Showing posts with label ရီစရာဟာသ၀ိုင်း. Show all posts
Showing posts with label ရီစရာဟာသ၀ိုင်း. Show all posts

Friday, December 4, 2009

အားငယ်တာပေါ့

တစ်နေ့ ဆင်တဲဇက်ဆိပ်ကအရက်ဆိုင်ထဲမှာ
လူမိုက်ရုပ်နဲ့ လူကြီးတစ်ယောက်အရက်သောက်နေတယ်။
ခဏကြာတော့
လူကြီးကစားပွဲခုံကိုဝုန်းခနဲထုရင်း
ဟေ့...ဒီဆင်တဲကိုတစ်ယောက်တည်းလာခဲ့တာကွ။
ပြီးအရက်ဆက်သောက်တယ်။
ဆိုင်ထဲကလူတွေလဲလူကြီးကိုကြည့်ပြီး
အသံတွေတိတ်သွားတယ်။
ခဏကြာတော့
စားပွဲကိုထုပြီးထပ်အော်ပြန်တယ်။
ဟေ့...ဆင်တဲကိုတစ်ယောက်တည်းလာခဲ့တာကွ။
အဲဒီအချိန်မှာပဲဆင်တဲကလူမိုက်တစ်စုဆိုင်ထဲဝင်လာတယ်။
လူမိုက်တစ်ယောက်ကလူကြီးဆီသွားပြီးမေးတယ်။
ဆင်တဲကိုတစ်ယောက်တည်းလာတော့ဘာဖြစ်လဲ။
အဲဒီတော့လူကြီးက
ဆင်တဲကိုတစ်ယောက်တည်းလာတော့
...အားငယ်တာပေါ့...

တင်ဆက်သူ.....blackကော်ဖီ

လွယ်လွယ်လေး

စက္ကရီထေရီအသစ်ခန့် ပြီးကတည်းက
မင်းယောက်ကျားအိမ်ပြန်တာနောက်ကျတယ်ဆို။
အင်း...
ဒါနဲ့ ပြောပါဦးခုဘယ်လိုလုပ်လိုက်လို့ 
အိမ်ကိုပုံမှန်ထက်စောစောပြန်လာရတာလဲ
နည်းလေးပေးပါဦး။
သြော်...သူ့ စက္ကရီထေရီထက်ချောတဲ့
အိမ်ဖော်မလေးခေါ်ထားလိုက်တယ်လေ။

မော်ဒန်သတင်းဂျာနယ်မှဟာသလေးပါ။
တင်ဆက်သူ.....blackကော်ဖီ

စေတနာ

ပွဲစားကြီးကကုန်သည်ကြီးကို
ကျွန်တော်ခင်ဗျားကိုလိမ်ပြောမိတာတွေ
တွေးမိတိုင်းညညဆိုတော်တော်နဲ့ အိပ်မပျော်ဘူးဗျာ။
ဒီတော့ကုန်သည်ကြီးက
လိမ်ပြောထားတာတွေဖွင့်ပြောလိုက်ပေါ့ဗျာ။
ဟာ...အဲဒီလိုပြောလိုက်ရင်
ခင်ဗျားတစ်ညလုံးမအိပ်နိုင်ဘဲဖြစ်သွားမှာပေါ့။

မော်ဒန်သတင်းဂျာနယ်မှဟာသလေးပါ။
တင်ဆက်သူ.....blackကော်ဖီ

ဖြစ်နိုင်ခြေ

ပွဲစားကြီးလင်းမယားစားသောက်ဆိုင်မှာစားသောက်နေကြရင်း
စားပွဲပေါ်မှာရှိတဲ့ယင်ကောင်တွေကိုကြည့်ပြီးပွဲစားကြီးက
ဒီယင်ကောင်ကအထီးကွ
ဟိုယင်ကောင်ကအမ
မောင်ဘယ်လိုလုပ်သိသလဲ
ဒီယင်ကောင်ကဘီယာခွက်ပေါ်နားတယ်လေ
ဟိုယင်ကောင်ကတယ်လီဖုန်ပေါ်နားနေလို့ 
ဒါဖြင့်မောင့်ပိုက်ဆံအိတ်ပေါ်နားနေတဲ့ယင်ကောင်ကရော
ယင်ကောင်ယောက္ခမကြီးပဲဖြစ်မှာပေါ့ကွာ။

မော်ဒန်သတင်းဂျာနယ်မှဟာသလေးပါ။
တင်ဆက်သူ.....blackကော်ဖီ

Wednesday, October 28, 2009

နောင်တ

မင်းဒီမကောင်းတဲ့အရက်တွေသောက်လာပြန်ပြီလား။
ဒီအရက်ကမင်းကိုဘာကောင်းကျိုးပေးမှာလဲ။
ကျန်းမာရေးကိုလည်းထိခိုက်မယ်။ပတ်ဝန်းကျင်ကလည်းအထင်သေးမယ်။
ဒါကြောင့်ဒီမကောင်းတဲ့အရက်တွေမသောက်ပါနဲ့ လို့ ပြောနေရတာ။
မင်းကလူကြီးစကားကိုနားမထောင်ဘူး။
ထိုအခါသားဖြစ်သူက...
ဟုတ်ကဲ့အဖေသားနောင်တရပါပြီ။
ဒါကြောင့်ကျန်းမာရေးလည်းမထိခိုက်အောင်၊
ပတ်ဝန်းကျင်ကလည်းအထင်မသေးအောင်
ဒီနေ့ ကစပြီးမကောင်းတဲ့အရက်တွေမသောက်တော့ပါဘူး။
အကောင်းစားအရက်တွေပဲဝယ်သောက်ပါတော့မယ်။

တင်ဆက်သူ....blackကော်ဖီ

Sunday, October 18, 2009

ကိုရွှေထူး (ပြည်) ရဲ့ ကာတွန်းများ

သွားရင်းလာရင်း ရှာရင်းဖွေရင်း တွေ့ တာလေးတွေကို သူငယ်ချင်းတွေအတွက် ပျော်တော်ဆက်လိုက်ပါတယ်ဗျာ........


်




ဒါကတော့ ဘယ်သူလည်း သိဘူးဗျ...........း)) (အထောင်းခံရမှာ စိုးလို့  သိဘူးပြောတာ........)


from; zaw minn oo`s blog

တင်ဆက်သူ - ကျဆိမ့်(ဆင်တဲကဖေး)

Monday, October 5, 2009

အချစ်ဆုံး

မိန်းမ.........ရှင်ကျွန်မကိုတကယ်ချစ်ရဲ့ လား။

ယောင်္ကျား...တကယ်ချစ်တာပေါ့မိန်းမရာ။

မိန်းမ.........ရှင်မလိမ်နဲ့ နော်။

ယောင်္ကျား...တကယ်ပါမိန်းမရာ။
ဒါကြောင့်လည်းအခုလက်ရှိတွဲနေတဲ့ကောင်မလေးတွေကိုအပြတ်ပြောပြီးသား။
ငါ့မိန်းမကိုအချစ်ဆုံးဒါကြောင့်ကွာမပေးနိုင်ဘူးလို့ ။

တင်ဆက်သူ.... black ကော်ဖီ

အွန်လိုင်း

ငါရောက်တာတစ်နေကုန်တော့မယ်။အခုထိငါ့မြေးမျက်နှာမမြင်ရသေးပါလား။

ခေါ်ထားတယ်အမေရေ...အမေ့မြေးကအွန်လိုင်းပေါ်ရောက်နေရင်ဘာကိုမှသတိမရတော့ဘူး။

ဟဲ့..ဟဲ့..ဘယ်ပေါ်တွေလျှောက်တက်နေတာတုန်း....

အဲဒီအွန်လိုင်းပေါ်ခဏခဏတက်မနေနဲ့ ပြုတ်ကျမယ်လို့ သတိပေးလိုက်အုံး။
တင်ဆက်သူ....blackကော်ဖီ

မည်းတာမဟုတ်ဘူး

ယောင်္ကျား...တောက်ငါ့သားများဒင်းက....ဟင်း...

မိန်းမ.........ဘာဖြစ်လာပြန်ပြီလဲ။

ယောင်္ကျား...ဘာဖြစ်ရမှာလဲ...ဟိုဘက်ခြံကကောင်ပေါ့။

................ငါ့သားကိုများအသားမည်းသလေးဘာလေးနဲ့ ။

မိန်းမ.........ဟင်...တော်ကဘာမှပြန်မပြောခဲ့ဘူးလား။

ယောင်္ကျား...ဘယ်နေမလဲကွာ။ဟေ့ကောင်...မင်းမတရားမပြောနဲ့ ငါ့သားအသားကမည်းတာမဟုတ်ဘူး...နက်တာကွ...နက်တာလို့ ပြန်ပြောခဲ့လိုက်တယ်။
တင်ဆက်သူ....blackကော်ဖီ

ငွေပဲလိုတယ်

လူတစ်ယောက်နိုင်ငံခြားတွင်အလုပ်လုပ်ရန်အတွက်ပွဲစား(agent)ဆီလာစုံစမ်းတယ်။

အန်ကယ်...ကျွန်တော်နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ ဘာတွေလိုအပ်မလဲ။

သြော်နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ လား။

ဟုတ်ကဲ့....

မလိုဘူး....ဘာမှမလိုဘူး....ငွေပဲလိုတယ်။
တင်ဆက်သူ.....blackကော်ဖီ

သူဌေးကြီး

ဆရာကကျောင်းသားများအား.....

မင်းတို့ သူဌေးကြီးဖြစ်ရင်ဘာလုပ်မလဲ။

ကျောင်းသားများတစ်ယောက်တစ်ပေါက်ဝိုင်းပြောကြတယ်။

မောင်ဘိုကြီးမင်းဘာလို့ မဖြေတာလဲ။

ကဲမင်းပြောပါဦး။မင်းသူဌေးကြီးဖြစ်ရင်ဘာလုပ်မလဲ။

ဘိုကြီး....ခဏစဉ်းစားရင်း

ကျွန်တော်သူဌေးကြီးဖြစ်မှဆက်ပြောကြတာပေါ့ဆရာ.....

တင်ဆက်သူ.....blackကော်ဖီ

Wednesday, September 30, 2009

သူကြီး

ဟေ့...အိမ်ရှေ့ကဘယ်သူလဲ...

ငါသူကြီးဟေ့အိမ်လည်လာတာ။

သြော်သူကြီးလား။

ဒါနဲ့ မရိုမသေသူကြီးရေ

ခွေးလေးတချက်လောက်မောင်းပေးပါဦး။

ဒီမှာထမင်းစားနေလို့ ။
တင်ဆက်သူ...blackကော်ဖီ

Sunday, September 6, 2009

ရီကြမယ် ( ဟာသလေးပါ..)

ညအလုပ်ဆင်းပြန်လာတဲ့ ​ကောင်မ​လေးတ​ယောက်ရဲ့  ​နောက်မှာလူတ​ယောက် ကပ်ပါလာတယ်။ဒါကို​ ကောင်မ​လေးသတိထားမိပြီး လန့် ​နေမိတယ်။ဖြစ်ချင်​တော့ အပြန်လမ်းမှာ သချိုင်းတခုကို ဖြတ်ရတယ်။ကောင်မ​လေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတခု​ရှေ့ ရပ်လိုက်တယ်။အဲ့ဒီ​နောက် ဂူကိုလက်နဲ့ ပုတ်ပြီး " အ​ဖေ..အ​ဖေ ..သမီးပြန်လာပြီ..တံခါးဖွင့်​ပေးအုန်း "လို့ ​ပြောလိုက်တယ်။နောက်မှာပါလာတဲ့လူက ကောင်မ​လေးစကား​ကြောင့် ​ကြောက်လန့် ပြီး ထွက်​ပြေးသွားတယ်။ထွက်​ပြေးသွားတဲ့ လူကိုကြည့်ပြီး ကောင်မ​လေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်က​နေ အသံတသံ ထွက်လာတယ်။" သမီးကလဲ ​သော့ယူသွားဖို့  ​မေ့ခဲ့ပြန်ပြီလား ." .အသံ​ကြောင့် ကောင်မ​လေး ဂူရှေ့ က​နေထွက်​​ပြေးခဲ့ရတယ်။ကောင်မ​လေး ထွက်​ပြေးပြီးတဲ့​နောက် ဂူနောက်က​နေ ဂူဖောက်ထွင်းတဲ့ သူခိုးတ​ယောက် ထွက်လာတယ်။ သူခိုးက" ငါ့အလုပ်ကို အ​နှောင့်အယှက်​ပေးတဲ့လူ​တွေ မှတ်​လောက်သား​လောက်​အောင် ​ခြောက်ပြစ်ရမယ် "ဆိုပြီး ရယ်​နေခဲ့တယ်။ သူခိုးရယ်လို့ မပြီးခင် မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်​နေတဲ့ အဘိုးအိုတ​ယောက်ကို ​တွေ့ လိုက်ရတယ်။ သူခိုးက " အဘိုးကြီး..ခင်ဗျားဘာလုပ်​နေတာလဲ "လို့ ​မေး​တော့ အဘိုးအိုက" ​တောက်..ဒီလူ​တွေ ငါ့နာမည်ကို မှား​အောင်​ရေးကြတယ်ကွာ "လို့ ​ပြောလိုက်တယ်။ အဘိုးအိုစကားကြားပြီး သူခိုးထွက်​ပြေးသွားခဲ့တယ်။ ထွက်​ပြေးသွားတဲ့သူခိုးကို ကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်​နေခဲ့တယ်။ အဘိုးအိုက" ငါ့စားကျက်ကို လုချင်တဲ့​ကောင် မှတ်​လောက်​အောင် ဆုံးမရမယ် "လို့ ​ရေရွတ်လိုက်တယ်။ အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲက သံတူရွင်းပြုတ်ကျသွားတယ်။ တူရွင်းကို​ အဘိုးအို ကုန်းကောက်ဖို့ ခါးညွတ်လိုက်​တော့ ချုံထဲက​နေ လက်တဖက်နဲ့ အတူ" ဘယ်​ကောင်လဲကွ ငါ့မှတ်တိုင်ကို ​လျှောက်ဖျက်​နေတာ "ဆိုတဲ့အသံတသံ ထွက်လာတယ်။ အဘိုးအို ​ကြောက်လန့် တကြား ထွက်​ပြေးသွားခဲ့ရတယ်။ အဘိုးအို ထွက်​ပြေးသွားပြီးတဲ့​နောက် သံတိုသံစ​ကောက်တဲ့သူ ချုံထဲက​နေ ထွက်လာတယ်။အဲ့ဒီလူက ​မြေ​ပေါ်မှာ ကျ​နေတဲ့ သံတူရွင်းကို ​ကောက်ပြီး" ​တောက်..သံတိုသံစ​လေး​ ကောက်တာ​တောင် ဒီ​လောက်အပင်ပန်း ခံရတယ်လို့ ကွာ "လို့  ​အော်လိုက်​တော့တယ်။