Tuesday, December 29, 2009

မလေးရှားမှာလည်း Levy ကြေးပေးစရာမလို တော့ပါ


မလေးရှားမှာ ခုချိန်ထိကြားနေရတဲ့ သတင်းတချို့ကြောင့် ဒီအကြောင်းလေးရေးမိ သွားတာပါ။ မျှတမှုစိတ်ဓာတ်မရှိဘဲ ကိုယ့်ဘက်ကိုတအားကြည့်တတ်တဲ့ သူဌေး နဲ့ အေးဂျင့် တချို့ကြောင့် တချို့စက်ရုံတွေမှာ မြန်မာအလုပ်သမားတွေအပြင် နိုင်ငံခြားအလုပ်သမားတွေ ခုချိန်ထိ Levy ကြေးပေးနေကြရတုန်းပါဘဲ။ တကယ်တော့ 1-April-2009 နေကစပြီး Levy ကြေးကို အလုပ်သမားများထံမှ ဖြတ်ပိုင်ခွင့်မရှိဘဲ မိမိတို့ကိုခေါ်ထားတဲ့ သူဌေး၊ အေးဂျင့် တို့ကသာ ပေးဆောင်ရမည် ဖြစ်ကြောင်းကို မလေးအစိုးရက တရားဝင်စာထုတ်ထားပြီးသား ဖြစ်ပါတယ်။ ဒါကို လူမဆံတဲ့ တချို့လူတွေက လက်လျူရှုပြီး အလုပ်သမားများထံမှ Levy ကြေးကို ဆက်လက်ကောက်ယူ နေကြတုန်းပါပဲ။ အလုပ်သမားများဘက်က မသိနားမလည်မှုကို အခွင့်ကောင်းယူပြီး လိမ်တောင်းနေကြတုန်းပါပဲ။ Levy ကြေးမဖြတ်ရန်ကိစ္စဟာ တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်နေပါပြီ။ နိုင်ငံသားများနှင့်မတူ လစာအနည်းငယ်ဖြင့် လုပ်နေကြရတဲ့ နိုင်ငံခြားသားအလုပ်သမားတွေဟာ ဆက်လက်ပေးဆောင် နေရဦးမယ်ဆိုရင် ဒါဟာ သဘာဝမကျမှု၊ မမျှတမှု ပါပဲ။ ငြိမ်ခံမနေ သင့်ပါဘူး။ အထောက်အထားပြပြီး ကိုယ့်ရပိုင်ခွင့်ကို တောင်းဆိုသင့်ပါတယ်။
တချို့သူဌေးတွေက ပြောပြသည့်တိုင်အောင် ကိုယ်ဘက်ကအထောက်အထား မပြနိုင်တော့ ဘူးခံငြင်းတတ်ကြပါတယ်။ တချို့သူဌေးတွေက အထောက်အထား စာရွက်စာတမ်းပြနိုင်ကြတော့ သက်ဆိုင်ရာကိုအတိုင်ခံရမှာ သူတို့စက်ရုံပြဿနာတတ် စက်ရုံပိတ်ခံရမှာနဲ့တော့ ဘယ်လဲနိုင်မလဲ ဖြတ်ပြီးသားပိုက်ဆံအားလုံးကို ပြန်ပေးကြတယ်။ တချို့သူဌေးတွေကြတော့လည်း ကြည်ဖြူစွာ အားလုံးကိုပြန်ပေး ပါတယ်။
သက်ရောက်တဲ့ 1-April-2009 ရက်ကစပြီး ကိုယ်ပေးထားပြီးသမျှအားကို ပြန်တောင်းယူသင့်ပါတယ်။ ကိုယ်ဘက်က လမ်းမှန်ဖြစ်တဲ့အတွက်ကြောင့် ပြောပြခဲ့ရင် ပြန်ရကြမှာသေချာပါတယ်။ ဒီသတင်းတွေကို မသိသေးတဲ့သူတွေ သိနေသိတိုင်အောင် အကြောင်းအမျိုးမျိုးကြောင့် စာရွက်စာတမ်းမရှိလို့ အခက်မခဲရှိတဲ့သူတွေ အများကြီးရှိနေမှာမို့ ကျွန်တော် ဒီစာရွက်ကို အလွယ်တကူ Print ထုတ်ယူလို့ရအောင် PDF နဲ့လည်းလုပ်ပေးထားပါတယ်။ အောက်မှာ အဆင်ပြေတဲ့ link ကနေဒေါင်းယူကြပါ။ မသိသေးတဲ့သူများကိုလည်း လက်ဆင့်ကမ်းလိုက်ကြပါဦးနော်။ အားလုံး ကိုယ်ရသင့်ရထိုက်တာတွေရပြီး ပျော်ရွှင်ကြပါစေဗျာ။
ဒေါင်းရန် ။ ။
MultiUpload
MediaFire

1 comment:

outsider said...

ဟုတ်ပါတယ် ကောင်း ပါတယ် levy အကြောင်းကို သိရေ၇အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်
ို့ ကျနော်ရဲ့သုငယ်ချင်းတွေကိုလည် share ပေးလိုက်မယ်