Showing posts with label #ice ကော်ဖီ ဝိုင်း. Show all posts
Showing posts with label #ice ကော်ဖီ ဝိုင်း. Show all posts

Tuesday, December 29, 2009

မိဘ နှင့် သားသမီး


အဲလို ခေါင်းစဉ် တပ်လိုက်တော့ တော်တော်သိ တော်တော်တတ် နေသလားလို့  ထင်လိမ့်မယ်.. တစ်ကယ်တော့ ကျွန်မ ဘာဆိုဘာမှ မသိပါဘူး.. ပြောပြချင်တဲ့ အကြောင်းအရာလေး တစ်ခုကြောင့်သာ အဲလို ခေါင်းစဉ် ပေးလိုက်မိတာပါ... ကျွန်မ ပုဂံကို ခရီးသွားတော့ လမ်းမှာ တွေ့ ခဲ့တဲ့ ကလေးငယ်လေး တစ်စုကြောင့်ပါ... မိဘဆိုတာ သားသမီးတွေရဲ့  ရှေ့ ဆောင်လမ်းပြ ဖြစ်နေရမဲ့သူတွေပါ.. မိဘက သားသမီးကို လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးကြရတာပါ.. သားသမီး မလိုက်နာတာ မိဘ ဆိုဆုံးမ မတက်လို့  ဖြစ်ရတာတွေပါပဲ.. ပုပ္ပါး ကအပြန် ဘုရားဖူး ယာဉ်တွေနဲ့  တွေ့ ခဲ့ရတယ်. ယာဉ်ပေါ်က ကလေးတွေက လမ်းမပေါ်ကို ပိုက်ဆံ ပစ်ချပေးတာ မြင်ခဲ့ရပါတယ်.. သူတို့ တွေက လမ်းပေါ်မှာ " မုန့်ဖိုးပေးပါဗျို့" ဆိုပြီး အော်ဟစ်နေတဲ့ ကလေးတွေကို ပစ်ချပေးကြတာပါ.. ကားပေါ်ကနေ ပစ်ချပေးလိုက်တော့ လမ်းပေါ်က ကလေးတွေက ဘယ်မှ မကြည့် ရှေ့  မကြည့် နောက် မကြည့်နဲ့  ပိုက်ဆံ အတင်း လုကောက် ကြပါတယ်.. ကျွန်မတို့ ဆိုင်ကယ်သာ အရှိန် အလွန်မြန်ခဲ့ရင် အဲဒီ့ လိုက်ကောက်တဲ့ကလေး အသက် ပျောက်နေခဲ့ပါပြီ.... တစ်ကယ်ဆို ကားပေါ်ကနေ ပိုက်ဆံပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဘယ်သူမှ ပစ်မချ ပေးသင့်ပါဘူး.. အဲလိုပဲ ကလေးတွေကလည်း " မုန့်ဖိုးပေးပါဗျို့" ဆိုပြီး လမ်းမပေါ်မှာ လိုက်မတောင်းသင့်ပါဘူး.. အဲဒီ့နေရာမှာ လူကြီးတစ်ယောက်မှ ရှိမနေပါဘူး... အဲလိုအချိန် ကလေးတစ်ခုခု ဖြစ်သွားပါပြီတဲ့ ဘယ်သူက ဘာသွားလုပ်ပေးမလဲ တိုက်တဲ့ ကားပဲဖြစ်ဖြစ် ဆိုင်ကယ်ပဲဖြစ်ဖြစ် ပစ်ပြေးသွားမှာပဲ သေတော့ ကိုယ့်ကလေးပဲ အသက် ဆုံးရှုံးရမှာပဲလေ.. ဒါတွေကို မိဘတွေက မသိတာလား. မသိချင်ယောင် ဆောင်နေတာလား.. သိသိကြီးနဲ့  ပိုက်ဆံ အလကားရအောင် လုပ်ခိုင်း ထားတာလား.. စဉ်းစားစရာပါပဲ...အဲလို ကလေးတွေဟာ နောင်တစ်ချိန်မှာ ပိုက်ဆံဆိုတာ တောင်းရင် ရတယ်ဆိုတဲ့ အသိစွဲသွားရင် ဘယ်လိုလုပ်မလဲ.. ကျွန်မ စဉ်းစားမိတယ်. ကလေးဆိုတာ ဘာမှ သိသေးတဲ့ အရွယ် မဟုတ်သေးပါဘူး.. ရှေ့ က မိဘတွေ လူကြီးတွေ ကိုယ့်အစ်ကို အစ်မတွေ လုပ်သလို အကုန် လိုက်လုပ်တက်တဲ့ အရွယ်လေးတွေပါ.. အဲလို အရွယ်လေးတွေကို ဘယ်လိုမိဘ မောင်နှမ သားချင်းတွေက အဲလိုအသိတွေ ပေးလိုက်တယ် မသိပါဘူး... စိတ်မချမ်းမြေ့ စရာပါပဲ...
ကျွန်မ စစ်ကိုင်းဘက် ဘုရားဖူး ထွက်တုံးကဆိုရင်.. မြသိန်းတံ ဘုရားမှာ ကလေးတစ်ယောက်က ဖယောင်းတိုင် လေးတွေကို လိုက်ရောင်းတာ တွေ့ ခဲ့ရတယ်. ကလေးလေးက အလွန်ချစ်စရာ ကောင်းပါတယ်.. စကား ပြောတာကလည်း ရည်မွန်လှတယ်.. ကျွန်မတို့  ဆရာကြီးက အဲဒီ့ကလေးကို ချစ်လို့ မုန့်ဖိုး ပေးတာ အဲဒီ့ ကလေးက မယူပါဘူး.. ဘာပြန်ပြောလည်းဆိုတော့ "မေမေက မှာထားတယ်.. သူများ အလကားပေးတာ မယူရဘူးတဲ့ ကိုယ့်လုပ်အားနဲ့ ကိုရတဲ့ပိုက်ဆံကိုပဲ ယူရမယ်တဲ့.. ဒါ့ကြောင့် ကျွန်တော်ရောင်းတဲ့ ဖယောင်းတိုင်သာ ဝယ်သွားပါတဲ့ "လေ.. ဘယ်လောက် ချစ်စရာကောင်းလိုက်လဲ.. အဲဒီ့ နှစ်ခုကို ယှဉ်ကြည့်လိုက်တော့ မိဘတွေရဲ့ ဆိုဆုံးမမှုဟာ သားသမီးတွေ အပေါ်မှာ အလွန် အရေးကြီးပါလား ဆိုတာ သိလိုက်မိတယ်... အဲလို မိဘမျိုးတွေ များများရှိနေပါစေလို့  စိတ်ထဲမှာပဲ ကြိတ်ဆုတောင်းနေမိပါတော့တယ်....

တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Monday, December 28, 2009

ပုပ္ပါးတောင် နှင့် ပုဂံခရီး



Christmas ပိတ်ရက်မှာ အိမ်မှာပဲ ဇိမ်နဲ့နှပ်မယ်လို့ စိတ်ကူးထားတုန်း မုံရွာက အခင်မင်ရဆုံး သူငယ်ချင်း တစ်ယောက်နဲ့ ညီမလေးတို့ ဇနီးမောင်နှံ အလည် လာမယ်ဆိုလို့ မနားရဘဲ ဘုရားဖူး လိုက်ပို့ဖို့ ဖြစ်လာပါတယ်။ နားရက် မရခဲ့ပေမဲ့ သူငယ်ချင်းနဲ့  ပြန်တွေ့ ရတော့ ပျော်ရွှင်ရပါတယ်။ အစတုံးက Christmas ပိတ်ရက်မှာ ပုဂံကို သွားမယ် စိတ်ကူးပေမဲ့ မသွားဖြစ်လိုက်ပါဘူး။ ကျွန်မတို့  ပခုက္ကူမြို့နယ် တွင်းရှိတဲ့ တန်ခိုးကြီး ဘုရားများဖြစ်တဲ့ ပခန်းဘုရား၊ ရွှေတန်းတစ်ဘုရား၊ သီဟိုဠ်ရှင် မြတ်စွာဘုရား၊ ရွှေမုတ်ဠော ဘုရားတို့ ကိုပဲ လိုက်ပို့ ပေးဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အံ့ဖွယ် ရွှေကူ တံကဲတော်ကြီး ကိုတော့ လိုက်ပို့  မပေးဖြစ်ခဲ့ပါဘူး။ Christmas နောက်နေ့ ကျမှ မနက် အစော ဇက်နဲ့ လက်ပံခြေပေါ် ဇက်ဆိပ်ကနေ ပုဂံကို ခရီးဆက် ခဲ့ကြပါတယ်။ ပုဂံမှာ ရွှေစည်းခုံ ဘုရားကို ဝင်ရောက် ဖူးမျှော်ပြီး၊ ပုဂံဘုရားထက် ပုပ္ပါးကို သွားချင်တဲ့အတွက် ပုပ္ပါးတောင်ကို အရင်သွား ဖြစ်ခဲ့ကြပါတယ်။ ပုပ္ပါးတောင် မရောက်ခင် တုရင်တောင် ဘုရားကို ဝင်ရောက် ဖူးမျှော်ခဲ့ကြပါတယ်။ တုရင်တောင် အတက်လမ်း မက်မက်ကို ဆိုင်ကယ် အရဲစွန့် စီးရတာလည်း ပျော်စရာ ကောင်းလှပါတယ်။ ကားနဲ့ တောင် မနဲတက်နေရတဲ့ ဒီတောင်ပေါ်ကို ဆိုင်ကယ်လေးနဲ့  တက်ရတယ် ဆိုတာကို သွားနေတုံး ဘယ်လိုမှ မဖြစ်ပေမဲ့ အပြန် အိမ်ရောက်တော့မှ လန့် နေမိတော့တယ်။ ပုပ္ပါးတောင်က တုရင်တောင်လောက် မမက်ဘူးဆိုပေမဲ့ တက်ရတာ ဘုရားတ နေရတာပါပဲ။ တောင်တက်လမ်းတွေ ချည်းဖြစ်နေတဲ့ ဒီခရီးကို သွားတုံးက ပျော်ခဲ့ပေမဲ့ ပြန်တွေးကြည့်မှ ကြောက်မိနေတော့တယ်။ ပုပ္ပါးတောင် ပေါ်တက်တော့ ကိုရွှေမျောက်တွေရဲ့  ရန်ကလည်း မနည်းရှောင် ရသေးတယ်။ အစာကျွေးမှန်း သိတော့ အနားကနေ မခွာဖြစ်နေတဲ့ ဒီ ကိုရွှေတော်တွေကို မနည်း မောင်းထုတ်ရပါတယ်။ ဝယ်လာခဲ့တဲ့ မုန့် တွေလည်း သူတို့  လုတာနဲ့ ပဲ ကုန်ရပါတော့တယ်။ တောင်ကလပ်လေးတောင် အသက်ရှူမှား နေတာတောင် တောင်မကြီးကို နောက်တစ်ခေါက် တက်ဖြစ်အောင် တက်မယ်လို့ မှန်းထားခဲ့မိပါသေးတယ်။ ကျွန်မ ညီမကတော့ တွဲကူမဲ့သူပါတော့ ကျွန်မတို့ ထက် ပိုမောပါတယ် :) ။ တောင်ပေါ် တက်တော့ ချွေးစို့ ပေမဲ့ တောင်ပေါ်ရောက်တော့ လေနုအေးလေး တွေကြောင့် လန်းဆန်း ရပါသေးတယ်။ ပုပ္ပါးတောင် ပေါ်ကနေကြည့်ရင် အိမ်သေးသေးလေးတွေပဲ မြင်ရပါတော့တယ်။
ကျွန်မတို့က ပုဂံဘုရားဖူးတင်ဆိုပြီး အိမ်ကနေထွက်လာခဲ့တော့ ပုပ္ပါးတောင်ကနေအပြန် (၃းဝဝ)နာရီရှိနေပြီ ဖြစ်တဲ့အတွက် ဘယ်လိုမှ ဇက်မမီနိုင်တော့ပါဘူး။ ဒါ့ကြောင့် စက်လှေနဲ့ ပဲသွားဖို့ ဆုံးဖြတ်ပြီး ပုဂံဘုရားကို ဆက်လက်ဖူး ခဲ့ကြပါသေးတယ်။ ဒါတောင် ဗူးဘုရား၊ အလိုတော်ပြည့်ဘုရား၊ အာနန္ဒာဘုရား ပဲရောက်ခဲ့ပါတယ်။ ကျွန်မတို့သွားတဲ့အချိန်က အာနန္ဒာဘုရားပွဲတော် ဖြစ်တဲ့အညီ ဘုရားဖူး ဧည့်သည်တွေလည်း များပြားလှပါတယ်။ ဆောင်းတွင်း ရာသီလည်းဖြစ်၊ ဒီဇင်ဘာ အားလပ်ရက်ရှည် ပိတ်ရက်လည်း ဖြစ်တဲ့အတွက် အနယ်နယ် အရပ်ရပ်က ဘုရားဖူး ဧည့်သည်တွေရော၊ နိုင်ငံခြားသား ဧည့်သည်တွေရော စည်ကားလှပါတယ်။ ပုဂံဝန်းကျင် ဘယ်ကြည့်ကြည့် အဖွဲ့ လိုက် ဘုရားဖူးတွေကို မြင်နေရမှာပါ။ ကျွန်မတို့ တွေအားလုံး ပျော်ရွှင်ခဲ့ကြပါတယ်။ စက်လှေကိုလည်း ဘုရားစာ အထပ်ထပ် ရွတ်ပြီး လိုက်ခဲ့ရတာတွေကိုလည်း မမေ့နိုင်ပါဘူး။ ဖုန် အရမ်းထူထပ်တဲ့ လမ်းတွေကို မမြင်မစမ်းနဲ့ ဆိုင်ကယ်မောင်း ရတာလည်း မမေ့နိုင်တော့ပါဘူး။ အိမ်ပြန် နောက်မကျနဲ့ အပြင်မှာ ဘာမှစားမလာနဲ့..စသည်ဖြင့် အထပ်ထပ် မှာလိုက်တဲ့ မေမေ့စကားကိုလည်း ကျွန်မတို့ အားလုံး မပယ်ရှားဝံ့တဲ့အတွက် ဘာမှမစားခဲ့ဘဲ ဗိုက်ဆာတဲ့ဒဏ်ကိုလည်း အားလုံး ခံစားရတာကိုလည်း မမေ့နိုင်တော့ပါဘူး...
ဘာပဲဖြစ်ဖြစ်.. ပုဂံ၊ ပုပ္ပါး၊ တုရင်တောင် ခရီးကတော့ဖြင့် မမေ့နိုင်တဲ့ ခရီးတစ်ခုပဲ ဖြစ်ပါတော့တယ်။ ဒီလိုရာသီဥတု၊ ဒီလိုအချိန်မှာ ဘုရားဖူးထွက်ရတာ ပျော်စရာ အလွန်ကောင်းပါတယ်။ ပုဂံ ဘုရားတွေ အကြောင်း၊ ပုပ္ပါးတောင်အမြင့်၊ တုရင်တောင် ရာဇဝင် စတာတွေကို ဘာမှမသိလို့ ဘယ်လိုမှ မရေးပြ နိုင်ပါဘူး။ အဲ့ဒီအတွက် တောင်းပန်ပါတယ်။ နောက် ကြုံရင် သိလာခဲ့ရင် ထပ်ရေးပါအုံးမယ်။ အခုကတော့ ကျွန်မရဲ့ ခရီးသွား မှတ်တမ်း သေးသေးလေးပါပဲ။ ကျွန်မနေထိုင်တဲ့ ပခုက္ကူကို လာလည်ပါလို့ ဖိတ်ခေါ်ပါတယ်။ ပုဂံကို အလည်တစ်ခေါက် သွားချင်တယ် ဆိုရင်လည်း လိုက်ပို့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..
တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Friday, December 25, 2009

Merry Christmas 2009, Dec







တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Tuesday, December 15, 2009

လူတိုင်းအောင်မြင်ချင်ရင် A to Z ကို သတိရပါ

လူတိုင်း အောင်မြင်ချင်ကြပါတယ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘ၀တလျှောက် လုံးမှာ စသဖြင့် နေရာတိုင်းမှာ အောင်မြင်ချင် ကြပါတယ်။ အောင်မြင်ချင်ရင် A to Z ကို သတိရပါ တဲ့။ သူတို့တွေ ကတော့

Avoid negative sources, persons, places, things and habits.
အဆိုးမြင်တတ်တဲ့ အရင်းအမြစ်၊ လူတွေ၊ နေရာတွေ၊ အရာဝတုတွေနဲ့ အမူအကျင့်တွေကို ရှောင်ပါတဲ့။
Believe yourself.
ကိုယ့်ကိုယ်ကိုယုံကြည်ပါ။
Consider things from every angle.
အရာတိုင်းကို ရှုထောင့်စုံက စဉ်းစားတွေးတောပါ
Don’t give up and don’t give in
ဘယ်တော့မှ လက်မလျှော့ပါနဲ့ ပြီးတော့ အရှုံးမပေးပါနဲ့
Enjoy life today. Yesterday is gone and tomorrow may never come.
ပစုပ္ပန်မှာ ဘ၀ကို ပျော်အောင်နေပါ။ မနေ့က ကုန်လွန်ခဲ့ပြီး မနက်ဖြန်က ရောက်ချင်မှ ရောက်လာမှာပါ
Family and friends are hidden treasures, seek them and enjoy their values.
မိသားစုနဲ့ သူငယ်ချင်း ဆိုတာ ပုန်းကွယ် နေတဲ့ ရတနာ တွေပါ။ သူတို့ကိုတွေ့အောင် ရှာဖွေပြီး သူတို့ကို ကောင်းကောင်း တန်ဖိုး ထားပါ။
Give more than you planned to
စီစဉ်မှန်းထားတာထက် ပိုပေးပါ
Hang on to your dreams
အိပ်မက်များကို မြဲမြဲဆုပ်ကိုင်ထားပါ
Ignore them who try to discourage you
သင့်ကို စိတ်ဓာတ်ကျအောင်ကြိုးစားသူ၊ စိတ်ဓာတ်ကျစေသူများကို လျစ်လျူရှုပါ
Just do it
ရဲရဲသာလုပ်ပါ
Keep trying no matter how hard it seems, it may get easier
ဘယ်လောက်ခက်တယ်လို့ ထင်နေပါစေ၊ ဆက်ကြိုးစားနေပါ၊ ပိုလွယ်ကောင်းလွယ်နေပါလိမ့်မယ်
Love yourself first and most
ကိုယ့်ကိုယ်ကို ပထမဆုံးနဲ့ အများဆုံးချစ်ပါ
Make it happen
အဖြစ်ရှိအောင် အလုပ်လုပ်ပါ
Never lie, cheat or steal, always strike a fair deal
ဘယ်တော့မှ မလိမ်ပါနဲ့၊ မညာပါနဲ့၊ မခိုးပါနဲ့၊ အမြဲ တရားမျှတမှုရှိတဲ့ ဆက်ဆံရေးတစ်ခုကို တိုက်ယူပါ
Open your eyes and see things as they really are
သင့်အမြင်များကို ဖွင့်ထားပါ။ ပြီးတော့ အရာရာကို အမှန်အတိုင်းမြင်နိုင်ပါစေ
Practice makes perfect
လေ့ကျင့်ခြင်းသည်သာ အမှန်တကယ် ပြီးပြည့်စုံစေသည်
Quitters never win and winners never quit
လက်လျှော့သူ ဘယ်တော့မှ မအောင်နိုင်၊ အောင်နိုင်သူ ဘယ်တော့မှ လက်မလျှော့
Read, study and learn about everything important in your life
သင့်ဘ၀အတွက် အရေးကြီးသော အရာအားလုံးကို အမြဲ ဖတ်ပါ၊ လေ့လာပါ၊ သင်ယူပါ
Stop procrastinating
Take control of your own destiny
သင့်ပန်းတိုင်ကို သင်ကိုယ်တိုင် ထိန်းချုပ်ပါ
Understand yourself to better understand others
သူများကိုပိုနားလည်ဖို့အတွက် သင်ကိုယ်တိုင်ကို သင် ပိုနားလည်ပါစေ
Visualize it
စိတ်ထဲမှာ တံဆိပ်ခတ်နှိပ်ထားသလို ဓာတ်ပုံရိုက်ထားသလို စွဲမြဲနေပါစေ
Want it more than anything
ကိုယ့်ကိုယ်ကို နားလည်မှုကို အခြားအရာအားလုံးထက် ပို လိုချင်နေပါစေ
Xcellerate your efforts
ကိုယ့်အားထုတ်ကြိုးပမ်းမှုတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။
You are unique of all God’s creation, nothing can replace you
လောကမှာ ရှိတဲ့ သဘာဝတရားရဲ့ ဖန်တီးမှုတွေထဲမှာ သင်ဟာ အနှိုင်းမဲ့ဖြစ်တဲ့အတွက် သင့်ကို မည်သည့်အရာကမှ အစားထိုးလို့ မရနိုင်ဘူး ဆိုတာကို သတိရပါ။
Zero in on your target and go for it
သင့်ရည်မှန်းချက်ကို အာရုံစူးစိုက်ပါ။ ပြီးတော့ အဲဒါကိုရအောင် ရောက်အောင် သွားပါ။

တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Monday, December 7, 2009

Eagle Story

သိမ်းငှက် တစ်ကောင်ဟာ သက်တမ်း အမြင့်ဆုံး (၇၈)နှစ်အထိ အကြာကြီး နေနိုင်ဖို့အတွက် ၄င်းရဲ့သက်တမ်း တစ်ဝက်ကျော်ဖြစ်တဲ့ (၄၈)နှစ် ရောက်တဲ့အခါ ခက်ခဲတဲ့ Decision တစ်ခုကို ချရပါတော့တယ်။ သူ့ကိုယ်သူ ပြန်သုံးသပ် ကြည့်တဲ့အခါမှာတော့ လက်သည်းများဟာ ရှည်လွန်းလာလို့ သားကောင်ကို ဖမ်းကုပ်တဲ့အခါ ခဲယဉ်းလာပါတယ်။ ထိုးဆိတ်ဖို့ နှုတ်သီးဟာလည်း ရှည်လာတာနှင့်အမျှ ကွေးကောက် လာတာမို့ ရင်ဝကို ထိုးစိုက်လို့ လာပါတော့တယ်။ အတောင်တွေ ဟာလည်း လေးလံ လောက်အောင် သားမွှေးတွေ ထူထပ် လာတာကြောင့် ပျံသန်းဖို့ ခက်ခဲ လာပါတယ်။ ဒီသိမ်းငှက်ဟာ ဒါကိုပဲ စိတ်ပျက်နေရင် သက်တမ်း (၄၈)နှစ်နဲ့တင် ဘ၀ကို နိဂုံးချုပ်လည်း ရတာပါပဲ။ ဒါပေမယ့် ထိုင်ပြီးစိတ်ပျက် နေမယ့်အစား ခက်ခဲတဲ့စွန့်စားမှုကို စွန့်စားလိုက် ရတာကမှ ဒီတိုင်း အသေခံတာထက် မြတ်တယ်လို့ ခံစားလာရတယ်။ ဒီတော့ ပထမ စွန့်စားခန်းလေး စဖို့အတွက် အမြင့်ဆုံး ကျောက်တောင်တစ်ခုမှာ အသိုက်ကို ဆောက်ပါတယ်။ အသိုက်ထဲမှာ နှုတ်သီးကို ကျွတ်မထွက်မချင်း ကျောက်တောင်နံရံနဲ့ ဆောင့်ပြီး ရက်ပေါင်း (၁၅၀)ကြာအောင် နှုတ်သီးအသစ် ပြန်ပေါက်ဖို့အတွက် သည်းခံစောင့်ဆိုင်း နေပါတယ်။ အသစ် ပြန်ပေါက်လာတဲ့ နှုတ်သီးနဲ့ ဒုတိယ စွန့်စားခန်းအတွက် နှုတ်သီးသစ်နဲ့ ၄င်းရဲ့ လက်သည်းရှည် တွေကို တစ်ချောင်းချင်း ဆွဲနှုတ်ပြန်ပါတယ်။ တစ်ဖန် လက်သည်း အသစ်တွေ ထွက်လာတဲ့ အခါမှာတော့ အတောင်မှာရှိတဲ့ လေးလံလှတဲ့
Featherတွေကို တစ်ချောင်းချင်း ဆွဲနှုတ်လိုက်ပါတယ်။ (၅)လကြာပြီး ချိန်မှာတော့ Feather အသစ်တွေ အစုံထွက်လာတဲ့ အခါမှာတော့ ပေါ့ပါး သစ်လွင်လှတဲ့ နှုတ်သီး၊ လက်သည်း နဲ့ သားမွှေးတွေက သိမ်းငှက်တစ်ကောင်ကို
နောင်အနှစ် (၃၀)အထိ ထပ်ပြီးနေသွားနိုင်အောင် ဘ၀သစ်ကို ခေါ်ဆောင် သွားပါတော့တယ်။


ဒီလိုပါပဲ ကျွန်တော်တို့ အသက်ရှင် နေထိုင်နေတဲ့ လောကကြီးထဲမှာ နှုတ်သီး၊ လက်သည်း၊ အမွှေး အတောင် တွေနဲ့တူတဲ့ မိမိကိုယ်ကို ပြန်စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံလာရတဲ့ အခါမှာတော့ ဒီအတိုင်း စိတ်ပျက်လက်မှိုင်ပြီး သူများကို
အပြစ် ထိုင်တင်နေမယ့်အစား Painful Process ကိုရအောင်ဖြတ်ပြီး ကိုယ်တိုင် ပြောင်းလဲနိုင်မှ ဘ၀သစ်ကို ရရှိ ခံစားနိုင် ကြမှာပါ။ ဒီဘ၀သစ် တစ်ခု စဖို့အတွက် ခက်ခဲတဲ့ ပြောင်းလဲမှုတွေကို ကိုယ်တိုင် ရင်ဆိုင် ပြောင်းလဲနိုင်မှ၊ ကျွန်တော်တို့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အကျင့်ဆိုး၊ စရိုက်ဆိုး (Old habit, Old tradition) တွေကို စွန့်ပစ်နိုင်မှ ဘ၀သစ်ကို ပြန်သွားနိုင်မှာပါ။ နောက်ထပ် သက်တမ်းကြာကြာ ဆက်လက် ရပ်တည်နိုင်ဖို့အတွက် Idea အသစ်တွေကို
လက်ခံပြောင်းလဲနိုင်ရပါမယ်။ အကျင့်ဆိုးဆိုတဲ့ စိတ်အမှိုက်တွေကို လွှင့်မပစ်ဘဲ ဆက်လက် သိမ်းဆည်း ထားရင်တော့ မိမိကိုယ်မိမိ ညှဉ်းဆဲပြီး အသေခံတာနဲ့ အတူတူပါပဲ။ လူတိုင်းမှာ ကိုယ်တိုင် မသိနိုင်တဲ့ အတွင်းစိတ်အား Inner Potential တွေ ရှိကြပါတယ်။ မသိကြတာက ခက်တာပါ။ တစ်ကယ် ဒီစိတ်ကို ဆွဲထုတ် အသုံးချ နိုင်တဲ့သူကလည်း မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်။ Today is for Tomorrow. Yesterday for Today. ကိုယ့် Habit ကို ကိုယ် Change နိုင်ရင် ကိုယ့်အတွက် Result ပါပဲ။ ကိုယ့်ကိုယ်ကို အရင် ပြောင်းလဲကြည့်ပြီး သူများတွေကလည်း မိမိ ပြောင်းလဲလာကြောင်း အသိအမှတ် ပြုလာကြရင် သင့်ရဲ့ဘ၀လည်း ပြောင်းလဲသွားမှာပါ။ အဟောင်းထဲမှာပဲ ၀ဲလည် နေကြမယ့်အစား ပြောင်းလဲတာပဲ ကောင်းပါတယ်။ စိတ်ကို ဖွင့်လိုက်ပါ။ အတိတ်ကို မေ့လိုက်ပါ။ ရင်ထဲမှာ အစိုင်အခဲ မထားပဲ ချေဖျက်ဖို့အတွက် တောင်းပန်သင့်တာကို တောင်းပန်လိုက်ပါ၊ ၀န်ခံစရာ ရှိတာကို ရဲရဲ ၀န်ခံလိုက်စမ်းပါ။ ပြောင်းလဲစရာ ရှိတာကိုလည်း နောက်လှည့် မကြည့်စတမ်း ပြောင်းလဲပစ်စမ်းပါ။ သိမ်းငှက်လို နှုတ်သီးသစ်၊ လက်သည်းသစ်၊ အတောင်ပံသစ်တွေနဲ့ ပေါ့ပါးလွတ်လပ်စွာ ဟိုးအမြင့် စိတ်ရှိရာကို ပျံသန်းလိုက်ကြပါ။ ကျွန်တော်အကြိုက်ဆုံး "Secrets of the Millionaire Mind" စာအုပ်ထဲက စာသားလေးနဲ့ အဆုံးသတ် လိုက်ပါရစေ။
ဒီစာကို ဖတ်ကြတဲ့ သူငယ်ချင်း အပေါင်း စိတ်ဓာတ်ခွန်အားတွေ ရရှိနိုင်ကြပါစေခင်ဗျာ...။


"If you want to change the fruits,
You will first have to change the roots."
"If you want to change the visible,
You must first change the invisible."

ဒီစာလေးက ကျွန်မဆီကို Forward Mail ကနေရောက်လာတဲ့ စာပါ၊ ကျွန်မတို့ လူသားတိုင်း စိတ်ခွန်အား တိုးတက်စေချင်တဲ့ ဆန္ဒနဲ့ ဖြန့်ဝေပေးလိုက်တာပါ..ဒါလေးကို ဖတ်မိတော့ ကျွန်မတို့ ငယ်ငယ်တုံးက သင်ခဲ့ရတဲ့ "ထိပ်ဆုံးသို့" ကဗျာလေးကို သွားအမှတ်ရမိတယ်.. အဲဒီ့ကဗျာလေးကို သူငယ်ချင်းတို့ ပြန်အမှတ်ရစေဖို့ ဖော်ပြပေးလိုက်ပါတယ်....


"ထိပ်ဆုံးသို့"
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။
တစ်တောင်ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တစ်ကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိတာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတစ်သွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။ ။

တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Friday, December 4, 2009

ညီမလေး

ညီမလေးရေ... စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်း မကျနိုင်တဲ့ အခြေအနေမှာ လက်တွေ့ ဘ၀ထဲကိုပဲ ပြန်သွားမိတာ ညီမလေး အပြစ်မတင်နဲ့နော်. ညီမလေးနဲ့ ကိုကိုနဲ့က မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလိုပဲ ဘယ်တော့ဆုံမလဲ စောင့်မျှော်ရင်းနဲ့ပဲ ဝေးကွာခဲ့ပြီ.. ဒါပေမဲ့ ကိုကို ကျေနပ်ပါတယ် ညီမလေးရယ် .. ကိုကိုတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် မပြတ်နိုင်တဲ့ အချစ်တွေနဲ့ ချစ်ခဲ့ကြတာကိုတော့ ဘယ်တော့မှ မေ့နိုင်မယ် မထင်တော့ပါဘူး.. ကိုကို့စိတ်ထဲမှာ ညီမလေး အမြဲတမ်း ရှိနေတယ်ဆိုတာ ယုံပါ.. ကိုကိုနဲ့ညီမလေး ချစ်ခဲ့ကြတဲ့ ကာလက တိုတောင်းလွန်းလှပေမဲ့. ကိုကို ညီမလေးကို သိပ်ချစ်တယ်ဆိုတာ ညီမလေးယုံပါနော်..တစ်ကယ်တော့ ကိုကိုနဲ့ ညီမလေးက ဆိုင်သူတွေကိုယ်စီရှိနေရဲ့နဲ့ တစ်ယောက်နဲ့တစ်ယောက် အပျောက်မခံနိုင်လောက်အောင် ချစ်မိသွားတာ ယုံနိုင်စရာမရှိဘူးနော်. ကိုကိုတို့ချစ်သူနှစ်ယောက်ကို ဘယ်သူကမှ ချစ်သူတွေလို့ မထင်သလို ဘယ်သူမှမသိဘဲ လူမသိသူမသိ ကွဲကွာသွားကြတာ ၀မ်းနည်းလို့မဆုံးဘူး.. ကိုကိုက ယောက်ျားတစ်ယောက်အနေနဲ့ မျက်ရည်ကျရလောက်အောင် ချစ်ခဲ့မိတာ ညီမလေးတစ်ယောက်ပဲ ရှိတယ်ဆိုတာယုံပါ... ပထမဆုံးအချစ်မဟုတ်ခဲ့ပေမဲ့ အချစ်ဆုံးဖြစ်ခဲ့ပါတယ်.. (၂၁-၁၁-၀၉) မှာ ချစ်သူတွေဖြစ်ပြီး (၄-၁၂-၀၉) မှာ လမ်းခွဲစကားပြောလိုက်ရတာ.. ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ.. မချစ်တော့လို့မဟုတ်ဘဲနဲ့ ချစ်နေရဲ့နဲ့ ဝေးကွာရတာ အဆိုးဆုံးပဲ ညီမလေးရယ်.. ဝေးကွာခြင်းရဲ့နောက်မှာ ဆုံမှတ်တစ်ခုရှိနေသေးတယ်ဆိုရင်လည်း မျှော်လင့်လို့ရနိုင်ရဲ့. အခုတော့ညီမလေးရယ်... ဘယ်လိုပဲ ဝေးကွာပါစေ.. ဘယ်လိုပဲ မတွေ့ရပါစေ.. ညီမလေးကို ကိုကိုအမြဲတမ်းချစ်နေတယ်ဆိုတာတော့ ယုံထားပေးပါညီမလေးရယ်.. ကိုကို .. ညီမလေးကို အရမ်းချစ်တယ်.....



တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Sunday, November 22, 2009

မှတ်မိသမျှ ဆင်တဲခရစ္စမတ်ည

နောက်လဆိုရင် ဒီဇင်ဘာလထဲကို ရောက်တော့မယ်. ခရစ္စမတ်အတွက် ရင်ခုန်နေကြသူတွေရှိသလို ပျော်ကြမဲ့သူတွေလည်း ပုံအောနေမှာပဲ.. ကျွန်မငယ်ငယ်တုံးက ကြုံခဲ့ရတဲ့ ခရစ္စမတ်ကို သွားသတိရမိတယ်.. ဆင်တဲမြို့လေးရဲ့ တိတ်ဆိတ်နေတဲ့ ညအချိန်မှာ အုပ်စုဖွဲ့ လူငယ်၊ လူကြီး၊ လူလတ် အရွယ်လေးတွေ ခရစ္စမတ်သီချင်းလေးတွေနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ပြီး ကောင်းချီးမင်္ဂလာပေးကြတယ်. ကျွန်မတို့ညီအစ်မ(၃)ယောက်လုံး အဲဒီ့အချိန်ဆိုရင် အရမ်းပျော်တယ်. လာပြီး သီချင်းဆိုတဲ့သူတွေကိုလည်း မုန့်ကျွေးသလို ကျွန်မတို့တွေလည်း မုန့်တွေစားရတယ်လေ. နောက်ပြီး ကောင်းချီးပေးတဲ့ အဖွဲ့ကို မုန့်ကျွေးရင်၊ မုန့်ဖိုးပေးရင် သူတို့တွေက သီချင်းလေးတွေနဲ့ ထပ်ပြီး ဒီအိမ်မင်္ဂလာ ကျက်သရေအပေါင်း ပြည့်စုံပါစေဆိုပြီး ကောင်းချီးပေးကြတယ်. အရမ်းနားထောင်လို့ကောင်းတယ်... ကျွန်မငယ်ငယ်ကတွေးမိတယ် သိလား. ခရစ္စမတ်သီချင်းတွေ ဆိုချင်လိုက်တာလို့... ဒါဆိုရင် ခရစ္စယာန်တစ်ယောက်ဖြစ်ရမယ်ထင်တယ်နော်. သူတို့သီချင်းလေးတွေက အခုအချိန်ထိ အမှတ်တရရှိနေဆဲပါပဲ.. ဆင်တဲမြေက ခွဲခွာပြီးနောက်ပိုင်း အဲလိုမျိုး တစ်ခါမှ ထပ်မကြုံတော့ဘူးလေ....အခုအချိန်ထိရော အဲလိုမျိုးတွေ ရှိနေသေးလား....



တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Monday, November 2, 2009

ကျွန်မတို့မြို့က တန်ဆောင်တိုင်

တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် မြို့အသီးသီးမှာ တန်ဆောင်တိုင် ပွဲတော်ကို ကျင်းပကြမြဲ ဖြစ်ပါတယ်. တောင်ကြီးမှာဆိုရင် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်. ပြည်မြို့မှာဆိုရင် ပြည်ရွှေဆံတော် ဘုရားပွဲတော်.. စသည်ဖြင့် အသီးသီး ကျင်းပပြီး ပျော်ကြရွှင်ကြတယ်. ကျွန်မနေထိုင်တဲ့ မြို့ကတော့ တစ်ခြားမြို့တွေနဲ့ မတူဘူးလို့ ထင်မိတယ်. ကလေးတွေ လူငယ်တွေရော လူလတ်ပိုင်းပါ မကျန် ကိုယ်နဲ့ ရင်းနှီးသူတွေ ဆီကနေ မုန့်ဖိုးတောင်းပြီး ညဘက်မှာ ချက်ပြုတ်စားကြ၊ မုန့်ဝယ်စားကြနဲ့ ပျော်စရာကောင်းပါတယ်..ကလေးတွေကလည်း ကိုယ့်အဖွဲ့နဲ့ကို စုပြီး ငွေဖလားတွေကိုင် တစ်အိမ်ဝင် တစ်အိမ်ထွက် မုန့်ဖိုးလည် တောင်းကြ၊ မုန့်ဝယ်စားကြနဲ့ ပျော်ရွှင်ကြပါတယ်. တစ်ချို့ လူလတ်ပိုင်း အရွယ်တွေဆိုရင် ကာရာအိုကေ ၀ိုင်းတွေဖွဲ့ပြီး တစ်လမ်းဝင် တစ်လမ်းထွက် သီချင်းလိုက်ဆိုပြီး မုန့်ဖိုးတောင်းကြသတဲ့. ညမိုးချုပ်လို့ လမ်းသွား လမ်းလာတွေ သိပ်မရှိတော့တဲ့ အချိန်ဆိုရင် သူ့အိမ်ကပစ္စည်း ကိုယ့်အိမ်ပို့ ကိုယ့်အိမ်က ပစ္စည်း သူ့အိမ်ပို့နဲ့ လူငယ် လူရွယ် လူလတ်တွေ အလုပ်ရှုပ် ကြပါသေးတယ်. ဒီလိုမျိုး ဓလေ့တွေကို ကျွန်မတို့မြို့မှာပဲ တွေ့နိုင်မယ် ထင်တယ်. တစ်ခြားမြို့တွေက ပြောင်းလာတဲ့ သူတွေဆိုရင် ကျွန်မတို့ မြို့အထာကို မသိကြတော့ တစ်မျိုးတစ်မည် မြင်တတ်ကြပါတယ်. နောက်တော့ နှစ်နည်းနည်းကြာလာမှ သူတို့တွေလည်း အထာကျ လာကြပါတော့တယ်. ဒီလိုအလေ့အထလေးတွေနဲ့ ကြုံဖူးချင်ရင်တော့ ကျွန်မနေထိုင်ရာ မြို့ကို လာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်.. :)


တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Wednesday, October 14, 2009

အလွမ်းများ

ဆင်တဲကနေဝေးကွာခဲ့တာ နှစ်ကာလအားဖြင့် (၁၆)နှစ်လောက်ရှိတော့မယ်.. ဘယ်တော့မှလည်း မမေ့နိုင်ခဲ့ပါဘူး.. နောင်လည်း မေ့နိုင်မယ်မထင်တဲ့ နေရာလေးပါ... `ဖေဖေ´ ရှိနေတယ်ဆိုတဲ့ အသိလေးနဲ့တင် လွမ်းတဲ့စိတ်ကလည်း ထိန်းလို့မရနိုင်ခဲ့ပါဘူး.. ငယ်ငယ်က ကြောက်ခဲ့ရတဲ့.. Gust Houst နားလေးက ဥရှစ်ပင်ကြီးရယ်... အိမ် ခြေရင်းမှာရှိတဲ့ သစ်ပင်ကြီးရယ်.. ရှစ်ထောင်တန်လိုင်းဘက်ကိုသွားတဲ့ ကုန်းမြင့်ကြီးရယ်... သိမ်ကုန်းဘုရားသွားတဲ့ လမ်းမြှောင်လေးရယ်... အခုထက်ထိ အိမ်မက်ထဲမှာ လာခြောက်လှန့်နေတုံးပဲ.... ဘယ်တော့မှ မမေ့နိုင်တဲ့ သိမ်ကုန်းဘုရားမှာ လုပ်တဲ့ အလှူပွဲတွေရယ်... စာသင်ခဲ့ရတဲ့ အထက၊ဆင်တဲ ကျောင်းတော်ကြီးရယ်... စက်ဘီးလျှောက်စီးခဲ့တဲ့ ကွန်ကရစ်လမ်းတွေရယ်... တပ်မတော်နေ့နီးရင် ပစ်ဖောက်ခဲ့တဲ့ မီးရှူးမီးပန်းတွေရယ်(အခုထိ အဲလောက်လှတဲ့မီးပန်းတွေ မတွေ့တော့ဘူး)...ရွာသစ်လမ်းတွေရယ်.. ဗွီဒီယိုရုံတွေရယ်... သူငယ်ချင်းတွေရယ်.. ဆရာ၊ ဆရာမတွေရယ်.. မမေ့နိုင်စရာ အလွမ်းတွေနဲ့ အခုထိ ဆင်တဲကို လွမ်းဆွတ်တမ်းတနေတုံးပါပဲ.. ... ဟိုးအရင်က နေရာလေးတွေကို သတိရနေတုံးပဲ....အခုနေ ရောက်ခဲ့ရင် မှတ်မိနိုင်ပါတော့မလား... ပြောင်းလဲနေပြီဆိုရင်လေ... ဘယ်အချိန် ဘယ်ကာလမှာ ပြန်ရောက်မယ်မသိပေမဲ့ .......


တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

သူငယ်ချင်း

သူငယ်ချင်းရေ...
ရက်မှ လပြောင်း
လမှ နှစ်တိုင်
ဘယ်တော့မှ မမေ့ခဲ့ဘူး..
ဝေးကွာခြင်းရဲ့နောက်မှာ
ဆုံမှတ်တစ်ခုတော့ ရှိနေမှာပါ...
မဝေးတော့တဲ့ ကာလတစ်ခုအတွက်
ငါ......
သတိရခြင်းတွေကို ထွေးပိုက်လို့....
တွေ့ဆုံခြင်းဆိုတဲ့ `ဆုံမှတ်´ ကို....
လှမ်းနိုင်ဖို့ ကြိုးစားနေတယ်...
ဆုံတွေ့ပါရစေ...
သူငယ်ချင်းရယ်....

တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)

Tuesday, September 29, 2009

မြန်မာ့အလှ ပုဂံ

ပုဂံကို အလည်လာဖို့ စိတ်ကူးရှိနေတယ်ဆိုရင်. ပုဂံအကြောင်းကို ကြိုသိထားဖို့  လိုအပ်တာပေါ့နော်.. ပုဂံဆိုတာ ဘယ်တော့မှ ရိုးမသွားတဲ့ နေရာလေးတစ်ခုပေါ့... မြန်မာမှန်ရင် မြန်မာတိုင်း သတိရအောက်မေ့တဲ့ နေရာလေးတစ်ခုလေ.. ပုဂံကို လာဖို့  အစီအစဉ်ရှိတဲ့သူတိုင်း ဒီနေရာ လေးမှာ အရင်လေ့လာနိုင်ပါတယ်..

တင်ဆက်သူ - ice ကော်ဖီ

သီချင်းကောင်းကောင်းလေးတွေ နားဆင်နိုင်ဖို့ 

သူငယ်ချင်းတို့  အဖြူရောင်သံဇဉ်က သီချင်းလေးတွေကို နားထောင်ရတာ ပျင်းလာလို့  ကိုယ်ကြိုက်တဲ့ သီချင်းကို နားထောင်ချင်တယ်ဆိုရင် အခု ပေးထားတဲ့ Link လေးကို ကလစ်လိုက်နော်.. မိမိနှစ်သက်တဲ့ သီချင်းလေးတွေကို ခံစားနားဆင်နိုင်တယ်.. ကြိုက်လွန်းလို့  ကိုယ်ကွန်ပျူတာမှာ သိမ်းထားချင်တယ်ဆိုရင်လည်း အလွယ်တကူ dl လုပ်လို့ လည်းရသေးတယ်နော်...
သီချင်းကောင်းလေးများ

ice ကော်ဖီ

Tuesday, September 22, 2009

ပန်းကြာဝတ်မှုန်ကဗျာတစ်ပိုင်း

သူ့ ကိုမြင်လျှင်
ရင်ဒိတ်ဒိတ်တိုး၊ တစ်မျိုးရိုး
စိုးထိတ်ဖွယ်လည်း၊ မရှိဘဲနှင့်
တင်းဆဲဝှက်ကြောက်၊ တုန်ယင်တတ်သည်.....

ဆရာမကြည်အေးရဲ့ ကဗျာတစ်ခုပါ.. အဲဒီ့ကဗျာပိုဒ်လေးကို ဖတ်မိတော့ အရမ်းသဘောကျမိတယ်.. ဒီစာပိုဒ်လေးကို ခင်ခင်လေး ရေးတဲ့ ပန်းကြာဝတ်မှုန် ဆိုတဲ့ စာအုပ်ထဲက ကူးထားတာပါ... ကိုယ်ချစ်နေတဲ့သူကို မြင်နေရရင် ဖြစ်တတ်တဲ့ သဘောလေးတစ်ခုပါ... ပျော်ရွှင်ကြပါစေ...
ice ကော်ဖီ