့အကြုံ ရင့်ကျက်သော ဆရာဝန် တစ်ယောက်၏ အသက်အရွယ် အရ၊ စောင့်ထိန်းအပ်သော ဆရာဝန် ကျင့်ဝတ်အရ၊ ရရှိထားသော ဆေးလက်မှတ်၊ ဒေါက်တာဘွဲ့အရ လူနာအား ခွဲစိတ်စဉ် မိမိ ထင်မြင်ယူဆသော ရောဂါ မဟုတ်ပါက အချိန်မီ ပြန်လည် ကုသပေးခဲ့လျှင် ၄င်းလူနာသည် လူ့ဘဝသက်တမ်းစေ့ နေနိုင် မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ငွေမျက်နှာ ကြောင့်သော်လည်းကောင်း၊ မိမိရရှိထား သော ဆရာဝန်ဂုဏ်သိက္ခာဘွဲ့ ကျဆင်း မည်စိုးသောကြောင့်လည်းကောင်း၊ လူနာ အား မလိုလားအပ်ဘဲ ဗိုက်ခွဲ၊ ဗိုက်ထဲကနေ ရောဂါပြစရာအကြောင်း တစ်ခုခုရှာပြီးဖြတ် တောက်၊ လှီးဖြတ်ပစ်လိုက်ပါက အနာတခြား၊ ဆေးတခြား ဖြစ်နိုင်ပေသည်။ ထိုကဲ့သို့ ဆရာဝန်၏ ဆုံးဖြတ်ချက်မှားမှုကြောင့် လူ့အသက်တစ်ချောင်း မဆုံးရှုံးသင့်ဘဲဆုံး ရှုံးခဲ့ရသည့် ကြေကွဲရင်နင့် ဖွယ်ဖြစ်ရပ်ဆိုး တစ်ခု ရန်ကုန်မြို့ရှိ နာမည်ကြီး ပုဂ္ဂလိက အထူးကုဆေးခန်းတွင် အောက်တိုဘာ (၂၅)ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရ သည်။

နာမည်ကြီးအထူးကုဆေးခန်းရှိ နာမည်ကြီး အထူးကုဆရာဝန်၏ ဆုံးဖြတ်ချက်မှားမှုတွင် ဓားစာခံဖြစ်သွားရရှာသည့် ခိုင်ရွှန်းလဲ့ရည်သည် သူငယ်ချင်း အပေါင်းအသင်းများ၊ မိဘဆွေမျိုးများနှင့် ဆရာ၊ ဆရာမများ၏ ချစ်ခင်မြတ်နိုးမှုကို အပြည့်အဝ ရရှိထားပြီး နှစ်စဉ်ကျောင်း၌ ထူးချွန်တံဆိပ် တက်ယူရသူဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆)ရပ်ကွက်၊ ဇဋိလ(၁)လမ်း၊ အမှတ် (၉၈၂)တွင် နေထိုင်သူ ဖြစ်ပြီး၊ ကမာရွတ်မြို့နယ်၊ အ.ထ.က(၂) တွင် နဝမတန်း ပညာသင်ကြားလျက်ရှိကာ ဗြိတိသျှ သံရုံးတွင် အင်္ဂလိပ်စာပညာ သင်ကြားလျက်ရှိပြီး (B.C) S.4.1 အဆင့် ရောက်ရှိနေပေပြီ။ ခိုင်ရွှန်း လဲ့ရည်သည် အသက်(၁၅)နှစ်အရွယ်ရှိပြီး အောက်တိုဘာ(၂၆)ရက်နေ့တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာ ဖြေဆိုမည့်ဆဲဆဲ အောက်တိုဘာ(၂၅) ရက်၊ နံနက်(၉းဝဝ)နာရီတွင် ရန်ကုန်မြို့ရှိ နာမည်ကြီး ပုဂ္ဂလိကအထူးကု ဆေးရုံ၌ နေမကောင်း၍ ဆရာဝန်အားပြသခဲ့ရာ ဆရာဝန်ကြီးမှ အူအတက်ရောင်ရောဂါဟု ဆိုကာ ဗိုက်ခွဲခဲ့ပြီး အောက်တိုဘာ (၂၇)ရက်၊ နံနက်(၆း၂ဝ)တွင် ၄င်းဆေးရုံ၌ သေဆုံးသွားကြောင်း ခိုင်ရွှန်းလဲ့ရည်၏ ဦးလေးတော်စပ်သူ ဦးစိုးလင်းက လျှပ်တစ်ပြက် သတင်းဂျာနယ်သို့ ပြောပြခဲ့သည်။
ခိုင်ရွှန်းလဲ့ရည်၏ အုပ်ထိန်းသူ မိခင်ဒေါ်ချိုချိုမြင့်က
'' သမီးက အောက်တိုဘာ (၂၁)ရက် နေ့လောက်ကတည်းက ဖျားနေတာ။ ကိုယ်ပူက တက်လိုက်၊ ကျလိုက်နဲ့ မသက်သာဘူး။ အောက်တိုဘာ (၂၅)ရက်နေ့ နံနက် (၉းဝဝ) နာရီမှာ ရန်ကုန်မြို့ရှိ နာမည်ကြီးပုဂ္ဂလိက အထူးကုဆေးခန်း အရေးပေါ် လူနာဌာနကို ရောက်တယ်။ (၉း၃ဝ)မှာ ဆရာဝန်ကြီးရောက်လာပြီး သမီးရဲ့ဗိုက်ကိုလက်နှင့်စမ်းတယ်။ လက်ဖဝါးတွေကို ကြည့်တယ်။ မျက်လုံးကိုကြည့်တယ်။ ပါးစပ်ဟခိုင်းတယ်။ ကျွန်မကတော့ သမီးအတွက် စိုးရိမ်နေတာက လွဲပြီး ဆရာဝန်က သမီးရဲ့ လက်တွေ၊ မျက်လုံးတွေက ဖွေးနေတာပဲလို့ ပြောတော့ ကျွန်မလည်း ဟုတ်တယ်။ ဖွေးနေတယ်လို့ ပြောခဲ့တယ်။ သမီးကို Pressure တိုင်းတော့ အပေါ်သွေး (၉ဝ)၊ အောက်သွေး (၆ဝ)ပဲရှိတယ်။ အဲ့ဒီအချိန်မှာ ဆရာဝန်ရဲ့ စစ်ဆေးချက်က ပြီးသွားပြီလို့ ကျွန်မထင်တာပဲ။ ဆရာဝန်ကြီးက အနီးစပ်ဆုံး အူအတက်ရောင်ရောဂါပဲ၊ ခွဲမလားလို့မေးတယ်။ ကျွန်မတို့က ဘာမှနား မလည်တော့ ဆရာဝန်ကြီးခွဲသင့်ရင်ခွဲပါ။ ဆရာဝန်ကြီး သဘောပါလို့ ပြောလိုက်တော့ တာဝန်ခံ (MO) ကိုခွဲစိတ်ခန်းဝင်မယ့် အကြောင်း ပြောပြီး ထွက်သွားတယ်။
ကျွန်မက သွေးပေါင် ၉ဝ/၆ဝ ဆိုရင်ခွဲလို့ ရရဲ့လားလို့မေးတော့ (MO)က ဆရာဝန် ကြီးလုပ်တတ်တယ်။ ဘာမှမပူနဲ့အစ်မလို့ ပြောတယ်။ မခွဲခင် နံနက်(၁ဝ)နာရီမှာ E.C.G ဆွဲပြီး၊ T.V ဓာတ်မှန်မရိုက်၊ သွေးမစစ်ဘဲသမီးလေးကို ခွဲစိတ်ခန်းထဲ ချက်ချင်းပို့လိုက်တယ်။ နေ့လယ်(၁၁း၃ဝ)နာရီ ဝန်းကျင်မှာ ခွဲစိတ်ခန်းထဲက ထွက်လာပြီး အူအတက်သေးသေးလေးနဲ့ သမီးဝမ်းဗိုက်ထဲက စက်နှင့် စုပ်ထုတ်ထားတဲ့ သွေးနဲနဲပါ၊ ဝါကြင်ကြင်ဂျယ်လီတွေကို ကျွန်မတို့ကိုပြတယ်။ ကျွန်မလည်း အူအတက်ရောင်ရောဂါနဲ့ ဗိုက်ခွဲထားဖူးတော့ ငါ့သမီးလေးတော့ မှားပြီး အခွဲခံရပြီလို့ ထင်လိုက်မိတယ်။ ဂျယ်လီလို အရည်တွေကို ဘာလို့စုပ်ထုတ်တာလဲ ဆိုတာတော့ မသိရဘူး။ ကျွန်မတို့အထင် မှားခွဲမိလို့ ရောဂါတစ်ခုခု ပြဖို့ပဲလို့ ထင်တယ်။ သမီးလေး သတိရလာတော့ အရမ်းနာကျင်နေတယ်။ ခွဲစိတ်ခန်းဝင်နေတဲ့အချိန်မှာ ထုံဆေး ပြယ်သွားတော့ နာတယ်..နာတယ်..ဆိုပြီး သမီးရဲ့အော်သံကိုလည်း အကျယ်ကြီး ကြားရတယ်။ နောက်တော့ သမီးကို အိပ် ဆေးထိုးလိုက်တယ်။ အဲဒီ ခွဲစိတ်ခန်းထဲက အကြောင်းတွေကို သမီးပြောပြခဲ့တာ။ ကျွန်မ သမီးလေးကို အရမ်းသနားတာပဲ။ ခွဲစိတ်ပြီး သီးသန့်ကိုယ်ပိုင်အခန်း မရသေးခင်၊ ပိုးသတ် ခန်းမှာ ညနေ (၃းဝဝ)နာရီထိနေရတယ်။ အဲဒီ အချိန် ဆေးရုံရဲ့အခန်းနံရံကို လျှပ်စစ်မော်တာနဲ့အပေါက်ဖောက်တယ်။ တူတွေနဲ့ထုတယ်။ အသံတွေက ဆူညံနေတာပဲ။ ဒါကတော့ ဆေးခန်းရဲ့ ဝန်ဆောင်မှုညံ့ဖျင်းတဲ့အကြောင်းပါ။ ကျွန်မတို့ပြောတာ ပြောလို့မရဘူး။ ကျွန်မအပြင်းအထန်ကန့်ကွက်မှ ဝရိန်မဆော်တော့ဘဲ ရပ်သွားတယ်။ ကျွန်မသမီးလေးအတွက် အခန်းရတော့ (၅)ထပ်မှာရှိ တဲ့ အခန်းကို ပြောင်းလိုက်တယ်။ သမီးလေးက မသက်သာဘူး၊ အရမ်းနာတယ်ပြောတော့ MO ကို သွားပြောတယ်။ ဒီလိုပဲ သက်သာသွား မှာပါဆိုပြီး ကျွန်မတို့ကိုပြောလွှတ်တယ်။ ဂလူးကို့(စ်) တစ်ပုလင်း သွင်းရင် သွေး ပေါင်ချိန်က (၁ဝ)ကျ ကျသွားတယ်။ ကျွန်မ တို့ သတိထားမိတော့ ညနေ (၅းဝဝ)နာရီ၊ (၆းဝဝ) နာရီလောက်မှာ ဒေါက်တာရယ် ဒီ အတိုင်းထားလို့ဖြစ်ပါ့မလား၊ လာကြည့် ပေးပါဦးလို့ သွားပြောတယ်။ အဲဒီ့အချိန် မှာ သမီးကိုသွေးဖောက်စစ်တယ်။ သွေး ပေါင်ချိန်တိုင်းတော့ (၇ဝ/ ၅ဝ)ဖြစ်နေပြီ။ ည(၁ဝးဝဝ)နာရီလောက်မှာ သွေးရှာခိုင်း တော့ သွေးရှာပေးတယ်။ နံနက်(၂းဝဝ) နာရီလောက်မှာ သွေးတစ်ပုလင်း စသွင်း ဖြစ်တယ်။ မနက်မိုးလင်းပြီးမှ သွေးကုန် သွားတယ်။ ခွဲပြီးနောက်နေ့ထိ ဆရာဝန် ကြီးက မလာသေးတာနဲ့ သွားခေါ်ခိုင်း တယ်။ မလာဘူး။ ခွဲပြီးနောက်နေ့ အောက်တိုဘာ(၂၆)ရက်၊ နေ့လယ် (၁၂းဝဝ)နာရီ မှာတစ်ကြိမ်သာ လာကြည့်သွားတယ်။
နောက်ထပ်ဆရာဝန် နှလုံးပါရဂူ လာပြီး စောင့်ရှောက်ကုသပေးတယ်။ အောက်တို ဘာ(၂၇)ရက်၊ နံနက်(၅း၃ဝ) နာရီခွဲမှာ နှလုံးပါရဂူဆရာဝန်ကို သွားပင့်တော့ ဆရာဝန်ကြီးက စေတနာပါပါနဲ့ သမီးလေးကို ကြိုး စားပြီး ကုသပေးရှာပါတယ်။ ပထမ ခွဲစိတ်ပေးတဲ့ ဆရာဝန်ကြီးကတော့ ကျွန်မ သမီးလေးကို ခွဲတဲ့အချိန်နဲ့ နောက်နေ့တစ်ခါသာ လာကြည့်သွားတယ်။ ကျွန်မသမီးလေးက အောက်တိုဘာ (၂၇)ရက်၊ နံနက်(၆း၂ဝ)မှာ ကွယ်လွန်သွားတယ်။ တာချီလိတ်ကို ခရီးသွားနေတဲ့ သမီးရဲ့အဖေက အချိန်မီပြန်လာတယ်။ ဒါပေမယ့် နံနက် (၉း၃ဝ)နာရီမှ ရောက်လာတော့ သမီး ရဲ့အသက်ကိုမမီတော့ဘူး။ ကျွန်မ ယောက်ျားက သူ့သမီးကြီးကို အရမ်းချစ်တာ၊ သမီးလေးကို သွေး(၂)ပုလင်း၊ သွေးရည်ကြည်(၁)ပုလင်း သွင်းခဲ့ရတယ်။ MO တွေရဲ့ပြော ချက်အရ သမီးလေးက သွေးလွန်တုပ်ကွေး ဖြစ်နေတာ။ ဒါကြောင့်မို့ သွေးကြောမွှားလေးတွေကနေ သွေးယို စိမ့်ပြီး သွေးသွင်းလည်း အကျိုးမရှိဘူးလို့ ပြောပြကြတယ်။ ကျောက်ကပ်ပျက်စီးသွားတယ်၊ အသည်း ကြီးသွားတယ်၊ နှလုံးလည်း ထိတယ်လို့လည်း ပြောတယ်။ သွေးလွန် တုပ်ကွေးကိုမစစ်ဘဲ ဆရာဝန်ကြီးက မှားခွဲမိတာလားလို့မေးတော့ ဘာမှမပြောကြဘူး။ ဆေးရုံမှာ(၂)ရက် သမီးလေးကုသခဲ့တဲ့ ဆေးစရိတ်ကုန်ကျငွေက (၁၁)သိန်းကျော် ရှင်းခဲ့ရတယ် ''ဟု ပြောပြခဲ့သည်။ ¤င်းအထူးကုဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတစ်ဦးသည် ခိုင်ရွှန်းလဲ့ရည်၏ ဖခင်နှင့်မိတ်ဆွေဖြစ်ပြီး ခိုင်ရွှန်းလဲ့ရည်၏ နာရေးပြီးဆုံးသည့်နောက်နေ့တွင် အိမ်သို့ ရောက်ရှိလာကြောင်း မိခင်ဒေါ်ချိုချိုမြင့်က ဆက်လက်ပြောပြခဲ့သည်။ '' ကျွန်မတို့က အဖြစ်အပျက်အားလုံးကို ပြောပြလိုက်တယ်။ သူက သိပြီးသားဖြစ်နေတယ်။ အဲဒီ့ဆေးရုံမှာ သမီးနဲ့ပတ်သက်ပြီး နိုဝင်ဘာ(၂)ရက်နေ့မှာ အစည်းအဝေး(၂)ခါထိုင်တယ်ဆိုတဲ့ အကြောင်း ကျွန်တော်တို့ ဆရာဝန်ကြီး ဆုံးဖြတ်ချက်မှားတာပါ ဆိုတဲ့အကြောင်း သမီးကသွေးဖြူဥအားနည်းနေသည်ကို မစစ်ဘဲခွဲလိုက်သည့် အတွက်ကြောင့် အခုလိုဖြစ်ရကြောင်းတောင်းပန် သွားတယ်။ ဆရာ ဝန်ကြီးက အခု တရုတ်ပြည်သွားနေလို့ ပြန်လာရင် ကျွန်မတို့အိမ်ကိုခေါ်လာပြီး တောင်းပန်ခိုင်းမယ်လို့ ပြောတော့ ကျွန်မယောက်ျားက မခံစားနိုင်ဘူး၊ ခေါ်မလာပါနဲ့''လို့ပဲ ပြောလိုက်တယ်။
သွေးလွန်တုပ်ကွေး ဖြစ်နေသော ကလေးကို မှားယွင်းစွာခွဲစိတ်ပြီး သိလျှင်သိချင်း အရေးပေါ် ကုသမပေးခဲ့ဘဲ၊ အထူးကြပ်မတ်ဆောင်သို့ ချက်ချင်းမပို့ဘဲ သာမန်လူနာတစ်ဦး ကဲ့သို့ ပစ်ထားခဲ့ခြင်းနှင့် ဆရာဝန်၏ ကျင့်ဝတ်နှင့် မညီမှုတို့ကြောင့် မခိုင်ရွှန်းလဲ့ရည်၏ မိခင်သည် များစွာ စိတ်ထိခိုက်ရပြီး ကြားလူတစ်ဦး၏ စိတ်မကောင်းပါဘူးဟု တောင်းပန်ပြောစကားနှင့် ဖြေဖျောက်လို့ မရနိုင်ကြောင်း၊ မခိုင်ရွှန်းလဲ့ရည်အား စာသင်ပေးနေသော ဆရာမများက ထူးချွန်ထက်မြက်ပြီး စာအလွန်တော်သည့် ကလေးငယ်တစ်ဦး မသေသင့်ဘဲ သေဆုံးသွားခဲ့သည့် အတွက် လွန်စွာနှမြောမိကြောင်း၊ မခိုင်ရွှန်းလဲ့ရည်သည် ဘာသာစုံ ဂုဏ်ထူးနှင့် အောင်မြင်မည့် ကလေးတစ်ဦးဖြစ်သောကြောင့် ဆရာမများ အားထားရသည့် တပည့်တစ်ဦးလည်း ဖြစ်ကြောင်း၊ ခိုင်ရွှန်းလဲ့ရည်အား ရည်စူးပြီး ရန်ကုန်၊ နာရေးကူညီမှု အသင်းသို့ ငွေငါးသိန်းကျပ်၊ ရပ်ကွက်နာရေး ကူညီမှုအသင်းကို တစ်သိန်းကျပ်၊ ရပ်ကွက် လမ်းပြုပြင်တဲ့နေရာမှာ တစ်သိန်းကျပ် လှူဒါန်းခဲ့ကြောင်း မိခင်ဖြစ်သူဒေါ်ချိုချိုမြင့်က လျှပ်တစ်ပြက်သတင်းဂျာနယ်သို့ ပြောပြခဲ့သည်။
အထက်ပါ ကြေကွဲရင်နင့်ဖွယ် ဖြစ်ရပ်မျိုးနှင့် ပတ်သက်၍ အခြားလူနာများဤကဲ့သို့ အဖြစ်ဆိုးနှင့် ထပ်မံမကြုံတွေ့စေရန် အထူးကုဆေးခန်းရှိ ဆရာဝန်များ အတွေ့အကြုံ ရှိသော်လည်း ဆေးပညာကို အဆက်မပြက်လေ့လာပြီး သတိရှိရှိနှင့်စေတနာထားကာ လူနာများအား ကြည့်ရှုစောင့်ရှောက်ကုသပေးသင့်ကြောင်း အပြုသဘောဆောင်၍ ကာယကံရှင်ဆွေမျိုးအသိုင်းအဝိုင်းက လျှပ်တစ်ပြက်သို့ထပ်မံပြောကြားခဲ့သည်။

soruce: လျှပ်တစ်ပြက်



တင်ဆက်သူ - ကျဆိမ့်(ဆင်တဲကဖေး)

Friday, November 13, 2009

စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်စေရန်

* စိတ်တည်ငြိမ် ရင့်ကျက်ခြင်း၏ လက္ခဏာများ
* စိတ်တည်ငြိမ် ရင့်ကျက်လာစေရန်
* ဘ၀နှင့်ပတ်သက်သည့် စစ်မှန်သော ခံယူချက်
စိတ်ဓာတ် ရင့်ကျက်ခြင်းနှင့် စိတ်တည်ငြိမ်ခြင်းတို့သည် တသဘောတည်းဆောင်၏။ စိတ်ဓာတ်ရင့်ကျက်မှသာ စိတ်တည်ငြိမ်နိုင်၏။
စိတ်တည်ငြိမ်လာအောင် ပြုစုပျိုးထောင်ခြင်းသည် စိတ်ဓာတ်ရင့် ကျက်အောင်ပြုလုပ်ခြင်းနှင့် တူလေသည်။
လောကတွင်မည်သူတစ်ဦးတယောက်မျှ ရာနှုန်းပြည့်စိတ်ဓာတ်ရင့်ကျက်သည်ဟူ၍ မရှိကြောင်းစိတ်ပညာရှင်များက တင်ပြကြ၏။ မည်သို့ပင်အောင်မြင် ထူးချွန် ကျော်ကြားသောပုဂ္ဂိုလ်များဖြစ်ကြစေကာမှု ပြင်ပအသွင်သဏ္ဍန်တွင် စိတ်ဓာတ် အလွန်ရင့်ကျက်တည်ငြိမ်ဟန် ရှိသော်လည်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြည့်ပါက အချို့နေရာများတွင် မရင့်ကျက်သော ဟန်ပန်လေးများ ကို တွေ့ရတတ်ပေသည်။
မည်သို့ပင် ဖြစ်စေကာမှု လူငယ်တိုင်းတတ်နိုင်သမျှ စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်နေခြင်းသည် စိတ်ချမ်းသာရေး၊ ကိုယ်ကျန်းမာရေး၊ ဘ၀တစ်ေလျှာက်လုံး အဆင်ပြေရေးအတွက် အကောင်းဆုံးပင်ဖြစ်လေ သည်။

စိတ်တည်ငြိမ် ရင့်ကျက်ခြင်း၏ လက္ခဏာများ

စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်ခြင်း၏ အရည်အသွေးလက္ခဏာများမှာ အောက်ပါအတိုင်းပင်ဖြစ်ပါ သည်။
၁။ မိမိကိုယ်မိမိလွတ်လပ်စွာ တာဝန်ယူတတ်ဖြင်း၊ အမှီအခို ကင်းစွာနေထိုင်လိုစိတ် ရှိခြင်း၊
ကိုယ့်ခြေ ထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရန် ကြိုးစားခြင်း၊ မိမိကိုယ်မိမိ အားကိုးတတ်ခြင်း။
၂။ မိမိ၏ ကိုယ်ကျိုး “အတ္တဟိတ” ထက် လူအများစု၏ အကျိုးကို ဦးစားပေးတတ်ခြင်း၊ “အများအကျိုး ဆောင် ကိုယ်အကျိုးအောင်” ဟူသည့် ခံယူချက်ရှိခြင်း။ ရယူလိုစိတ်ထက် ပေးကမ်းလိုသော စိတ်များ ထားရှိပြီး အတ္တဆန်သော ပြိုင်ဆိုင်မှုမှ ရှောင်ရှားလေ့ရှိခြင်း။
၃။ ဒေါသ၊ မောဟ၊ မာန်မာနထန်ခြင်း၊ မုန်းတီးခြင်း၊ ထောင်လွှားမော်ကြွားခြင်း၊ တကိုယ်ကောင်းဆန် ခြင်း၊ တယူသန်လုပ်တတ်ခြင်း စသည်တို့ကို ဖယ်ရှားပြီး ကြင်နာသနားခြင်း၊ မေတ္တာထားခြင်း၊ ချစ်ခင်ယူယခြင်း၊ သည်းခံတတ်ခြင်းစသည့် စိတ်များဖြင့် ပြည့်နေတတ်ခြင်း။
၎။ ပြင်ပလောကတွင် ဖြစ်နေသော လက်တွေ့အရှိနှင့် စိတ်ကူးယဉ်အသိကို ခွဲခြားသိနိုင်ခြင်း။
၅။ ပတ်ဝန်းကျင် အခြေအနေအရပ်ရပ်အလိုက် အရှိကိုအရှိအတိုင်း လက်ခံပြီး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ကျင့်ကြံနေထိုင်တတ်ကြခြင်း၊ အံ့ဝင်ခွင်ကျဖြစ်စေနိုင်ခြင်း။
၆။ ပြဿနာတရပ်ပေါ်လာလျှင် စိတ်အပြောင်းအလဲ မမြန်ဆန်ပဲ ခေါင်းအေးအေးထားပြီး ဆုံးဖြတ်တတ် ခြင်း၊ ကျိုးကြောင်းဆင်ခြင်တတ်ခြင်း၊ မှန်ကန်သည့်အတိုင်း ဆုံးဖြတ်နိုင်သောသတ္တိရှိခြင်း။
၇။ အကောင်းဆုံးကိုမျှော်လင့်၍ အရာရာကို ကြိုးစားဆောင်ရွက်သော်လည်း အဆိုးဆုံးဒဏ်ကို ရင်ဆိုင်ဝံ့ ခြင်း၊ ခံနိုင်ရည်ရှိခြင်း။
၈။ မိမိစိတ်ကို မိမိ ထိန်းချုပ်သင့်သည့်အခါများတွင် ကောင်းမွန်ုနိုင်နင်းစွာ ထိန်းသိမ်းချုပ်တည်းနိုင်ခြင်း၊ စိတ်လိုက်မာန်ပါ တဇွတ်ထိုး မပြုလုပ်တတ်ခြင်း။

စိတ်တည်ငြိမ်ရင့်ကျက်လာစေရန်

စိတ်တည်ငြိမ်ရင့်ကျက်ခြင်း၏ အရည်အသွေးများကို သေသေချာချာ ဂဃဏလေ့လာကြည့်ပါက ကျွန်ုပ်တို့၏ စိတ်တွင် မရင့်ကျက်မှုကလေးများရှိနေကြောင်းကို တွေ့ရပေမည်။
ဤကဲ့သို့ ဖြစ်ြနေရသည်မှာ ကျွန်ုပ်တို့၏ အပြစ်မဟုတ်ပေ။ သဘာဝပတ်ဝန်းကျင်ဖန်တီးမှု၏ ရလဒ်သာလျှင် ဖြစ်ချေသည်။ ကျွန်ုပ်တို့သည် ဘ၀တလျှောက်လုံး စိတ်မတည်ငြိမ်မရင့်ကျက်ခြင်းများကိုသာ အတုမြင် အတတ်သင်ခဲ့ရလေသည်။ စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်လာစေရန်နည်းလမ်းများကို လေ့လာ နိုင်မည့် အခွင့်အလမ်းများနှင့် တွေ့ကြုံလေ့မရှိကြပေ။

သို့သော် လူတိုင်းလူတိုင်းစိတ်တည်ငြိမ်ရင့်ကျက်လာစေရန် မိမိစိတ်ကိုမိမိ ပြုပြင်ဖန်တီးနိုင်ကြပါသည်။

စိတ်တည်ငြိမ်ရင့်ကျက်ခြင်း၏ အရည်အသွေးများကိုရရှိစေ၇န် မိမိအသိစိတ်ဖြင့် ထိန်းချုပ် လေ့ကျင့်နိုင်ပါသည်။
ပြဿနာတရပ်ရပ်နှင့် ရင်ဆိုင်လာလျှင် ပူပန်ခြင်း၊ ကြောက်ရွှံ့ခြင်း၊ သောကဗျာပါဒများခြင်း၊ ခံနိုင်ရည်သတ္တိ ရှိခြင်း၊ မှန်ကန်စွာ ဆုံးဖြတ်နိုင်ခြင်း၊ ဥပေက္ခာပြုတတ်ခြင်းစသည့်စိတ်များဖြင့် အစားထိုးရပေမည်။
သာယာမှု၊ တည်ငြိမ်အေးချမ်းမှုအတွက် သာသာယာယာ ပျော်ပျော်ရွှင်ရွှင် ပြောဆိုနေထိုင်တတ်ရန် လေ့ကျင့်ပါ။ ရိုးရိုးသားသား ဘ၀ကို နှစ်ခြိုက်ပါ။
မိမိစိတ်ပါဝင်စားရာကောင်းမွန်သော လုပ်ငန်းရပ်တခုခုကို အာရုံစိုက်၍ လုပ်ကိုင်ပါ။
လောကဓံတရားရှစ်ပါး ကို အပြုံးမပျက်ရင်ဆိုင်နိုင်သော သတ္တိလည်းရှိရပေမည်။

ဘ၀နှင့်ပတ်သတ်သည့် စစ်မှန်သော ခံယူချက်
စိတ်ဓာတ်ရင့်ကျက်၍ အရွယ်ရောက်ပြီးသူတဦးတွင် ဘ၀နှင့်ပတ်သက်သည့် စစ်မှန်သော ခံယူချက်များ လည်းရှိပေမည်၊
၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ သဘာဝဖြစ်ရပ်များ၏ ကြောင်းကျိုး ဆက်သွယ်မှုကို နားလည်နိုင်စွမ်းရှိရမည်။ မိမိ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသမျှတို့သည်အကြောင်းနှင့် အကျိုးဆက်စပ်နားလည်သဘောပေါက်တတ်ကြရပေမည်။
၂။ မိမိ၏ အရည်အချင်းကျွမ်းကျင်မှုနှင့် စိတ်ပါဝင်စားမှုအလိုက် မိမိနှင့် အသင့်တော်ဆုံးဖြစ်မည့် စစ်မှန်သော ဘ၀ပန်းတိုင်ကိုထားရှိရမည်။ ၄င်းပြင် မည်သည့်အရာကိုမဆိုစိတ်ကူးဆန္ဒရှိရုံမျှဖြင့် မပြီးပဲ လက်တွေ့ လုပ်ဆောင်မှ အကောင်အထည်ပေါ်အောင်မြင်တတ်ကြော်ငး သဘောပေါက်ရမည်။
၃။ အချိန်ကိုစနစ်တကျ အသုံးချတတ်ရမည်။ ဘ၀တိုက်ပွဲတွင် အောင်ပွဲအဆင့်ဆင့် ခံယူ ရရှိနေသူများသည် အချိန်ကို စနစ်တကျအကျိုးရှိစွာ အသုံးချတတ်သူများဖြစ်ကြ၏။
၎။ အရာရာကို ဓမ္မဓိဌာန်ကျကျ ရူမြင်ဆင်ခြင်တတ်ရပေမည်။ အခြားသူများ၏ အားနည်းချက် ပျော့ညံ့ ချက်ကို ရူမြင်တတ်သကဲ့သို့ မိမိ၏ အားနည်းချက်ကို လည်း သိမြင်နားလည်တတ်ရပေမည်။ ဝေဖန်တတ် ရပေမည်။ ထို့အတူဝေဖန်ခံနိုင်ရမည်။
၅။ လောကဓံလှိုင်းဂယက်၏ ရိုက်ပုတ်ချက်ဒဏ်ကိုလည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရတတ်ပေမည်။

စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်မှုသည် သင်၏စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးနှင့် ကြီးပွားအောင်မြင် တိုးတက်ရေး တို့တွင် အဓိကကျသော အခန်းကဏ္ဍ တရပ်မှ ပါဝင်နေ၏။
သို့ဖြစ်ရာသင်သည်သင်၏စိတ်ဓာတ်ကို ယခုအခြေအနေထက်ပိုမို တည်ငြိမ်ရင့်ကျက်လာစေရန် ယခုပင်စတင်၍ ကြိုးစားပြုပြင်လိုက် ခြင်းဖြင့် ထူးခြားသော အကျိုးကျေးဇူးများကို ခံစားရရှိနိုင်မည်ဖြစ်လေသည်။
From : တောသူမလေး`s Blog


တင်ဆက်သူ - ကျဆိမ့်(ဆင်တဲကဖေး)

Wednesday, November 11, 2009

သူငယ်ချင်းကောင်းဆိုတာ....

တိမ်တွေဖုံးနေတဲ့အချိန်ဆို
ကောင်းကင်ပြာကြီးကို မမြင်နိုင်ပါဘူး။
ဒါပေမဲ့ကောင်းကင်ပြာကြီးက
လုံးဝမရှိတော့တာမဟုတ်ဘူးလေ။
သူငယ်ချင်းကောင်းဆိုတာလည်း
စိတ်ဆိုးစရာရှိတဲ့အချိန် မခေါ်လည်း
ခင်မင်တဲ့စိတ်ကတော့ လုံးဝမပျောက်ကွယ်သွားဘူး။
ရင်ထဲမှာတော့ ထာဝရရှိနေမှာပါ။......

တင်ဆက်သူ - ကျဆိမ့်(ဆင်တဲကဖေး)

Sunday, October 18, 2009

အချိန်ရဲ့တန်ဖိုး

သူငယ်ချင်းတို့ရေ...
အချိန် (တရုတ်ကြီးမဟုတ်ပါ) ဆိုတာ
တစ်စက္ကန့် ၊ တစ်မိနစ်၊ တစ်နာရီ မှသည် ရက်၊လ၊နှစ်တွေရောက်လာခဲ့ရတာကို အားလုံး သိကြပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ရဲ့တန်ဖိုး ကိုသိရအောင်လို့ မျှဝေပေးလိုက်ပါတယ်။
တစ်နှစ်ရဲ့တန်ဖိုးကိုသိချင်ရင် = စာမေးပွဲကျရှုံးခဲ့တဲ့ကျောင်းသားတစ်ယောက်ကိုမေးကြည့်ပါ။
တစ်နှစ်ဟာ သူ့အတွက် တန်ဖိုးရှိတဲ့အချိန်တွေ ဆုံးရှုံးသွားပုံကို သိရပါလိမ့်မယ်။
တစ်လရဲ့တန်ဖိုးကိုသိချင်ရင် = ပင်စင်ယူသွားတဲ့လခစားဝန်ထမ်းတစ်ယောက်ကိုမေးကြည့်ပါ။
တစ်လဟာ သူ့အတွက် ဘယ်လောက်အရေးပါတယ်၊ဘယ်လောက် အချိန်တွေ အသုံးချဘူးတယ်ဆိုတာကို သိပါလိမ့်မယ်။
တစ်ပါတ်ရဲ့တန်ဖိုးကိုသိချင်ရင် = အပါတ်စဉ်ထုတ်ဝေတဲ့ဂျာနယ်ရဲ့ အယ်ဒီတာကြီးကိုမေးကြည့်ပါ။
ဒီတစ်ပါတ်အတွင်းမှာ သူ့ရဲ့အလုပ်တွေ ဘယ်လောက်လုပ်ရမယ်ဆိုတာ ၊ အချိန်မီဂျာနယ်ထွက်ဖို့ရာအတွက် သူ့ရဲ့အလုပ်တွေက်ု မနားမနေအသုံးချရပုံ ကို သိပါလိမ့်မယ်။
တစ်ရက်ရဲ့တန်ဖိုးကိုသိချင်ရင် =
မိသားစုတစ်စုကို တစ်ယောက်တည်းရုန်းကန်ကျွေးနေရတဲ့ခေါင်းရွက်ဗျတ်ထိုးဈေးသည်တစ်ယောက်ကို မေးကြည့်ပါ။
မိသားစုတစ်စု ၀မ်းစာပြည့်စုံဘို့ရာ သူဟာ အပြေးအလွှား တစ်နေ့ တစ်ရက်ရဲ့ အချိန်တွေကို အသုံးချနေရတာကို သိပါလိမ့်မယ်။
တစ်နာရီရဲ့တန်ဖိုးကိုသိချင်ရင် = အောက်စီဂျင်ဘူးနဲ့အသက်ရှုပြီး ရေအောက်ကမ္ဘာမှာရတနာရှာတဲ့ ရေငုပ်သမား ကိုမေးကြည့်ပါ။
ဘူးထဲက အောက်စီဂျင် မကုန်ခင်မှာ တစ်နာရီအတွင်း အလုပ်ကို ဘယ်လောက်ကြိုးစားရတယ်ဆိုတာကို သိပါလိမ့်မယ်။
တစ်မိနစ်ရဲ့တန်ဖိုးကိုသိချင်ရင် = မီးရထားထွက်သွားတာကို မမှီလိုက်တဲ့ ခရီးသည်တစ်ယောက်ကိုမေးကြည့်ပါ။
တစ်မိနစ်လေး အချိန်တိမ်းတာနဲ့ သူ့ဘ၀ ဘယ်လောက်ဆုတ်ယုတ်တယ်ဆိုတာ သူပြောပြပါလိမ့်မယ်။
တစ်စက္ကန့်ရဲ့တန်ဖိုးကိုသိချင်ရင်= အက်ဆီးဒင့် မှလွတ်မြောက်လာတဲ့ ယာဉ်မောင်း (ကား၊ရထား၊လေယာဉ်၊ သင်္ဘော) တွေကိုမေးကြည့်ပါ။
တစ်စက္ကန့်အတွင်းမှာ သူ့အသက်ရှင်သန်ဖို့အတွက် ဘယ်လိုရုန်းကန်လှုပ်ရှားခဲ့ရတာကို ပြောပြပါလိမ့်မယ်။
စက္ကန့်ဝက်ရဲ့တန်ဖိုးကိုသိချင်ရင်= အိုလံပစ်အားကစားမှာ ငွေတံဆိပ်ရတဲ့ အားကစားသမားကိုမေးကြည့်ပါ။
သူဟာ စက္ကန့်ဝက်ကလေးနောက်ကျတာနဲ့ ရွှေတံဆိပ်နဲ့ လွဲခဲ့ရပုံ၊ ဒီစက္ကန့်ဝက်အချိန်လေးဟာ တန်ဖိုးရှိပုံ ကို ပြောပြ ပါလိမ့်မယ်။
အဲဒီတော့ ဆိုလိုချင်တာက အချိန်တိုင်း အချိန်တိုင်း ဟာ တန်ဖိုးရှိနေတဲ့အတွက် အသက်ရှင်နေသမျှကာလပတ်လုံး မိမိအတွက် အချိန်ကို တန်ဖိုးရှိရှိ အသုံးချနိုင်ကြပါစေလို့ ရည်ရွယ်လျက်----
ရည်ညွှန်းချက်- ၂၀၀၉ ခုနှစ် အောက်တိုဘာလထုတ် ဓမ္မဗျူဟာစာစောင် စာမျက်နှာ ၂၆-၂၇။



တင်ဆက်သူ - ကျဆိမ့်(ဆင်တဲကဖေး)

ကိုယ့်ဖို့ကိုယ်ရှာ ...

ပေါ့ပျက်ပျက်အတွေး ၊ယောင်တောင်တောင်အကြားတွေနဲ့
မျက်တောင်မွှေးတောင် မဆုံးတဲ့ အမြင်တွေကို
မျက်စိတစ်ဆုံးပဲ မြင်သယောင်ယောင်
ယောင်ခြောက်ဆယ်အလုပ်တွေလုပ်ရင်း
သက်ပြင်းတွေ ချခဲ့ပေါင်းလည်း များနေပြီ။
ချမ်းသာရာရှာရင်း အလှမ်းကွာဝေးလွန်းတဲ့
ဒုက္ခတွေနဲ့ပဲ အဖော်ပြုနေရတာကို သတိမပြုမိတာကိုက
မဆုံးနိုင်တဲ့ ဒုက္ခတွေပဲဆိုတာ
ခင်ဗျားသိဖို့ကောင်းနေပြီ။
အခုကောင်းဖို့ စုနေတဲ့ ခင်ဗျားတို့ရဲ့ စည်းစိမ်တွေ
နောင်ကောင်းမှာရော သေချာရဲ့လားဆိုတာ
ဆန်းစစ်ဖို့တော့ လိုနေပြီနော်။
မယားစားဖို့၊လင်သားစားဖို့နဲ့ ရှာထားတဲ့ ဥစ္စာတွေ
ငရဲသွားဖို့ ယာဉ်စီးခမဖြစ်ဖို့တော့ လိုတယ်။
ပုခုံးနှစ်ဖက် လက်နှစ်သစ်နဲ့
လူဖြစ်တာချင်းတူတူတောင်
ကိုယ်ကငရဲသွားရမယ်ဆိုရင်တော့
အမိုက် ကိုယ့်ပြင်ရှိပါသေးလား?
အလွဲ ကိုယ့်ပြင်ရှိပါသေးလား?
တွေးလို့သာရှု့ ကိုယ်ဖို့ကိုယ်လည်း
စုဖို့ ပြင်ကြဦးနော့။။

from; အင်းဝသူလေး blog

တင်ဆက်သူ - ကျဆိမ့်(ဆင်တဲကဖေး)

မိတ်ဆွေသူငယ်ချင်း ပေါချင်ပါသလား...

သည်အချက်လေး (၂၅) ချက်ကိုလိုက်နာလုပ်ဆောင်ကြည့်ပါ သင့်ထံမိတ်ဆွေသူငယ်ချင်းများ ပေါများလာပါလိမ့်မည်။
၁။ ။ ချီးမွမ်းခြင်း ရိုးသားစွာ ချီးကျူးခြင်းတို့ဖြင့် စ၍ ပြောပါ။
၂။ ။ တဖက်သား တို့၏ အပြစ်များကို သွယ်ဝိုက်သော နည်းဖြင့် သတိရအောင် လုပ်ပါ။
၃။ ။ တဖက်သားကို အပြစ်မပြောမီ သင်၏ အမှားမျာကို ဖော်ပြပါ။
၎။ ။ တိုက်ရိုက် သြဇာပေးမည့်အစား၊ လိုရင်းကိစ္စကို ပြီးစီးစေမည့် မေးခွန်းများကို မေးပါ။
၅။ ။ တဖက်သားအား သူ့ဂုဏ်ကို သူ ပြန်ဆယ်ပါစေ။
၆။ ။ တဖက်သား၏ တိုးတက်မှု အနည်းအများကို ပဓာန မထားဘဲ ချီးကျူးပါ။ ထိုသို့ချီးကျူးသောအခါ ရက်ရက်ရောရေ ရှိပါစေ။
ရ။ ။ တဖက်သားကိုသိဒ္ဓိတင်ပါ။
၈။ ။ အားပေးစကားကိုပြောကြားပါ။
သင်ပြင်လိုသော တဖက်သား၏ အမှားသည် ပြင်ရန်လွယ်ကူသည်ဟု တဖက်သားကို သဘောပေါက်အောင်ပြောပါ။
သင်လုပ်စေချင်သော အလုပ်မှာ လုပ်ရန်လွယ်ကူသည့်အကြောင်းကိုလည်း တဖက်သား သဘောပေါက်ပါစေ။
၉။ ။ သင်လုပ်စေလိုသော အလုပ်ကို တဖက်သားသည် ၀မ်းမြောက်ဝမ်းသာစွာနှင့် လုပ်ချင်အောင်ခိုင်းပါ။
၁၀။ တဖက်သားကို မိမိဖက်သို့ ပါအောင်လုပ်ရန်အတွက် အကောင်းဆုံးသော နည်းတစ်ခုသည် "ငြင်းခုံနေခြင်းကို ရှောင်ရှားပါ "
၁၁။ တဖက်သား၏ အယူအဆကို အလေးဂရုပြုပါ။
လူတဦးတယောက်အား မှားသည်ဟု ဘယ်အခါမျှ မပြောလေနှင့်။
၁၂။ အကယ်၍ သင်သည်မှားခဲ့ပါလျှင် ထိုအမှားကို လျင်လျင်မြန်မြန်နှင့်လေးလေးနက်နက် ၀န်ခံပါ။
၁၃။ " ချိုချိုသာသာနှင့် စပါ "
၁၅။ တဖက်သားအလျင်အမြန် " အင်း " လိုက်အောင် ကြိုးစားပါ။
၁၆။ " တဖက်သားကို သူပြောချင်တာ ၀အောင်ပြောပါစေ ။ နားထောင်ပေးလိုက်ပါ။ "
၁၇။ တဖက်သားအား ပေးအပ်သော အကြံသည် သူ၏အကြံသာဖြစ်သည်ဟု အထင်ရောက်နေပါစေ။
၁၈။ တဖက်သားဖက်မှနေ၍ အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်းစေတနာကောင်းနှင့် ကြိုးစားပါ။
၁၉။ တဖက်သား၏ အယူအဆအလိုဆန္ဒတို့နှင့် စပ်လျဉ်း၍ ကိုယ်ချင်းစာ တတ်ပါစေ။
၂၀။ မြင့်မြတ်သော စိတ်ဓာတ်ကို ထိခိုက်အောင် လုပ်ပေးပါ။
၂၁။ သင်၏ အကြံအစည်များဖြင့် တဖက်သား၏ စိတ်အာရုံကို ဆွဲနိုင်အောင် ပြုပြင်ပေးပါ။
၂၂။ သူတို့၏ မခံချင်သော စိတ်ကိုဆွပေးပါ။
၂၃။ အထူးသဖြင့်သူ၏ ခံစားချက်များကို အချိန်အားလျော်စွာ နားထောင်ပေးနိုင်သူဖြစ်ပါစေ။
၂၄။ သူ၏ခံစားချက်များကို နားလည်မှုအပြည့်နှင့် အလေးအနက်နားထောင်ပေးလိုက်ပါ။
၂၅။ အမှန်တော့ မိတ်ဆွေ၊ သူငယ်ချင်းကောင်းဆိုသည်မှာ တစ်ပါးသူ၏ ခံစားမှုစိတ်သဘောကို နားလည်ပေးနိုင်သူဖြစ်ရပါမည်။
တစ်ကယ်တမ်းတော့ လူတစ်ယောက်ရဲ့ အချစ်ရ အခင်ရ အားအကိုးရဆုံးသူငယ်ချင်း ဆိုသည်မှာ တစ်ခြားသူ၏ အခက်အခဲ စိတ်ခံစားမှုများကို ရင်ဖွင့်တိုင်ပင်ခွင့်ပေးသလို အားပေးနှစ်သိမ့်ပေးတတ်သောသူမျိုး လည်းဖြစ်သည်။
သည်အချက်များကို လိုက်နာလေ့ကျင့်ကြည့်လိုက်ပါ သင့် ထံသို့ မိတ်ဆွေသူငယ်ချင်းများသည့်အပြင် ၊လူချစ်လူခင်ပေါလာပါလိမ့်မည်။
from ; တောသူမလေး blog


တင်ဆက်သူ - ကျဆိမ့်(ဆင်တဲကဖေး)

Nothing is impossible !!!

Nothing is impossible in life.... see

21 yrs back in his grandma's place..

Remove Formatting from selection



From one of the poorest family's chair to the most powerful chair in the world. ....!!!


Attitude leads person to any destiny….keep on moving….

OBAMA

O- Originally
B - Born in
A - Africa to
M - Manage
A – America
ပစ္စုပ္ပန်မှာ ရင်ဆိုင်နေရတဲ့ စိတ်ညစ်စရာ ပြဿနာတွေဟာ
အတိတ်ကာလက စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုတွေ ဖြစ်ခဲ့ပြီး
အနာဂတ်မှာတော့ အမှတ်တရ ပျော်စရာတွေသာ ဖြစ်လာမယ် ...
ကဲ ခင်များတို့ ဘာပြောချင်သေးလည်း .... မဖြစ်နိုင်ဘူး ဆိုတာ မရှိပါဘူးနော် ....
from; khai khant`s blog

တင်ဆက်သူ - ကျဆိမ့်(ဆင်တဲကဖေး)

Sunday, October 11, 2009

**သူငယ်ချင်းတွေအတွက် ဗဟုသုတလေးပါ**

၁။ အနန္တငါးပါး၊ ဦးထိပ်ထား၊ ညွတ်တွားပါကွဲ့ မမေ့နဲ့။
၂။ ဆရာမိဘ၊ ဆိုဆုံးမ၊ လိုက်နာကြကွဲ့ မေမ့နဲ့။
၃။ မိဦးဖဦး၊ ဆရာဦး၊ ခူး၍နော်ကွဲ့ မစားနဲ့။
၎။ကိုယ့်ထက်ကြီးသူ၊ ပြောဆိုမှု၊ နင်ငါဟူ၍ မပြောနဲ့။
၅။သူများကိုသာ၊ ရန်မရှာ၊ မခံချင်တာ မပြောနဲ့။
၆။ယဉ်ကျေးအောင်သွား၊ ယဉ်အောင်စား၊ စကားပြောလဲ ယဉ်စေကွဲ့။
၇။ဘရမ်းပတာ၊ သူ့ထက်ငါ၊ လူယက်ခါကွဲ့ မစားနဲ့။
(မသွားနဲ့၊ မပြောနဲ့၊ မရပ်နဲ့၊ မထိုင်နဲ့၊ မအိပ်နဲ့)
၈။ထမင်းစားရာ၊ အစားစာ၊ များစွာစကား မပြောနဲ့။
၉။ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစားကွဲ့ ဖိတ်စေနဲ့။
၁၀။စားပြီးသောခါ၊ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့ ကောင်းကောင်းတဲ့။
၁၁။လက်ကိုလျက်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်ကောင်းတဲ့။
၁၂။နှုတ်ခမ်းပါးနား၊ လျက်ခါစား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၁၃။လျှာကိုထုတ်ခါ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၁၄။ဟင်းရေသောက်ပြန်၊ ရုးရုးသံ၊ ဧကန်မပြုနဲ့။
၁၅။ထမင်းဟင်းပေလျက်၊ သောက်ရေခွက်၊ လက်နဲ့မကိုင်နဲ့။
၁၆။အိမ်ပေါ်ကျောင်းပေါ်၊ ဇရပ်ပေါ်၊ သွားသော်ခြေနင်း မပြင်နဲ့။
၁၇။ရဟန်းသံဃာ၊ ရှေ့မှောက်မှာ၊ ရိုသေစွာတဲ့ သွားပါကွဲ့။
၁၈။လူကြိးသူမ၊ ရှေ့သို့ကျ၊ ကုန်းကွ၍တဲ့ သွားပါကွဲ့။
၁၉။ဒူးထောက်ပေါင်ကား၊ ဆရာနား(မိဘနား)၊ အလျားမှောက်၍ မနေနဲ့။
၂၀။အိပ်ရာနေရာ၊ အိပ်ပြီးခါ၊ သိမ်းကြပါကွဲ့ ကောင်းကောင်းတဲ့။
၂၁။သောက်ရေသုံးရေ၊ မရှိချေ၊ ရေကိုခပ်ကွဲ့ မပျင်းနဲ့။
၂၂။ကျောင်းတွင်းအိမ်တွင်း၊ ရူပ်နေလျှင်၊ သန့်၇ှင်းအောင်တဲ့ ပြုပါကွဲ့။
၂၃။မိန်းမ မင်း ဆင်၊ ရဟန်းပင်၊ က္ကုနြေ္ဒရှင်ကွဲ့ ဦးလေးတဲ့။
၂၄။မိန်းခလေးမှာ၊ အရာရာ၊ ပြာတီးပြာတာ မရှပ်နဲ့။
၂၅။မိန်းမက္ကုနြေ္ဒ၊ သိရ်သရေ၊ စိန်ကုဋေတန်သကွဲ့ မှတ်လေတဲ့။
၂၆။ကျောင်းပစ္စည်းကို၊ မယူလို၊ မြွေဆိပ်လိုတဲ့ ကြောက်ပါကွဲ့။
၂၇။မျက်မှောက်တသွယ်၊ မျက်ကွယ်တခြား၊ အကျင့်မှားရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၂၈။အများပိုင်ကို၊ ကိုယ့်ဟာရို၊ ရိုသေကြကွဲ့ ကောင်းကောင်းတဲ့။
၂၉။ဝေယျာဝစ္စာ၊ ကျောင်းအိမ်မှာ၊ လျောစွာလုပ်ကွဲ့ မခိုနဲ့။
၃၀။ဧည့်သည်အာဂန္တု၊ ရောက်လာမှု၊ ဆူ၍ညံကာ မနေနဲ့။
၃၁။လူရူပ်လူပွေ၊ လူယုတ်တွေ၊ ရှောင်လေရှားကွဲ့ ဝေးဝေးတဲ့။
၃၂။ဘိန်းအရက်ကို၊ မရှူလို၊ မစင်လိုတဲ့ ရွံပါကွဲ့။
၃၃။ဂုံးချောကြမ်းကြုတ်၊ အကျင့်ယုတ်၊ မဟုတ်စကား မပြောနဲ့။
၃၄။ဘုရားပုထိုး၊ ဦးညွတ်ကျိုး၊ ရှိခိုးအိပ်ကွဲ့ မမေ့နဲ့။
၃၅။မိခင်ဖခင်၊ ဆ၇ာရှင်၊ နေ့စဉ်မမေ့နဲ့၊ ရှိခိုးကွဲ့။
၃၆။သူကပြုဘူး၊ သူ့ကျေးဇူး၊ အထူးမမေ့နဲ့ ပြန်ဆပ်ရမယ်ကွဲ့။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များ သင်တန်းပို့ချချက်အကျဉ်းကို သိသင်တယ်ထင်လို့ တင်ပြလိုက်ရပါတယ်..
from: တောသူမလေး blog


တင်ဆက်သူ - ကျဆိမ့်(ဆင်တဲကဖေး)

Monday, October 5, 2009

လူတိုင်အတွက် နေ့စဉ်စိတ်ကြည်လင်အောင် နေထိုင်နည်း.

1.နေ့စဉ်10မိနစ်မှာမိနစ်30အထိလမ်းလျှောက်ပါ လမ်းလျှောက်နေစဉ်အတွင်းသင့်မျက်နှာကိုအတတ်နိုင်ဆုံးပြုံးထားပါ။
2.နေ့စဉ်အနည်းဆုံး10မိနစ်ခန့်ဘာကိုမှာမတွေးပဲငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ပုံမှန်လုပ်နိုင်ပါတယ်။
3. ဘယ်လောက်ပင်ပန်းအလုပ်ရှုပ်နေပါစေရရင်ရသလိုနေ့စဉ်7နာရီပြည့်အောင်အိပ်ပါ။
4. E သုံးလုံးနဲ့အညီနေပါ။ 1Energy 2Enthusiasm 3Empathy
5. Game တွေကစားပေးပါ။
6. မနေ့ကထက်ဒီနေ့စာများများပိုဖတ်ပါ။
7. တရားထိုင်းခြင်း၊ယောဂကျင့်ခြင်းစတာတွေအတွက်နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။
8. သင့်ရဲ့အချိန်တွေထဲက အနည်းဆုံးမိနစ်30ခန့်ကိုအသက်70အရွယ်တွေနဲ့အသက်6နှစ်အောက်ကလေးငယ်များနဲ့အချိန်ဖြုန်းနေပါ။
9. နိုးနေတာထက်အိမ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။
10. အသားများများစားတာထက်အသီးအရွက်များများစားပါ။
11. ရေးများများသောက်ပါ။
12. တစ်နေ့မှာအနည်းဆုံးလူ3ယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးဖြစ်အောင်ပြုံးပြပါ။
13. အတင်းပြောခြင်းနဲ့အချိန်တွေမဖြုန်းမိပါစေနဲ့။
14. အတိတ်ကအမှားတွေကိုပြန်အစမဖော်ပါနဲ့။ လက်ရှိအနေအထားကစလို့ပျော်အောင်နေပစ်ပါ။
15. သင်မလုပ်နိုင်ပဲနဲ့အဆိုးဘက်ကမမြင်ပါနဲ့။ အကောင်းဘက်မှသင်ကိုယ်တိုင်ဝင်ခံစားပေးပါ။
16. ဘ၀ဆိုတာသင်ယူစရာတွေနဲ့ပြည့်နှက်နေတဲ့ကျောင်းတစ်ခုဆိုတာသိပါ။ ပြဿနာဆိုတာသင်ရိုးညွှန်းတမ်းထဲကပြဌာန်းချက်အပိုင်း
အစတစ်ခုဖြစ်လို့ကျောင်းမှန်မှန်တက်ပြီးဘ၀နောက်ဆုံးအချိန်ထိလေ့လာသင်ယူရင်း အလွယ်လေးကျော်ဖြတ်သွားပါ။
17. မနက်မှာဘုရင်လိုစား၊ နေ့လည်မှာမင်းသားလေးလိုစား၊ ညမှာသူဖုန်းစားလိုစားပါ။ 18.လုပ်ငန်းခွင်ထဲမှာ များများရယ်ပြီးများများပြုံးပါ။
19. ဘ၀ဟာသိပ်တိုတောင်းပါတယ်။ အမုန်းတရားတွေနဲ့အချိန်မဖြုန်းပါနဲ့မုန်းနေတာတွေရှိရင်ဆန့်ကျင်ဘက်လုပ်ကြည့်ပါ။
20. အလုပ်တွေလုပ်တဲ့အခါအသည်းအသန်အပူတပြင်းမလုပ်ပါနဲ့။ ခေါင်းအေးအေးထားပြီးအမှားကင်းအောင်လုပ်ပါ။
21. အငြင်းအခုန်ကိစ္စတွေအတွက်တန်ဖိုးရှိတဲ့သင့်လေတွေကိုမဖြုန်းပါနဲ့။ နားလည်မှုအတတ်နိုင်ဆုံးပေးလိုက်ပါ။
22. အတိတ်ကကိစ္စရပ်တွေအတွက်ငြိမ်းချမ်းရေးယူကြည့်ပါ။
လက်ရှိအခြေအနေအတွက်အထောက်အကူရလာပါလိမ့်မယ်။
23. သင့်ဘ၀ကိုအခြားတစ်ယောက်နဲ့မနှိုင်းယှဉ်ပါနဲ့။
24. သင့်ဘ၀ကိုပျော်ရွှင်အောင်လုပ်နိုင်တာသင့်အပြင်တခြားလူမရှိဘူးဆိုတာသိပါ။
25. အရာရာတိုင်းအတွက်လူတိုင်းကိုခွင့်လွှတ်တတ်တဲ့စိတ်နဲ့မြင်ကြည့်ပါ။
26. အခြားသူတွေသင့်ကိုဘယ်လိုထင်မြင်နေပါစေမဟုတ်ရင်သင်ခံစားမနေပါနဲ့။
27. ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေလိုအပ်တဲ့အချနိ်တစ်ခုကိုစောင့်ကြည့်ပါ။
28. သင်နေမကောင်းဖြစ်နေလျှင်သင့်သူငယ်ချင်း(သို့)တစ်စုံတစ်ဦးက သင့်တာဝန်တွေကိုလုပ်ဆောင်ပါလိမ့်မယ်။(ကိုယ်ကျန်းမာမှာစိတ်ကျန်းမာမည်)
29. အသုံးမ၀င်တော့တဲ့အရာတွေကိုအမြန်ဖယ်ရှားပါ။ လှလှပပနဲ့ပျော်ရွှင်အောင်နေပါ။
30. မနာလိုဝန်တိုခြင်းဆိုတာအချိန်ဖြုန်းနေတဲ့နည်းတစ်ခုပါ။ အမှန်တော့အရာအားလုံးကိုသင်ပိုင်ဆိုင်ထားပြီးပြီဆိုတာကိုသတိရပါ။
31. မကြာမီအကောင်းဆုံးတွေသင့်ထံရောက်လာတော့မယ်ဆိုတာသိပါ။
32. ခံစားမှုတွေများလို့မပြိုလဲသွားပါနဲ့။ အမြန်ထအမြန်ပြင်ဆင်ပြီးလန်းဆန်းတက်ကြွစွာနေပြပါ။
33. သင်မှန်တယ်ထင်တာတွေကိုတွေးပြီးလုပ်ပါ။
34. မကြာခဏမိသားစုနဲ့ဝိုင်းဖွဲ့ပြီးစကားပြောပါ။
35. သင့်ရဲ့အတွင်းစိတ်ကိုအမြဲပျော်ရွှင်အောင်ထားပါ။
36. နေ့စဉ်တစ်စုံတစ်ယောက်ဆီကိုပုံမှန်လက်ဆောင်ပေးပါ။(ငွေ၊အရာဝတ္တု၊စကား)
37. အလုပ်ထဲအတိုင်းအတာတစ်ခုအထိပဲအနစ်မွန်းခံပါ။
38. သင်သိသမျှပတ်ဝန်းကျင်ကိုမျှဝေပါ။
From . ပညာလမ်းညွှန်


တင်ဆက်သူ - ကျဆိမ့်(ဆင်တဲကဖေး)

Tuesday, September 29, 2009

မြန်မာ့အလှ ပုဂံ

ပုဂံကို အလည်လာဖို့ စိတ်ကူးရှိနေတယ်ဆိုရင်. ပုဂံအကြောင်းကို ကြိုသိထားဖို့  လိုအပ်တာပေါ့နော်.. ပုဂံဆိုတာ ဘယ်တော့မှ ရိုးမသွားတဲ့ နေရာလေးတစ်ခုပေါ့... မြန်မာမှန်ရင် မြန်မာတိုင်း သတိရအောက်မေ့တဲ့ နေရာလေးတစ်ခုလေ.. ပုဂံကို လာဖို့  အစီအစဉ်ရှိတဲ့သူတိုင်း ဒီနေရာ လေးမှာ အရင်လေ့လာနိုင်ပါတယ်..

တင်ဆက်သူ - ice ကော်ဖီ

သီချင်းကောင်းကောင်းလေးတွေ နားဆင်နိုင်ဖို့ 

သူငယ်ချင်းတို့  အဖြူရောင်သံဇဉ်က သီချင်းလေးတွေကို နားထောင်ရတာ ပျင်းလာလို့  ကိုယ်ကြိုက်တဲ့ သီချင်းကို နားထောင်ချင်တယ်ဆိုရင် အခု ပေးထားတဲ့ Link လေးကို ကလစ်လိုက်နော်.. မိမိနှစ်သက်တဲ့ သီချင်းလေးတွေကို ခံစားနားဆင်နိုင်တယ်.. ကြိုက်လွန်းလို့  ကိုယ်ကွန်ပျူတာမှာ သိမ်းထားချင်တယ်ဆိုရင်လည်း အလွယ်တကူ dl လုပ်လို့ လည်းရသေးတယ်နော်...
သီချင်းကောင်းလေးများ

ice ကော်ဖီ