Wednesday, December 16, 2009

အချစ်ရောင်ရင့်ရင့်

ဟောဒီအဖြူရောင်ရင်ဘတ်ပေါ်မှာ
အချစ်ရောင်ရင့်ရင့်ကိုတင်ခဲ့တုန်းကပေါ့
စွန်းထင်းသွားတဲ့စိတ်တွေ
ရွက်ကြွေတွေလိုမဝေနိုင်တော့ဘူး
ရူးသွပ်ခဲ့တုန်းကဒီဘ၀မှာငါပျော်တယ်
စွန်းထင်းနေလျှက်ကသူခြွေရက်လိမ့်မယ်လို့တော့
ငါမထင်မိဘူးလေ......
အချစ်ရောင်ရင့်ရင့်နဲ့
ဘ၀ကိုတည်ဆောက်ခွင့်ရရင်
ထာဝစဉ် ထာဝစဉ် ပါပဲလို့ထင်ခဲ့တာ.......
ဒီလိုနဲ့အချစ်အချစ် ဆိုပြီး
အပြစ်တွေနဲ့သူပြုစားခဲ့တာ
အချစ်ကိုမျက်ကွယ်ပြုရင်း
ညစ်ကျယ်ကျယ်အတွေးတွေနဲ့
တွန်းကန်ဖို့ကြိုးစားခဲ့တာ
ဟောဒီရင်ဘတ်ထဲကနာမိတယ်
ကံကြမ္မာရယ်၊ဇာတာရယ်၊နှလုံးသားရယ်က
အရှုံးများပဲရစေခဲ့တာ
ဘ၀ရဲ့အလကာင်္တွေတောင်သွေ့ခြောက်လို့.......

No comments: