Showing posts with label ကဗျာပန်းခင်း ဝိုင်း. Show all posts
Showing posts with label ကဗျာပန်းခင်း ဝိုင်း. Show all posts

Thursday, January 14, 2010

လွမ်းငွေ့ပြေပန်းတံတား





ဟိုတစ်ဖက်ကမ်းနဲ့ဒီတစ်ဖက်ကမ်း
ရင်ခွင်တစ်ဖက်ခြမ်းဆီ
တမ်းတမှန်းမျှော်နေရုံနဲ့
ဒီအလွမ်းမြစ်ရေတွေက
ခမ်းသွားမှာမှမဟုတ်တာ
ဘဝရဲ့လမ်းတွေကြမ်းတမ်းပါစေ...
တစ်ခမ်းတစ်နားနဲ့
လွမ်းငွေ့ပြေပန်းတံတားကို
ဒို့ဆောက်ကြပါဆို့....
ဟောဟိုတောင်အထက်နားဆီက
လွမ်းဒုက္ခတွေဝေစေမယ့်
တောင်ကြရေတွေစီးဆင်းဉီးတော့
ချစ်ခြင်းတွေကိုခင်းကြင်း
အသက်နဲ့ရင်းပြီးတည်ဆောက်မယ်.......

Sunday, January 10, 2010

သူသိနေပါစေ....


ပေါ့ပျက်ပျက်စကားလုံးတစ်စုနဲ့
ပျက်ရယ်ပြုခဲ့လို့
အချစ်တွေကိုမျက်ကွယ်ပြုခဲ့ရတာ
သူသိနေပါစေ......
ကံကြမ္မာနှလုံးသားရေးလမ်းက
ခပ်ကြမ်းကြမ်းရိုက်ပုပ်ခဲ့လို့
အလွမ်းတွေနဲ့ပွေ့ဖက်ခဲ့ရတာ
သူသိနေပါစေ.......
လှည့်စားခြင်းတွေရဲ့နောက်
နှလုံးသားဟာသွေးချင်းချင်းနီရဲခဲ့လို့
ဘ၀ဟာမြစ်ကျိုးအင်းဖြစ်ခဲ့ရတာ
သူသိနေပါစေ........
ဟောဒီငါ့မာနတွေကိုရိုက်ချိုး
သူပြန်လာလိမ့်နိုးနဲ့
မျှော်ကိုးနေခဲ့ရတာကိုလဲ
သူသိနေပါစေ........
လှည့်စားကာမာယာတွေနဲ့ပြုံးနေလဲ
အဆုံးထိရင်ကိုခွဲ
ချစ်နေဆဲပဲဆိုတာကိုလဲ
သူသိနေပါစေ.........

Saturday, January 9, 2010

နှင်းဆီ


နှင်းဆီတစ်ပွင့်ငါခူးခဲ့တဲ့နေ့
လက်ဖျားတွေကထိတွေ့ခဲ့တဲ့ခံစားမှုက
ငါ့ဉီးနှောက်ထဲကကျောက်တောင်တွေကို
တွန်းဖြိုစေခဲ့သလား......
နှလုံးသားအခွံထဲကိုတစ်ခုတစ်ခုထည့်ဖို့
ကြိုးစားရင်းနိုးသွားခဲ့ရတဲ့အိမ်မက်တွေ....
နှင်းဆီဟာလဲကြွေခဲ့ပြီ....
ရသတစ်ခုကိုရဖို့နှလုံးသားကကုန်ကြမ်းဆိုရင်
အချစ်ဆိုတာကုန်ချောဖြစ်ဖို့တန်ပါ့မလား??
လူတစ်ကာလဲဒီလိုပဲမျှားနေကြတာပဲ
ချိတ်မှာတော့နှလုံးသားကိုအစာနဲ့မမှားနဲ့ပေါ့......

Thursday, December 17, 2009

ဉီးခေါင်းခွံများ

ဟောဒီအရပ်လေးမျက်နှာမှာ
ပုပ်အဲ့အဲ့အတွေးတွေနဲ့
လေထုကိုညစ်ညမ်းစေတာ
နှစ်တွေအတော်ကြာခဲ့ပြီ
အခွံတွေအထပ်ထပ်နဲ့ဘ၀တွေကို
ဘ၀အမောတွေနဲ့ခစားစေတာ
ကမ္ဘာမြေကတောင်လက်မှိုင်ချရမလောက်ပဲ
ကောက်ရိုးမီးတွေလိုတစ်ငွေ့ငွေ့နဲ့စိတ်တွေ
အတိတ်လေပြေတွေကိုပဲလိုက်ဖမ်းနေတာ
အရှေဆီကိုမမှန်းမျှော်တတ်ကြတော့ဘူး
ရိုးသားမှူတွေထဲကကြိုးစားမှူတွေ
နိုးကြားသမှူမပြုကြတော့ဘူးလား
မျက်နှာများတဲ့စိတ်တွေက
ခံယူချက်အမျိုးမျိုးကိုလိုရာပုံသွင်းပြီး
အမှန်တရားတံစိတ်ခပ်နှိပ်နေကြတာ
လောကကြီးကဩချမလောက်ပဲ
ဉီးခေါင်ခွံတွေနဲ့အတွေးတွေကို
သွန်ချနေသမျှတော့သဲထဲရေသွန်တာမှ
တစ်ခဏတော့အရာထင်လိမ့်မယ်.......

Wednesday, December 16, 2009

တဖတ်သက် အချစ်

အမှတ်မထင် ဆုံတွေ့ခဲ့ရပေမယ့်
စိတ်အစဉ် နှလုံးသားကြေးမုံမှာ
ပုံရိပ်တွေ ထင်ကျန်ရစ်ခဲ့ ရတယ်
ဒီမေ့ပျောက်မရနိုင်တဲ့ မင်းပုံရိပ်တွေကို
တသသစွဲလန်းနေရင်းနဲ့……
တစိမ့်စိမ့်တွေးနေမိတယ်
ဘာရယ်မှန်းမသိတဲ့ အားငယ်စိတ်က
ကိုယ်ဘ၀ကို ခြောက်လှန့်နေတယ်
ချစ်တဲ့စိတ်ကို မျိုသိပ်ထားရင်းနဲ့
ဘ၀ကိုလျှောက်လှမ်းနေရတယ်
အထီးကျန်စွာ တရောက်ထဲပေါ့
ဖွင့်ပြောပြချင်ပေမယ့်….
ကံအကြောင်းကဖန်လာပြန်တယ်
အနေဝေးနေပေမယ့် နှလုံးသားခြင်းနီနေသလို
တွေဆုံခြင်းက တခဏသာဆိုပေမယ့်
မင်းကိုချစ်ခဲ့တာ တဘ၀စာပါ
ခုတော့လညိး ကြေကွဲခြင်းတွေနဲ့အတူ
ငါမျက်ရည်တွေဟာရင်ထဲမှာ
မစဲသောမိုးတွေလို ရွာသွန်းရင်း
တိတ်တခိုးလေးပဲ ချစ်နေပါရစေ..ချစ်သူရယ်..

တင်ဆက်သူ - ကျဆိမ့်(ဆင်တဲကဖေး)

အချစ်ရောင်ရင့်ရင့်

ဟောဒီအဖြူရောင်ရင်ဘတ်ပေါ်မှာ
အချစ်ရောင်ရင့်ရင့်ကိုတင်ခဲ့တုန်းကပေါ့
စွန်းထင်းသွားတဲ့စိတ်တွေ
ရွက်ကြွေတွေလိုမဝေနိုင်တော့ဘူး
ရူးသွပ်ခဲ့တုန်းကဒီဘ၀မှာငါပျော်တယ်
စွန်းထင်းနေလျှက်ကသူခြွေရက်လိမ့်မယ်လို့တော့
ငါမထင်မိဘူးလေ......
အချစ်ရောင်ရင့်ရင့်နဲ့
ဘ၀ကိုတည်ဆောက်ခွင့်ရရင်
ထာဝစဉ် ထာဝစဉ် ပါပဲလို့ထင်ခဲ့တာ.......
ဒီလိုနဲ့အချစ်အချစ် ဆိုပြီး
အပြစ်တွေနဲ့သူပြုစားခဲ့တာ
အချစ်ကိုမျက်ကွယ်ပြုရင်း
ညစ်ကျယ်ကျယ်အတွေးတွေနဲ့
တွန်းကန်ဖို့ကြိုးစားခဲ့တာ
ဟောဒီရင်ဘတ်ထဲကနာမိတယ်
ကံကြမ္မာရယ်၊ဇာတာရယ်၊နှလုံးသားရယ်က
အရှုံးများပဲရစေခဲ့တာ
ဘ၀ရဲ့အလကာင်္တွေတောင်သွေ့ခြောက်လို့.......

Tuesday, December 15, 2009

အဆုံးသတ်အိမ်မက်









တိတ်ဆိတ်တဲ့ အမှောင်ယံထဲ




တွေးတောနေရင်းနဲ




အထီးကျန်ဘ၀ကို နာကြည်းမိတယ်




ထားခဲ့သူ မဖြစ်ချင်သလို




ကျန်ရစ်ခဲ့သူလည်းမဖြစ်ချင်တဲ့ ဘ၀မှာ




နောက်ဆုံးတော့ ထိန်းချူပ်ခြင်းတွေက




ကြေကွဲခြင်းနဲ့ အဆုံးသတ်ရတော့တယ်




မျှော်လင့်ခြင်းတွေ စိတ်ကူးယဉ်အိမ်မက်တွေနဲ




မရင်းနှီးချင်တဲ့ဘ၀မှာ နောက်ဆုံးတော့လည်း




ဒီအရာတွေကအရင်းနှီးဆုံး အဖော်ဖြစ်ခဲ့ရတယ်




အချစ်ဆိုတာ ချိုမြိန်တယ်တဲ့လား….?




မျက်စိကိုစုံမှိတ်




နားတွေကိုပိတ်ထားရင်း




ခါးသီးစရာကောင်းတဲ့ အချစ်ကိုပဲ




နှောင်တွယ်နေမိတော့တယ်။



တင်ဆက်သူ - ကျဆိမ့်(ဆင်တဲကဖေး)

Saturday, December 12, 2009

မိုးခါးရေများ၏အလွန်....

ရေးပြီးသားဖန်တီးမှူ့လေးကိုခဏတာခံစားရအောင်တင်ထားတာပါ။


ကမ္ဘာဂုဏ်ကျယ်ပေမယ့်
နေရတာဘုံနန်းမဟုတ်ဘူး
ဆန်းသစ်သောဇိမ်ခံပစ္စည်းတွေရှိပေမယ့်
ဒါတွေကိုသူမသိချင်ဘူး
ဟောဒီရှိနေတဲ့ဉီးခေါင်းကသူ့တစ်ကိုယ်စာလုံဖို့ထက်
အရာရာကိုဖူလုံစေဖို့လေ
ဒါသူ့အတွေး........
လေနီကြမ်းတွေတိုက်တဲ့နေ့က
အသိုက်မဲ့တဲ့ငှက်တစ်ကောင်ဆိုပေမယ့်
ငိုနေမယ့်သူတော့မဟုတ်ဘူး
သူ့အတွေးသူ့အသွေးနဲ့သူရေးခြစ်မယ့်မနက်ဖြန်
ဘ၀မှန်တွေအပြည့်နဲ့ပေါ့
မာန၊အမှန်တရား၊သစ္စာ၊ဂရုဏာ
အတွေး၊၀ါဒ
ဒါတွေကိုဘယ်တော့မှခ၀ါမချဘူး
မိုးခါးတွေရွာလို့မိုးခါးရေမသောက်ဘူး
အကြောက်တရားနဲ့ဘယ်တော့မှမဖောက်ပြားဘူး
နူးညံ့တဲ့လက်အစုံကစုတ်ချက်ကြမ်းနဲ့
ပုံဖော်ရေးဆွဲနေခဲ့တာ......
မလှပပေမယ့်သဘာဝတော့ကျပါတယ်
ဟောဟိုအရပ်လေးမျက်နှာက
ဝင်လာကြတဲ့မုန်တိုင်းတွေ
စိတ်ဓာတ်ကျောက်တောင်တွေကိုတော့
ကျိုးကျေမွစေမှာမဟုတ်ဘူး
မိုးခါးရေတွေပတ်လည်ဝိုင်းနေတဲ့
အတုယောင်လွတ်လပ်မှုတွေနဲ့ကျွန်း
သူကွန်းခိုနေထိုင်ခဲ့တာ
ဒါအမှန်တရားအတွက်ပါ
မှန်ကန်တဲ့ရသကိုရဖို့ဘ၀ကကုန်ကြမ်းဆိုရင်
လူ့ဘ၀ကိုရတာကောင်းတယ်ဆိုတဲ့အတွေးနဲ့
သူ့ကိုယ်သူစတေးခဲ့တာ
တစ်လောကလုံးနိုးထလာစေဖို့လေ......

Tuesday, December 1, 2009

မနှင်းဆီအတွက်

တိုးတိုးလေးကြွေလွင့်ခဲ့တဲ့
ငါ့ရင်ထဲကနှင်းဆီရေ......
မိုးပြိုညတစ်ညမှာညင်သာတဲ့
တယောသံကိုညှိခဲ့ရသလို
ရုပ်နဲ့နာမ်မတွဲမိခဲ့တာငါပါ
အားလုံးကိုအရှုံးပေးပါတယ်
နှင်းဆီရဲ့ဆူးခက်တွေကိုတော့
နှလုံးသားရဲ့တစ်နေရာမှာထိုးစိုက်ပြီး
သွေးခြင်းခြင်းနီရဲပါစေ.................

Monday, November 30, 2009

ဆံနွယ်တွေပြုစားတဲ့မတ္တာ

သူ့ဆံကေသာတစ်စွန်းတစ်စကိုလ
ပန်းပုပြေစွာထုထားလောက်တယ်လို့
တင်စားကာဆိုချင်ဆို
ပျိုမေကညာချောအလှက
မာယာမပါစွဲမက်လောက်တာမို့
သံသာယာရင်ခွင်အစုံမှာဖြင့်
ဆံကေသာပုတုန်းရောင်အလှတောမှာ
ကြွေကျကာမောဟိုက်မျောပါသည်အထိ
မနောဘ၀င်မှာသိစေချင်ပါသည်......
မြင်သူတကာလှည့်မငေးလောက်ပေမယ့်
မပိုင်သာဒီအတွေးကြောက်စရာမို့
ထောက်ထားကာလက်ခံပေးစေလို.....
ရင်ခွင်အိုဟိုထောင့်နားဆီက
နွေတစ်ရာလိုပူလောင်ကျွမ်းတာကြောင့်
စိတ်နွမ်းလို့အသဲတွေကြွေ....
သောကဝေဒီရင်ခွင်မှာလ
ခင်ပျိုမေ မကုစားလေသမျှ
ဆံနွယ်တွေပြုစားတဲ့မတ္တာ......

Sunday, November 29, 2009

♥♥♥♥♥ချစ်သူ♥♥♥♥♥

ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ။
မင်းရဲ့ကောင်းကင်တခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်လေးတော့ဖြစ်ပါရစေ။
မင်းဘ၀ရဲ့ လမင်းကြီးမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်တပွင့်တော့ဖြစ်ပါရစေ။
မင်းဘေးမှာ အချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်ကလေးဖြစ်ပါရစေ။
မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ
မင်းအတွက် ဖယောင်းတိုင် လေးတော့ဖြစ်ပါရစေ။
မင်းရဲ့ အချစ်ဦး မဟုတ်ခဲ့ရင်တောင်
မင်းရဲ့ အချစ်ဆုံးတော့ ဖြစ်ပါရစေ။
ချစ်သူ .........မင်းရဲ့စိတ်ကို
မခန့်မှန်းနိုင်ပေမယ့်
ကိုယ်ကတော့ သစ္စာဆိုရဲပါတယ်
ကိုယ်မင်းကို သိပ်ချစ်တယ်။
တင်ဆက်သူ - ကျဆိမ့်(ဆင်တဲကဖေး)

Thursday, November 26, 2009

အချိန်တိုင်းရဲ့သခင်

နှစ်လတွေပြောင်း
ဘယ်လိုဟောင်းလည်း
အသဲတွေကြွမ်း
နေ့တိုင်းလွမ်းအစဉ်.....
မြင်စေချင်ဒီရင်ခွင်မှာ
ချစ်မ၀ခင်ကြမ္မာငင်လို့
ခွဲရစဉ်စိတ်နယ်တခွင်မှာ
မင်းဟာ......
"'အချိန်တိုင်းရဲ့သခင်'"

လွမ်းရေးခက်

သူ့လက်ကလေး
ငါပိုက်ထွေးစဉ်
ဘ၀ရှေ့ရေး
ငါမျှော်တွေးမိ
ရင်၌မချိပြီ
မိုင်ထောင်သောင်းခြား
နယ်မြေခြားသို့
ကျောခိုင်းထွက်ခွာ
ငါ့ကိုယ်ငါလည်း
ဘ၀ကံကိုမတွန်းလှန်နိုင်
စိတ်ဝယ်ပူဆွေး
ဝမ်းစာရေးထက်
လွမ်းရေးခက်ပြီ.....

Wednesday, November 25, 2009

နှလုံးသားရပ်ဝန်း

ထစ်ချုံးမိုးတွေရွာခဲ့တဲ့အဲဒီနေ့က
နှလုံးသားမှာမျက်ရည်ကျခဲ့ရတယ်
မြို့ရိုးအထပ်ထပ်ထဲကမြို့ရိုးတစ်ခု
နှလုံးသားရပ်ဝန်းကိုဗဟိုပြုခဲ့တာ
ဓားစာခံကငါကိုယ်တိုင်ပဲလေ.....
စိတ်နဲ့ဉီးဋ္ဌောက်ကိုအဆက်သွယ်ဖြတ်
သောကတွေအထပ်ထပ်နဲ့
ငါ့ကိုယ်ငါသော့ခပ်ခဲ့တာ
ဒီနေ့နဲ့ပါဆို ၄ နှစ်ပြည့်ပြီ.....
မီးတောက်လျှံတွေကြားက
ပြန်လမ်းမဲ့သူတစ်ယောက်လိုပဲ
ဒီလိုနဲ့တစ်ရက်တစ်ရက်
မနက်ပေါင်းများစွာဆက်ခဲ့လို့
ရေကြည်ရာမြက်နုဆိုပေမယ့်
စိတ်စေရာကိုအသက်လုပြေးနေရတယ်.....

Tuesday, November 24, 2009

နတ်သမီးကောက်ကြောင်း

ကျေးလက်ဆန်ဆန်အနမ်းတစ်ခုနဲ့
လူတွေရဲ့ရင်ထဲကိုသူယုယပေးခဲ့တာ
မြို့တော်မဟာလို့မတွင်ပေမယ့်
အသင်ဟာနတ်သမီးတစ်ပါးပါပဲ.....
ရာသီခွင်သုံးပါးနဲ့အတူ
အသင်တည်နေပုံက
မြို့ပြမဆန်ပေမယ့်
လက်ခံအားကျစရာကောင်းတာအမှန်ပါ....
သမိုင်းတွင်မယ့်ရာဇ၀င်တွေနဲ့
သင်အစဉ်ပြေတဲ့အရပ်မှာ
သင်နေထိုင်ခဲ့တာ
နှစ်ပေါင်းရာချီကြာခဲ့ပြီပဲ...
အသင်ဖြစ်တည်ရာရှေ့ခရီးလမ်းက
အနှောက်ယှက်မှန်သမျှကို
သင်နှင့်တကွဖြေရှင်းကြမယ့်
ခရီးသွားရောင်းရင်းတွေလဲရှိပါရဲ့.....
သက္ကရာဇ်တွေတိုက်စားလို့
အသင်အိုဟောင်းသွားခဲ့ရင်တောင်
ပြိုလဲမသွားနိုင်ပါဘူး...

Thursday, November 19, 2009

လှေငယ်ရှင်

စကားလုံးလှိုင်းတွေကြောင့်
လူးလွန့်ခဲ့တဲ့လှေငယ်
စကားလုံးတွေဘယ်ဆီရောက်ရောက်
ဉီးတည်ချက်ပျောက်မသွားပါစေနဲ့
မုန်တိုင်းတွေကြားထဲက
မင်းဘ၀ခရီးလမ်း
ဘယ်လောက်ကြမ်းတမ်းပါစေ
လှိုင်းကြီးတော့လှေအောက်
လှေမမှောက်အောင်ကြိုးစားပါ
ဟိုးတုန်းက......
စပျစ်သီးကိုမရလို့
ချဉ်ခဲ့ရတဲ့အတွေး
မင်းလေးသိထားပါစေ
အပင်ပေါ်မှာတင့်တယ်နေတဲ့ဘဝ
စကားလုံးတွေနဲ့ပုတ်ချလို့
ကြွေကျခဲ့ရင်
မြေခသွားမှာသေချာတယ်
လှေငယ်ရှင်ရေ......
သတ္တိတွေကိုမွေးဖွား
အတွေးမှားတွေကိုစွန့်
နေ့တစ်နေ့ရဲ့ရောင်နီအကွန့်မှာ
အမှန်တရားကိုရင်ဝယ်ပိုက်
လှေငယ်ရှင်နှစ်ချိုက်စွာ
နိုးထပါလေ.......

Monday, November 16, 2009

သူငယ်ချင်းရေ
ရောင်းအား မကောင်းတော့တဲ့
ဈေးကွက် တစ်ခုအတွက်တော့
စိတ်မလေနဲ့
Baiyoke အပေါ်က Bar မှာတောင်
လူမရှိတာ ကြာပြီဟ။

သူငယ်ချင်းရေ
ဒီနေ့ အရင်လို ဟင်းမစုံလို့
မစားချင် ဘူးမလုပ်နဲ့
ထမင်းရည် သောက်နေတဲ့ သူတွေ
ပိုပို များလာတာ မမေ့နဲ့ဟ။

သူငယ်ချင်းရေ
ရှိစုမဲ့စုတွေ ရောင်ခိုင်းပြီး
Abroad Study တော့ မလုပ်ပါနဲ့ကွာ
မင်းတတ်တဲ့ A B C D
ဟိုမှာ တတ်ချင် လွန်းလို့
မြေပေါ်မှာ အရေးကျင့်တဲ့
သူတွေရှိတယ် ဟ။

သူငယ်ချင်းရေ
ဒီအလုပ်က မမိုက်ပါဘူးကွာ
ပင်ပန်းလို့ စိတ်ပျက်ပ လို့တော့
ဂဂျီ ဂဂျောင် မလုပ်နဲ့
မင်းနောက်မှာ အဲဒါလိုချင်လို့
တန်းဆီနေတဲ့
အလုပ်လက်မဲ့တွေ
အများကြီးပဲ ဟ။

သူငယ်ချင်းရေ
မိဘ စကားတတွတ်တွတ်ကြားလို့
ကျဉ်းကျပ်တယ် မထင်နဲ့
မိဘမဲ့ ကလေးကျောင်း
တစ်ရက်လောက်သွားကြည့်
မေတ္တာ ငတ်တဲ့
မျက်ဝန်းဆိုတာ မြင်ဖူးအောင်လို့ဟ။

သူငယ်ချင်းရေ
မင်း Boyfriend , Girlfriend ( Wife, Husband )
ရဲ့ မေတ္တာစစ် ကို မစော်ကားမိစေနဲ့
မင်းအားကျတဲ့ အနောက်တိုင်း
ယဉ်ကျေးမှုမှာ
၂ ပွေတွဲ ၃ ပွေတွဲ
၁ ချီစား ၂ ချီစား
အရင် Fancy နောက် Fancy
အရင် Hubby နောက် Hubby
ရဲ့ ဇယားတချို့ရှိနေလေရဲ့ဟ။

သူငယ်ချင်းရေ
မင်းကို အမှန်အတိုင်းခင်းပြရင်
စကားလမ်း ကြမ်းချင်ကြမ်းမယ်
မင်းဘေးမှာ
ချို သကာပျားနဲ့
လိုရာစားမယ့်
ဂွင် တချို့ မ၀င်မိစေနဲ့ဟ။

ဒီခေတ်မှာက
ဇွဲရှိဖို. ကြိုးစားဖို.
စိတ်ရှည်ဖို့တော့လိုတယ်
အဲ တချို့က အဲဒီလို ကြိုးစားရင်း
လက်ရှိနေရာရဲ့ တန်ဖိုးကို
မေ့သွားလေရဲ့။

နေရာတိုင်းမှာတော့
နေရာလိုက်တန်ဖိုး
ရှိနေ လေရဲ့။
ခေတ်သစ် ကြေးမုံမှာ
မြင်အောင်ကြည့်ပေါ့ ကွာ...။ ။ (ရှယ်)

Sunday, November 15, 2009

မေးလ်ထဲက ကဗျာတပုဒ်ပါ


မေးလ်ထဲက ကဗျာတပုဒ်ပါ..သူငယ်ချင်းတွေမျှဝေခံစားရအောင်လို့ပါ
ရေနွေးကြမ်း(ဆင်တဲကဖေး)

Saturday, October 31, 2009

မနှင်းဆီ

အမှန်တော့
တို့နှစ်ယောက်ဟာ
မထူးဆန်းပါဘူး
ရိုးရိုးလေးချစ်ခဲ့ကြပြီး
တိုးတိုးလေးကြွေခဲ့ရတာပါ
ချစ်ခြင်းမုန်းခြင်းတွေ
ကြားထဲကထိစပ်ခဲ့တဲ့မျဉ်းတွေလို
တစ်ခုနဲ့တစ်ခု
ဖြတ်သွားကြတာလေ
မထူးဆန်းပေမယ့်
အရူးအနှမ်းလိုချစ်ခဲ့မိတာကို
မငြင်းနိုင်ဘူး မနှင်းဆီ.....
ရိုးရိုးလေးပေမယ့်
တိုးတိုးလေးတော့
လွမ်းနေတုန်းပဲ.........

တင်ဆက်သူ....{ချိုကျ}

Wednesday, October 14, 2009

သူငယ်ချင်း

သူငယ်ချင်းရေ...
ရက်မှ လပြောင်း
လမှ နှစ်တိုင်
ဘယ်တော့မှ မမေ့ခဲ့ဘူး..
ဝေးကွာခြင်းရဲ့နောက်မှာ
ဆုံမှတ်တစ်ခုတော့ ရှိနေမှာပါ...
မဝေးတော့တဲ့ ကာလတစ်ခုအတွက်
ငါ......
သတိရခြင်းတွေကို ထွေးပိုက်လို့....
တွေ့ဆုံခြင်းဆိုတဲ့ `ဆုံမှတ်´ ကို....
လှမ်းနိုင်ဖို့ ကြိုးစားနေတယ်...
ဆုံတွေ့ပါရစေ...
သူငယ်ချင်းရယ်....

တင်ဆက်သူ - ice ကော်ဖီ (ဆင်တဲကဖေး)