Showing posts with label #ပေါ့ဆိမ့် ဝိုင်း. Show all posts
Showing posts with label #ပေါ့ဆိမ့် ဝိုင်း. Show all posts

Saturday, January 2, 2010

Ornagai Mobile Dictionary Version 2

မိုလ်ဘိုင်းဖုန်းများအတွက် Ornagai Mobile Dictionary Version 2 အင်္ဂလိပ်-မြန်မာ အဘိဓာန် ဆော့ဝဲလေးက mz_dictionary ရဲ့ ဒုတိယ vesion လို့ပြောလည်းရပါတယ်။ mz_dictionary ထက် စလုံးရေနဲ့ လုပ်ဆောင်ချက် ပိုများလာတယ်။ Ornagai Mobile Dictionary Version 2 ကို www.Ornagai.com က မြန်မာပညာရှင်တွေ ရေးသားပြီး အားလုံးအတွက် အခမဲ့ ထုတ်ဝေပြီး သုံးဆွဲစေတာပါ။ အခမဲ့ ဆိုတော့ အလကားပေါ့။ အလကားဆိုတော့ အမြဲသုံးလို့ရတာပေါ့။ install လုပ်ထားပြီးရင် ဖျက်မပြစ်မချင်း သုံးလို့ရပြီပေါ့။ ကျေးဇူးပါပဲ www.Ornagai.com ရေ..။ ဆော့ဝဲလေးကို ဖုန်း Model အစုံမှာ သုံးလို့ရအောင် version ၃-မျိုးခွဲထားပါတယ်။
* Normal Version * (for most users)
Normal Version ကတော့ အထွေအထူးမပြောတော့ပါဘူး။ ပုံမှန်အားဖြင့် Java ပါတဲ့ Phone အားလုံးမှာ အလုပ်လုပ်ပါမယ်။
* Limited Version * (if the normal version doesn't work)
ဒါကတော့ သိပ်ပြီး high end မဖြစ်တဲ့ ဖုန်းတွေအတွက်ပါ။ Animation တွေ ဘာတွေလျော့ထားပါတယ်။ တစ်ချို့ feature တွေ၊ ဥပမာ external dictionary file loading မပါပါ။
Program နှင့်တွဲလျက် Dictionary တစ်ခုသာပါပါတယ်။
* Signed Version * (more features, for advanced users)
ဒါကတော့ Security Certificate ပါတဲ့ Version ဖြစ်ပါတယ်။ External dictionary တွေပါ ခေါ်သုံးနိုင်ပြီး ။ အလုံးစုံသော Animation များနှင့် Resource များများလိုသော အစားဖြစ်ပါတယ်။...တဲ့
ကိုယ်ကိုင်တဲ့ ဖုန်းနဲ့ လိုက်ဖက်မယ့် version ကို ရွေးချယ်သုံးပြီး အဆင်ပြေကြပါစေဗျာ။ ကျွန်တော်လည်း Mysteryzillion မှာ သွားဖတ်ပြီး ပြန် share လိုက်ပါတယ်။

ဒေါင်းရန် ။ ။
ornagai_mobile_v2 အတွက် MediaFire , MultiUpload
ornagai_mobile_v2_limited အတွက် MediaFire , MultiUpload
ornagai_mobile_v2_signed အတွက် MediaFire , MultiUpload

Friday, January 1, 2010

sm3 Mobile Directory

မိုလ်ဘိုင်းဖုန်း များအတွက် sm3 Mobile Directory ဆော့ဝဲလေးက sm3 က အခမဲ့ ထုတ်လုပ်ဖြန့်ဝေ လိုက်ပါတယ်။ လူတန်းစားမရွေးအတွက် ရန်ကုန်မြို့ရှိ အရေးပါတဲ့ လိပ်စာနှင့် ဖုန်းနံပါတ် များကို စုစည်းထားတာပါ။ မင်္ဂလာအခန်းအနားဝန်ဆောင်မှုများ၊ မော်တော်ယာဉ်နှင့် ဆက်စပ်သောလုပ်ငန်းများ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းများ၊ အစားအသောက်နှင့် ဧည့်ခံကျွေးမွေးရန်ဆိုင်များ၊ မိုလ်ဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဈေးနှင့် ဈေးဝယ်စင်တာများ၊ ဟိုတယ်နှင့် တည်းခိုရန်နေရာများ၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ဖြေဖျော်ရေးနှင့် အပန်းဖြေနေရာများ၊ အိမ်အရောက် ဝန်ဆောင်မှုလုပ်ငန်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ဘဏ်နှင့် ငွေကြေးဌာနများ၊ အရေးကြီး ဌာန ဖုန်းနံပါတ်များ၊ နယ်ဝေးဖုန်းနှင့် နိုင်ငံခြားဖုန်း ကုတ်များ ကိုဖော်ပြပေးထားပါတယ်။
အောက်မှာ ဒေါင်းယူနိုင်ပါတယ်။ ရလာတဲ့ zip ဖိုင်ထဲက jar ၂-ဖိုင် စလုံးကို ဖုန်းမှာ install လုပ်ပါ။ sm3MobileDirectory.jar က လိပ်စာနှင့် ဖုန်းနံပါတ် များကို ကြည့်ဖို့အတွက်ပါ။ sm3MobileDriectory_Share.jar က bluethooth ကတဆင့် တခြားဖုန်းတွေကို sm3 Mobile Directory ကို install လုပ်ပေးဖို့အတွက် ဖြစ်ပါတယ်။
ပြောစရာလေးနည်းနည်းရှိပါတယ်။ sm3MobileDirectory.jar ကို install လုပ်ပြီး စ run တဲ့အခါ Please type 111 to register the Mobile Directory or contact sm3 01-246393 ဆိုပြီးပေါ်လာပါလိမ့်မယ်။ အဲဒီအခါ အလွယ်ဆုံးကတော့ 111 ရေးပြီး ဆက်ဆက်နှိပ် သွားပါ။ Installing 100% ပြည့်အောင် ဖြည်းဖြည်းခြင်း လုပ်နေပါလိမ့်မယ်။ စိတ်ရှည်ရှည်ထားပါ နည်းနည်းတော့ကြာပါတယ်။ နောက်ဆိုရင်တော့ ဖွင့်ရင်မြန်ပါတယ်ခင်ဗျာ...

ဒေါင်းရန် ။ ။
MediaFire
MultiUpload

Wednesday, December 30, 2009

မိုလ်ဘိုင်းဖုန်း UbiFind အင်္ဂလိပ်-မြန်မာ အဘိဓာန်















ဒီ ဆော့ဝဲလေးက မိုလ်ဘိုင်းဖုန်းတွေမှာ သုံးဖို့ SiDA Technology Co., Ltd ကထုတ်လိုက်တဲ့ ဆော့ဝဲလေးပါ။ အသံထွက်ပါ ရေးပေးထားပါတယ်။ သုံးစွဲသူအတွက် စကားလုံးအစိမ်းတွေကို ရုတ်တရက် အသံထွက်ဖို့ လွယ်တာပေါ့။ ဒီဆော့ဝဲလေးက Version နှစ်မျိုးရှိပါတယ်။ Pro Version က စာလုံရေ ၅-သောင်းကျော် ပါတယ်။ Lite Version က ၂-သောင်းခွဲကျော် ပါပါတယ်။ မိမိတို့ရဲ့ဖုန်းနဲ့ အဆင်ပြေတဲ့ Version နဲ့ install လုပ်ပြီးသုံးဆွဲလို့ရပါတယ်။ သူကလည်း Activation Code တွေဝယ်သုံးရတဲ့ ဆော့ဝဲလေးပါ။ စမ်းသုံးဖို့တော့ ၇-ရက်ပေးထားပါတယ်။ ကြိုက်ရင်တော့ ဝယ်သုံးလို့ရပါတယ်။ ဒီမှာ သွားကြည့်လို့ရပါတယ်။
သူငယ်ချင်းတို့ရေ.. အကြောင်းအမျိုးမျိုးကြောင့် ဝယ်မသုံးဖြစ်ရင်လည်း ပူစရာမလိုပါဘူးနော်။ ၇-ရက်ပြည့်လို့ ဆက်သုံးလို့မရတော့ဘဲ Activation Code တွေတောင်းလာရင် ထုံးစံအတိုင်း install လုပ်ပြီးသားကို ပြန်ဖျက်ပြီး Reinstall ပြန်လုပ်ပြီးဆက်သုံးလို့ရတာ ကျွန်တော်အကြံပေးထားပြီးသားပါနော့။ အောက်မှာ ဒေါင်းယူ သုံးဆွဲလို့ရပါတယ်။
ဒေါင်းရန် ။ ။
UbiFind Pro Version - MultiUpload , MediaFire
UbiFind Lite Version - MultiUpload , MediaFire

Tuesday, December 29, 2009

မလေးရှားမှာလည်း Levy ကြေးပေးစရာမလို တော့ပါ


မလေးရှားမှာ ခုချိန်ထိကြားနေရတဲ့ သတင်းတချို့ကြောင့် ဒီအကြောင်းလေးရေးမိ သွားတာပါ။ မျှတမှုစိတ်ဓာတ်မရှိဘဲ ကိုယ့်ဘက်ကိုတအားကြည့်တတ်တဲ့ သူဌေး နဲ့ အေးဂျင့် တချို့ကြောင့် တချို့စက်ရုံတွေမှာ မြန်မာအလုပ်သမားတွေအပြင် နိုင်ငံခြားအလုပ်သမားတွေ ခုချိန်ထိ Levy ကြေးပေးနေကြရတုန်းပါဘဲ။ တကယ်တော့ 1-April-2009 နေကစပြီး Levy ကြေးကို အလုပ်သမားများထံမှ ဖြတ်ပိုင်ခွင့်မရှိဘဲ မိမိတို့ကိုခေါ်ထားတဲ့ သူဌေး၊ အေးဂျင့် တို့ကသာ ပေးဆောင်ရမည် ဖြစ်ကြောင်းကို မလေးအစိုးရက တရားဝင်စာထုတ်ထားပြီးသား ဖြစ်ပါတယ်။ ဒါကို လူမဆံတဲ့ တချို့လူတွေက လက်လျူရှုပြီး အလုပ်သမားများထံမှ Levy ကြေးကို ဆက်လက်ကောက်ယူ နေကြတုန်းပါပဲ။ အလုပ်သမားများဘက်က မသိနားမလည်မှုကို အခွင့်ကောင်းယူပြီး လိမ်တောင်းနေကြတုန်းပါပဲ။ Levy ကြေးမဖြတ်ရန်ကိစ္စဟာ တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်နေပါပြီ။ နိုင်ငံသားများနှင့်မတူ လစာအနည်းငယ်ဖြင့် လုပ်နေကြရတဲ့ နိုင်ငံခြားသားအလုပ်သမားတွေဟာ ဆက်လက်ပေးဆောင် နေရဦးမယ်ဆိုရင် ဒါဟာ သဘာဝမကျမှု၊ မမျှတမှု ပါပဲ။ ငြိမ်ခံမနေ သင့်ပါဘူး။ အထောက်အထားပြပြီး ကိုယ့်ရပိုင်ခွင့်ကို တောင်းဆိုသင့်ပါတယ်။
တချို့သူဌေးတွေက ပြောပြသည့်တိုင်အောင် ကိုယ်ဘက်ကအထောက်အထား မပြနိုင်တော့ ဘူးခံငြင်းတတ်ကြပါတယ်။ တချို့သူဌေးတွေက အထောက်အထား စာရွက်စာတမ်းပြနိုင်ကြတော့ သက်ဆိုင်ရာကိုအတိုင်ခံရမှာ သူတို့စက်ရုံပြဿနာတတ် စက်ရုံပိတ်ခံရမှာနဲ့တော့ ဘယ်လဲနိုင်မလဲ ဖြတ်ပြီးသားပိုက်ဆံအားလုံးကို ပြန်ပေးကြတယ်။ တချို့သူဌေးတွေကြတော့လည်း ကြည်ဖြူစွာ အားလုံးကိုပြန်ပေး ပါတယ်။
သက်ရောက်တဲ့ 1-April-2009 ရက်ကစပြီး ကိုယ်ပေးထားပြီးသမျှအားကို ပြန်တောင်းယူသင့်ပါတယ်။ ကိုယ်ဘက်က လမ်းမှန်ဖြစ်တဲ့အတွက်ကြောင့် ပြောပြခဲ့ရင် ပြန်ရကြမှာသေချာပါတယ်။ ဒီသတင်းတွေကို မသိသေးတဲ့သူတွေ သိနေသိတိုင်အောင် အကြောင်းအမျိုးမျိုးကြောင့် စာရွက်စာတမ်းမရှိလို့ အခက်မခဲရှိတဲ့သူတွေ အများကြီးရှိနေမှာမို့ ကျွန်တော် ဒီစာရွက်ကို အလွယ်တကူ Print ထုတ်ယူလို့ရအောင် PDF နဲ့လည်းလုပ်ပေးထားပါတယ်။ အောက်မှာ အဆင်ပြေတဲ့ link ကနေဒေါင်းယူကြပါ။ မသိသေးတဲ့သူများကိုလည်း လက်ဆင့်ကမ်းလိုက်ကြပါဦးနော်။ အားလုံး ကိုယ်ရသင့်ရထိုက်တာတွေရပြီး ပျော်ရွှင်ကြပါစေဗျာ။
ဒေါင်းရန် ။ ။
MultiUpload
MediaFire

Sunday, December 27, 2009

မိုလ်ဘိုင်းဖုန်း Caller RingTone

မလေးရှားက maxis လိုင်းသုံးတဲ့ သူငယ်ချင်းတွေအတွက်ပါ။ မိမိတို့ Caller RingTone တွေမှာ မလေးသီချင်း၊ တရုတ်သီချင်း၊ အင်္ဂလိပ်သီချင်း တွေ သုံးရတာငြီးငွေ့နေလောက်ပါပြီ။ အသစ်အဆန်းလေး ဖြစ်သွားအောင် ကိုယ့်မြန်မာသီချင်းလေးတွေကို ထည့်သုံးနိုင်ပါပြီ။ အောက်မှာပေးထားတဲ့ ကိုယ်နှစ်သက်တဲ့ သီချင်းလေးတွေကို ရွေးပြီး သက်ဆိုင်တဲ့ Code no. တွေကို ဖုန်းမှာရေးပြီး call ကို နှိပ်လိုက်ပါ။ ဒါဆိုရပြီပေါ့ဗျာ။ (သြော် ဖုန်းထဲမှာ rm 3 ကျော်တော့ရှိရမှာပေါ့နော်..) တစ်ဘက်ဖုန်းက မိမိဖုန်းကိုခေါ်တဲ့အခါ (တူ...တူ... )အစား ကိုယ်ဝယ်ထားတဲ့ သီချင်းလေးတွေကို တစ်ဖက်လူက ကြားရပြီပေါ့။ ထုံစံအတိုင်းဘဲ ၁ - ပိုဒ်ကို rm 3 နဲ့ ၁ - လခံတာပေါ့။ သီချင်းဓာတ်ခံ ရှိပြီးသားသူတွေလည်းဝယ်လို့ ရပါတယ်။ ဝယ်ပြီးရင်တော့ သီချင်းနှစ်ပိုဒ်က ခေါ်လိုက်တိုင်းတစ်လည့်စီ လာနေမှာပေါ့။ အဲလိုမဖြစ်ချင်ရင် *100# ကို call ပြီးရှာပိတ်လို့ရပါတယ်။
ကျွန်တော်တော့ ဂျာနယ်ထဲမှာတွေ့လို့ အောက်က list ကို သုံးချင်တဲ့သူ သုံးလို့ရအောင် တင်ပေးလိုက်ပါတယ်...
No. Code no. သီချင်းအမည်... (တေးဆို)
၀၁. *131*151617# ငါရဲ့လမင်း (လေးဖြူ)
၀၂. *131*151619# သံယောဇဉ် (လေးဖြူ)
၀၃. *131*151651# လမိုက်ည (မျိုးကြီး)
၀၄. *131*151649# ကိုက်ရေးရာဇဝင်(အငဲ)
၀၅. *131*151650# ထပ်မဝေးဘူး (အငဲ)
၀၆. *131*151653# အိမ်လွမ်းသူ (ဝိုင်ဝိုင်း)
၀၇. *131*151652# ဖြတ် (Rဇာနည်)
၀၈. *131*151641# ရင်ခုန်ဘက်သို့တမ်းချင်း (ဟန်ထွန်း)
၀၉. *131*151642# ရင်နာတယ်ဧပရယ် (ဟန်ထွန်း)
၁၀. *131*151660# အတိုင်းထက်အလွန် (နောနော်)
၁၁. *131*151659# မင်းမသိဘူး (နောနော်)
၁၂. *131*151656# အချစ်ဆိုတာ (ခင်မောင်တိုး)
၁၃. *131*151658# ပန်းချစ်သူ (ခင်မောင်တိုး)
၁၄. *131*151667# မောင်နဲ့လိုက်ခဲ့ဦးမလား (ဗညားဟန်)
၁၅. *131*151668# ရွှေသဇင် (ဗညားဟန်)
၁၆. *131*151669# သမုဒယဝါဆိုမိုး (ဗညားဟန်)
၁၇. *131*151655# ကလေးဆိုး (ငြိမ်းစည်သူ)
၁၈. *131*151654# ကိုယ်ကချစ်ရသူလေ (ငြိမ်းစည်သူ)

ဆရာတော်ဦးဇောတိက - ခွင့်လွှတ်ခြင်း တရားတော်

ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ်ကိုအများဆုံး ဒုက္ခပေးနိုင်တာနော်။ ကိုယ်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှမကြားဖူးတဲ့သူက ကိုယ်ကိုစိတ်ဆင်းရဲအောင် လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင်မတန် ရှားပါတယ်။ အဲဒီလူအားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။
ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်မိတာတွေထဲမှာ ဘယ်နှစ်နည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်လို့ရသလဲ။ လုပ်မိတတ်သလဲ။ မှတ်ထားတာ ၉-မျိုးတွေတယ်။ ကိုယ့်ဟာကိုလည်း နောက်ထပ်ဖြည့်ပြီးတော့ စဉ်းစားပါနော်...
Disappointment - ကိုယ့်မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ဆင်းရဲရတာ၊ ကိုယ့်ကိုမျှော်လင့်ချက်တစ်ခု၊ ကတိတစ်ခု ပေးပြီးတော့ ကတိအတိုင်းမတည်လို့ စိတ်ဆင်းရဲရတာ...
Rejection - ကိုယ့်ကို နေရာမပေးတာ၊ အသိအမှတ်မပြုတာ၊ ကိုယ့်ကိုပယ်တာ၊ မဆက်ဆံပဲနေတာ၊ လူရာမသွင်းတာ၊ ကိုယ့်စကားကိုလေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေနာရေးမဖိတ်ပဲ မေ့ထားလိုက်တာ...
Abandonment - စွန့်ပစ်တာ၊ ပစ်ထားခဲ့တာ...
Ridicule - လှောင်တာ၊ ပြောင်တာ၊ သရော်တာ...
Humiliation ဂုဏ်သိက္ခာ ကျသွားအောင်ပြောတာ၊ အထင်သေးသွားအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ...
Betrayal - သစ္စာဖောက်တာ၊ ယုံလို့ ပြောပြထားတဲ့ လျှို့ဝှက်ချက်တွေကို သူများကိုပြောလိုက်တာ၊ တစ်ယောက်ပေါ်တစ်ယောက်စောင့်စည်းရမှာကို မစောင့်စည်းဘူး။ ဖောက်ပြားတာ...
Deception - လှည့်စားတာ၊ လှည့်တယ် ပတ်တယ် လိမ်တယ် ညာတယ် ပရိယာယ်အမျိုးမျိုးသုံးတယ်။ တစ်ယောက်ကိုတစ်ယောက် မယုံတော့ဘူး။ လုပ်ငန်းတွေမအောင်မြင်တာ၊ ပျက်စီးတာ အမှန်တော့ ယုံကြည်စိတ်ချထိုက်တဲ့ အခြေအနေမရှိတော့လို့ပဲ...
Physical Abuse - ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ၊ တုတ်နဲ့ရိုက်တာ၊ မီးနဲ့ရှို့တာ၊ အပ်နဲ့ထိုးတာ...
Emotional Abuse ဆိုတာ စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ အဖက်မလုပ်တာ၊ တုံတယ်၊ အတယ်၊ ဖျင်းတယ်၊ ကြောင်တယ်၊ ပေါတယ်၊ ရူးနေတယ်၊ ယုတ်မာတယ်၊ အသုံးမကျဘူး၊ အဖြစ်မရှိဘူး စသည်ဖြင့် ထပ်ခါထပ်ခါ ပြောတာ။ စိတ်ဆင်းရဲအောင်ပြော အမျိုးမျိုးခြိမ်းခြောက်တာကို ခေါ်တယ်။...
ခွင့်မလွှတ်နိုင်ရင် အဲဒီခံစားချက်က လွှမ်းမိုးနေလို့ ကိုယ့်ဘဝဟာ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ ကိုယ့်ဘဝဟာ ရှေ့သွားမယ့်လမ်း မဖြောင့်ဖြူးတော့ဘူး။ လောကီရေးမှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ ခဲယဉ်းသွားတယ်။ ပိုပြီးတော့ အရေးကြီးတာက တရားဖက်မှာလည်း တိုးတက်းမှု ကြီးပွားမှုဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားတယ်။
ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်လိုက်တာ ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။
ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။
ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။
ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နဲသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။
ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုကတာဘဲ။ ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ထောင်ချထားတာပဲ ဆိုတာကို မြင်ဖို့လိုတယ်။ အဲဒီလို မြင်ပြီးတော့ ကိုယ့်ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။
ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးကလေးပဲ ဒေါသစိတ်ကလေးပါ ငါ မဟုတ်ဘူး သူသဘာဝနဲ့သူပဲ။ အဲဒီလိုစိတ်ကလေးကို ငါ မဟုတ်တဲ့စိတ်ကလေးအနေနဲ့ ဒေါသစိတ်ကလေးအနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။
You are more available to other people.
ကိုယ်က စိတ်ငြိမ်းချမ်းမှု ရှိနေတဲ့အခါမှာ ကိုယ့်ကိုယ်ကို သူများအတွက် ပိုပေးနိုင်တယ်။ သူများကို ပိုပြီး အာရုံပြုနိုင်တယ်။ အကူညီပေးနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူတို့ပြောတာတွေကို သေသေချာချာ နားလည်နိုင်အောင် နားထောင်နိုင်တယ်။ စဉ်းစားနိုင်တယ်။
To error is human. But to forgive devine.
လူဆိုတာမှားတတ်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။
တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဘူးတဲ့သူဟာ မရှိပါဘူး။ ခွင့်လွှတ်တယ်ဆိုတာ အင်မတန်နက်နဲ့ ပါတယ်။
အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးတော့ ဘယ်လောက်အေးချမ်းသွားမလဲ နော်။
ကိုလုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကိုတော့မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်လည်းငါ ခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်ချင်တော့ဘူး။
ငါ ဘယ်သူ့အပေါ်မှာမှ မကျေနပ်မှုမရှိဘူး။ ဘယ်သူ့ကိုမှ ရန်ငြိုးလည်း မထားဘူး။ ကလဲ့စားလည်း မချေဘူး။ ငါအပေါ်မှာလည်း ဘယ်သူကမှ မုန်းတီးနေတာ ရန်ငြိုးထားနေတာ နာကျည်းနေတာ မရှိဘူးဆိုတာလေး သိသွားရရင် တော်တော်ကောင်းမှာဘဲနော်...(ဆရာတော်ဦးဇောတိက)


ဒေါင်းရန် ။ ။
MultiUpload
MediaFire

Wednesday, December 16, 2009

မြန်မာပြည်သိန်းတန် - မြန်မာသီချင်းများ

ကို ye naing aung တောင်းဆိုလာ၍ MMA ကူးယူတင်ပြပါသည်။

မြန်မာပြည်သိန်းတန် – ရွှေသုန္ဒရီ

၀၁။ ရွှေသုန္ဒရီ
၀၂။ မေ့ဘူးသက်လယ်
၀၃။ ငါသာစော်ဘွားဖြစ်ချင်တယ်
၀၄။ ရန်ကုန်ကပြန်ခဲ့တယ်
၀၅။ မဗေဒါ
၀၆။ ရတနာပုံ
၀၇။ မောင်ခေါ်ရာ
၀၈။ နန်းကေသီ
၀၉။ စုံတောမြိုင်
၁၀။ ကုသထုံး
၁၁။ ကျွန်တော်ရဲ့ မုရာ
၁၂။ ပြောင်းလဲနေသောရွာကလေး
၁၃။ မြတ်ပန်တော်ပန်း
ဒေါင်းရန်။ ။ Mediafire

မြန်မာပြည် သိန်းတန် + မေဆွိ - ရွှေရုပ်ရှင်စုံတွဲတေးများ (၁)

၁။ ပိုးစုန်းကြူး
၂။ ငယ်ကျွမ်းဆွေ
၃။ ပြိုင်ဘက်ကင်း ချစ်သူ
၎။ မပြောဘဲနဲ့သိပါတယ်
၅။ လယ်တောသူ
၆။ မဆိုးနဲ့ကွာ
၇။ ချစ်သူချင်းမို့ သိနားလည်ပါ
၈။ အချစ်ကိုယ်ရံတော်
၉။ ချစ်သောည
၁၀။ တစ်ပတ်လျှော့လိုက်ဦး
၁၁။ ဤမှန်သော ချစ်စကား
၁၂။ မခေါ်ဘဲလာ….မနှင်ဘဲပြေး
၁၃။ အားကျတယ်ဟာ
၁၄။ ရန်ကုန်သား နဲ့ မန္တလေးသူ
ဒေါင်းရန်။ ။ Mediafire

မြန်မာပြည် သိန်းတန် + မေဆွိ – ရွှေရုပ်ရှင်စုံတွဲတေးများ (၂)

၁။ အလှတွင် အယဉ်ဆင့်
၂။ နေချင်လှသည် တို့နှစ်ဦး
၃။ အတူး နဲ့ အသက်
၎။ နှစ်ကိုယ်တူချစ်သမျှ
၅။ ဒါဘာလဲဟေ့ ( လွမ်းငွေ့ဝေေ၀ )
၆။ တစ်လိမ် နှစ်လိမ်
၇။ ခရီးသွားရင်း သီချင်းဆိုမယ်
၈။ နှဲသမားလေး
၉။ အသည်းထဲက ဆူး
၁၀။ (သီချင်းနာမည်မသိ)
၁၁။ ရွှေစင် သတိုးနွယ်
၁၂။ ငယ်ကျွမ်းဆွေ
၁၃။ နှောင်းအချစ်ရဲ့ သံသရာ
၁၄။ ဂီတ ရုပ်ရှင်
ဒေါင်းရန် ။ ။ Mediafire

မြန်မာပြည်သိန်းတန် – တေးပုလဲ ၈၁
၀၁။ တစ်ပါးသူမနမ်းစေချင်
၀၂။ မိုးနဲ့မြေ – အမုန်းကမ္ဘာမကြေ
၀၃။ ချစ်စိတ်ငယ်ငယ်
၀၄။ မေတ္တာရိပ်မှတိတ်တိတ်ခိုးထွက်သူ
၀၅။ မြစ်ဆုံကိုလွမ်းတယ်
၀၆။ သူဆိုသူမှ
၀၇။ မေတ္တာရေလှိုင်
၀၈။ နှင်းပွင့်သစ္စာ (၈၁)
၀၉။ စတိတ်ရှိုး နဲ့ တိတ်တခိုး
၁၀။ ရွှေမြိုင်မှာပင်နေတော့မယ်
၁၁။ စနေဒေါင့်မှာပန်းလှူမယ်
၁၂။ ရည်းစားလဲမထားဘူးတော့
၁၃။ အိပ်မက်ထဲကမောင့်ချစ်သူ
၁၄။ အချစ်ဝေဿန္တရာ
၁၅။ စကားပြော
ဒေါင်းရန် ။ ။ Mediafire

သုမောင် - မြန်မာသီချင်းများ

ကို ye naing aung တောင်းဆိုလာ၍ MMA ကူးယူတင်ပြပါသည်။

သုမောင် – ပန်းတံတား
၁။ တလိမ်နှစ်လိမ်
၂။ရွှေယောက်ဖ
၃။ရွှေပြောင်ပြောင်
၎။ရွှေပုပ္ပား
၅။ပန်းတံတား
၆။ပပ၀င်း
၇။မာနရှင်
၈။လယ်တောသူ
၉။ကျိုက်ထီးရိုး
၁၀။သဉ္ခာလီ
၁၁။ချစ်မိုးကြီး
ဒေါင်းရန်။ ။ Sharbee

သုမောင် - ဂုဏ်ကြီးရှင်
၁။ ဂုဏ်ကြီးရှင်
၂။ အချစ်လိုရာစေ
၃။ အချစ်ဈေးကွက်ထဲကသဲပွင့်လေး
၎။ ဝေးမြေခြားတဲ့ချစ်သူ
၅။ ကျွန်တော်မပါရင်ပွဲမစည်
၆။ အမုန်းသင်္ချာမလေး
၇။ ချစ်လို့ကျတဲ့မျက်ရည်
၈။ မေတ္တာလက်နဲ့ခေါ်မှာလား
ဒေါင်းရန်။ ။ Mediafire

Sunday, December 13, 2009

NTI CD & DVD Maker Platinum 7.7.0.1100


NTI CD & DVD Maker Platinum 7.7.0.1100 burner ခွေကူးတဲ့ ဆော့ဝဲလေးပါ။
ကျတော် ဒီ burner လေးကို တော်တော်သဘောကျလို့ လက်ဆင့်ကမ်းလိုက်ပါတယ်။ ဘန်းရတာရိုးရင်းပြီး တော်တော် မြန်တယ်လေ။ Nero burner ဆော့ဝဲ တွေနဲ့ speed အတူထားပြီး ယှဉ်သုံးကြည့်တာ Nero တွေနဲ့ ခွေကူးရတာထက် တစ်ဝက်လောက်ပိုမြန်တယ်။ ကျတော်တော့ ရိုးရိုးခွေကူးမယ်ဆို NTI နဲ့ပဲကူးလိုက်တာဘဲ။ စမ်းသုံးကြည့်ချင်တယ်ဆိုတယ်ဆိုရင် Download လုပ်ပြီးရယူနိုင်ပါတယ်။
ရလာတဲ့ ဖိုင် zip ကိုဖြည်ပါ။
၁."NTI CD DVD BURNER.exe" ကို run ပါ။ ( ပြီးရင် computer က auto restart လုပ်ပါလိမ့်မယ် )
၂. "SCD32.dll" ကို copy လုပ်၍ "C:\Program Files\NewTech Infosystems\NTI CD & DVD-Maker 7" တွင် pase လုပ်ပါ။ (replace မေးလာရင် yes လုပ်ပါ)

ဒေါင်းရန်။ ။
Multiupload
MediaFire

Saturday, November 14, 2009

Mozilla Firefox beta ဗားရှင်းအသစ်


Mozilla က ၎င်းတို့၏ နာမည်ကျော် Web Browser ဖြစ်သည့် Firefox အတွက် beta Version 3.6 ကို ထုတ်ဝေလိုက်ပြီ ဖြစ်သည်။
ယခု သီတင်းပါတ် အတွင်း Mozilla ၏ ၀ဘ်ဆိုဒ် မှတဆင့် ယင်း Browser အသစ်ကို အခမဲ့ Download လုပ်ယူနိုင်ပြီဟု သိရှိရသည်။ Mozilla က Firefox အသစ်သည် Feature အသစ်များကို ထပ်မံဖြည့်တင်း ပေးထားကာ ပိုမိုမြန်ဆန် ကောင်းမွန်ကြောင်း ပြောကြားလိုက်သည်။
Firefox 3.6 ကို PC၊ Mac နှင့် Linux ကွန်ပြူတာများ အတွက် Version အလိုက် ခွဲခြား ရယူနိုင်သည်။ ယခု Version အရ Java Script ရေးသားသူများ အတွက် ပိုမို မြန်ဆန်သော Feature၊ Plug-in အသစ်များ၊ Bookmark Synchronization စသည်တို့ ကိုပါ အသုံးပြုနိုင်သည်။
Firefox 3.6 ကို လက်တလောတွင် Beta အဆင့်ဖြင့် စမ်းသပ်ထုတ်လွှင့် ပေးထားပြီး CSS၊ DOM နှင့် HTML5 စသော Code များအတွက် ထောက်ပံ့မှု အသစ်များ ပါဝင်လာခဲ့သည်။ Gecko 1.9.2 Web Rendering Engine ကို အခြေခံ ထုတ်လုပ် ထားသော Firefox 3.6 သည် လျင်မြန်မှုပိုင်း ပိုမိုကောင်းမွန် လာသော်လည်း Mac အတွက် ရည်ရွယ်သော Version တွင်မူ စိတ်အနှောင့်အယှက် ဖြစ်စရာ ချွတ်ယွင်းချက် အချို့ ပါရှိနေဆဲ ဖြစ်ရာ Mozilla က မကြာမီ ပြင်ဆင် ပေးသွားမည်ဟု Mac User များအား ကတိပြု ထားကြောင်း သိရှိရသည်။

Mozilla ရဲ့ ၀ဘ်ဆိုဒ် မှာ သွားပြီး download လုပ်ရတာ ကြံကြာနေမှာစိုးလို့ ဆင်တဲကဖေးမှာ တခါတည်း ဒီမှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ...

from : http://peoplemediavoice.net

ကျော်လို့ခွလို့ရမယ့် site ကလေးတွေပါ

ကျော်လို့ခွလို့ရမယ့် site ကလေးတွေပါ။ မြန်မာပြည်ကသူတွေ အပါအဝင် အခက်အခဲရှိသူများ blogspot နှင့်တကွ အခြား site များကို ဝင်လို့မရတဲ့ အခက်အခဲတွေ ရှိနေပါတယ်။ ပြန်လည်ဝေမျှလို့ရအောင် တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်း အောက်က site တွေကို ဘယ် blog ကကူးမိမှန်း မသိတော့လို့ ဖော်မပြနိုင်တာ ကာယကံရှင်ကို တောင်းပန်ပါတယ်။
www.polysolve.com
Geotunnel.com
ImSly.com
SlyUser.com
Weprox.com
Vtunnel.com (Supports SSL)
Vtunnel.biz
Vtunnel.info
Vtunnel.us
Vtunnel.tv
V-tunnel.org (new)
Atunnel.com
Btunnel.com
Ctunnel.com
Dtunnel.com
Ftunnel.com
Gtunnel.com
G-tunnel.com (new)
H-tunnel.com (new)
I-tunnel.net (new)
Jtunnel.com
J-tunnel.com (new)
Ktunnel.com
K-tunnel.com (new)
Ltunnel.com
L-tunnel.com (new)
M-tunnel.com (new)
Ntunnel.com
N-tunnel.com (new)
Otunnel.com
O-tunnel.com (new)
Ptunnel.com
P-tunnel.com (new)
Q-tunnel.com (new)
Rtunnel.com
R-tunnel.com (new)
T-tunnel.net (new)
Wtunnel.com
Ztunnel.com
Ftunnel.net
Htunnel.net
Jtunnel.net
Ltunnel.net
W-tunnel.com (new)
Ztunnel.org
Unblock-Websense.com (new)
Unblock-Bess.com (new)
UnblockWebsense.com
UnblockBess.com
VPNTunnel.net
SafeForWork.net
VMathPie.com
USTunnel.com
USATunnel.com
BackFox.com
SafeHazard.com
SafeLizard.com
MathTunnel.com
NewBackDoor.com
GeoTunnel.com
EnglishTunnel.com
CalculatePie.com
DrProxy.net (new)
DrPruxy.net (new)
DrPxy.net (new)
FastFreeProxy.com (new)
ProxyGenie.com (new)
FreeToView.net (new)
PimpMyIP.com (new)
MyPrxy.com (new)
NinjaProxy.com (new)
AnonyNinja.com (new)
NinjaCover.com (new)
SamuraiProxy.com (new)
SamuraiStealth.com (new)
WarriorProxy.com (new)
24TopProxy.com (new)
SneakzorZ.com (new)
24Proxy.com
24Traffic.info
HideMyBox.com
ProxyButton.com
IraniProxy.com
WizProxy.com
DahProxy.com
မသိသေးသောသူများအတွက် ရည်ရွယ်ပါတယ်။ blogspot,youtube အစရှိတဲ့ site တွေကို မြန်မာပြည်က ဘန်းထားတဲ့အတွက် တိုက်ရိုက် ဖွင့်လို့မရပါဘူး။ ဥပမာ...blogspot ဖြစ်တဲ့ www.sindecafe.blogspot.com ကိုမြန်မာပြည်ကဖွင့်ချင်တယ်ဆိုပါတော့ www.polysolve.com ကိုအရင်သွားပါ။ အဲဒီ site ရဲ့ search box ထဲမှာ www.sindecafe.blogspot.com လို့ရိုက်ပြီး ရှာကြည့်ပါ။ www.sindecafe.blogspot.com အလွယ်တကူ ဖွင့်လို့ရတာတွေ့ရပါလိမ့်မယ်။ တခြားဖွင့်မရတဲ့ site တွေကိုလည်း ဒီနည်းအတိုင်း ဖွင့်ပါ။ အားလုံးအဆင်ပြေကြပါစေ။ ။

Friday, November 6, 2009

မိုလ်ဘိုင်းဂိမ်း ၀၀၁

၀၁။ စူပါမင်း နှင့် လင်းနို့လူသား ဂိမ်း Mediafire
၀၂။ ပါဝါရိန်းဂျား ဂိမ်း Mediafire
၀၃။ UFO ဂိမ်း Medirafire
၀၄။ သူခိုးခြေလှမ်း ဂိမ်း Mediafire
၀၅။ အာဂွန်နဂါး ဂိမ်း Mediafire

Sunday, November 1, 2009

ဆင်တဲကဖေး selection songs 008

မြန်မာ Rapper တွေ မိဘမေတ္တာအကြောင်း ရေးဖွဲ့သီဆိုထားကြတဲ့ သီချင်းကောင်းလေးတွေ ပါ။
၀၁. မိသားစုဘဝ ( 9mm )
၀၂. အဖေ ( Black Hole )
၀၃. အဖေ ( ဂျောက်ဂျက် )
၀၄. အဖေ ( ကြက်ဖ )
၀၅. အမေ ( ဗျောက်အိုး )
၀၆. ကမ္ဘာခြားတဲ့ဖေဖေ ( နန်းဆုရတီစိုး )
၀၇. ငါ့အမေ ( စိုးကြီး၊ sz )
၀၈. အိမ် ( ရဲလေး )
၀၉. ထိပ်ဆုံးမုာအမေ ( ရဲလေး )
၁၀. သားမိုက် ( ဖြိုးလေး )
၁၁. Daddy ( စိုင်းစိုင်းခမ်းလှိုင် )
၁၂. အိုမေမေ ( စိုင်းစိုင်းခမ်းလှိုင် )
၁၃. ကြိုးပျက်သွားတဲ့အိမ်ထောင်မျိုး ( စိုင်းစိုင်းခမ်းလှိုင် )

သီချင်းအားလုံးကို ဒေါင်းရန် ။ ။ MultiUpload

အရှင်အာစာရာလင်္ကာရ - အဖေနေရာ တရားတော်


နိုင်ငံတော် ဘွဲ့တံဆိပ် (၉) ဘွဲ့ရ အရှင်အာစာရာလင်္ကာရ ၏ မိဘမေတ္တာ ဖော်ကျူးသော ..... အဖေနေရာ တရားတော် တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။

ဒေါင်းရန် ။ ။ MediaFire

အရှင်အာစာရာလင်္ကာရ - အသက်ပေးပြီးချစ်တဲ့အမေ တရားတော်

နိုင်ငံတော် ဘွဲ့တံဆိပ် (၉) ဘွဲ့ရ အရှင်အာစာရာလင်္ကာရ ၏ မိဘမေတ္တာ ဖော်ကျူးသော ..... အသက်ပေးပြီးချစ်တဲ့အမေ တရားတော် တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။

ဒေါင်းရန် ။ ။ MediaFire

အရှင်အာစာရာလင်္ကာရ - ကျေးဇူးဆပ်ခွင့်ပြုပါအမေ တရားတော်

နိုင်ငံတော် ဘွဲ့တံဆိပ် (၉) ဘွဲ့ရ အရှင်အာစာရာလင်္ကာရ ၏ မိဘမေတ္တာ ဖော်ကျူးသော ..... ကျေးဇူးဆပ်ခွင့်ပြုပါအမေ တရားတော် တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။

ဒေါင်းရန် ။ ။ MediaFire

Wednesday, October 28, 2009

အရှင်အာစာရာလင်္ကာရ - မိဘမျက်ရည်တစ်စက်သောကတစ်သက် တရားတော်


နိုင်ငံတော် ဘွဲ့တံဆိပ် (၉) ဘွဲ့ရ အရှင်အာစာရာလင်္ကာရ ၏ မိဘမေတ္တာ ဖော်ကျူးသော ..... မိဘမျက်ရည် တစ်စက် သောက တစ်သက် တရားတော် တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။

ဒေါင်းရန် ။ ။ MediaFire

Friday, October 23, 2009

မိုလ်ဘိုင်းဖုန်း အတွက် မလေးရှား ဆော့ဝဲ

အထူးသဖြင့် မလေးရှား အကြောင်းသိချင်သောသူများ၊ မလေးရှား ကိုသွားချင်သူများ၊ မလေးရှားတွင် ရောက်နေသောသူများအတွက် ပိုသင့်တော်ပါတယ်။ မိုလ်ဘိုင်းဖုန်း တော်တော်များမှာ Install လုပ်လို့ရမယ့် ဆော့ဝဲလေးတွေပါ။

မလေးရှားမှ ပြည်နယ်နှင့်မြို့များအကြောင်းကို Guide လုပ်ရှင်းပြထားတဲ့ ဆော့ဝဲလေးပါ။ Download လုပ်၍ ရယူနိုင်ပါတယ်။

မလေးလူမျိုးများရဲ့ ဘာသာရေးမှာ နေ့စဉ်သူတို့ဘုရားကို ၅-ကြိမ် ရှိခိုးရပါတယ်။ မလေးရှားနိုင်ငံမှာ နေရာဒေသကိုလိုက်ပြီး မလေးလူမျိုးများရဲ့ ဘုရားရှိခိုးတဲ့အချိန်တွေ မတူကြပါဘူး။ ဆော့ဝဲလေးက နေရာဒေသကိုလိုက်ပြီး အချိန်မှန်အောင် Auto Alarm ပေးတဲ့ ဆော့ဝဲလေးပါ။ ဒီဆော့ဝဲလေးက ၂၀၀၉ ခုနှစ်မှာစပေါ်လာ ဆိုတော့ မလေးလူမျိုးတော်တော်များမှာ မရှိသေးပါဘူး။ ဒီဆော့ဝဲလေးကို မလေးလူမျိုးဘော်ဒါတွေကို ပေးလိုက်လို့ကတော့ သူတို့က "တယ်ရီမာကာစေး" လို့ပြောပြီး ကျေးဇူးတင်နေမှာ အသေအချာပဲ။ Download လုပ်၍ ရယူနိုင်ပါတယ်။

အရှင်အာစာရာလင်္ကာရ - အနှိုင်းမဲ့အမေ တရားတော်


နိုင်ငံတော်ဘွဲ့တံဆိပ် (၉) ဘွဲ့ရ အရှင်အာစာရာလင်္ကာရ ၏
မိဘမေတ္တာဖော်ကျူးသော ..... အနှိုင်းမဲ့အမေ တရားတော်
တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။

ဒေါင်းရန် ။ ။ MediaFire

အရှင်အာစာရာလင်္ကာရ - အမေ့နို့ဖိုးဆပ်တဲ့သား တရားတော်


နိုင်ငံတော်ဘွဲ့တံဆိပ် (၉) ဘွဲ့ရ အရှင်အာစာရာလင်္ကာရ ၏
မိဘမေတ္တာဖော်ကျူးသော ..... အမေ့နို့ဖိုးဆပ်တဲ့သား တရားတော်
တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။

ဒေါင်းရန် ။ ။ MediaFire