ပေါ့ပျက်ပျက်အတွေး ၊ယောင်တောင်တောင်အကြားတွေနဲ့
မျက်တောင်မွှေးတောင် မဆုံးတဲ့ အမြင်တွေကို
မျက်စိတစ်ဆုံးပဲ မြင်သယောင်ယောင်
ယောင်ခြောက်ဆယ်အလုပ်တွေလုပ်ရင်း
သက်ပြင်းတွေ ချခဲ့ပေါင်းလည်း များနေပြီ။
ချမ်းသာရာရှာရင်း အလှမ်းကွာဝေးလွန်းတဲ့
ဒုက္ခတွေနဲ့ပဲ အဖော်ပြုနေရတာကို သတိမပြုမိတာကိုက
မဆုံးနိုင်တဲ့ ဒုက္ခတွေပဲဆိုတာ
ခင်ဗျားသိဖို့ကောင်းနေပြီ။
အခုကောင်းဖို့ စုနေတဲ့ ခင်ဗျားတို့ရဲ့ စည်းစိမ်တွေ
နောင်ကောင်းမှာရော သေချာရဲ့လားဆိုတာ
ဆန်းစစ်ဖို့တော့ လိုနေပြီနော်။
မယားစားဖို့၊လင်သားစားဖို့နဲ့ ရှာထားတဲ့ ဥစ္စာတွေ
ငရဲသွားဖို့ ယာဉ်စီးခမဖြစ်ဖို့တော့ လိုတယ်။
ပုခုံးနှစ်ဖက် လက်နှစ်သစ်နဲ့
လူဖြစ်တာချင်းတူတူတောင်
ကိုယ်ကငရဲသွားရမယ်ဆိုရင်တော့
အမိုက် ကိုယ့်ပြင်ရှိပါသေးလား?
အလွဲ ကိုယ့်ပြင်ရှိပါသေးလား?
တွေးလို့သာရှု့ ကိုယ်ဖို့ကိုယ်လည်း
စုဖို့ ပြင်ကြဦးနော့။။
from; အင်းဝသူလေး blog
No comments:
Post a Comment