Saturday, October 31, 2009

မနှင်းဆီ

အမှန်တော့
တို့နှစ်ယောက်ဟာ
မထူးဆန်းပါဘူး
ရိုးရိုးလေးချစ်ခဲ့ကြပြီး
တိုးတိုးလေးကြွေခဲ့ရတာပါ
ချစ်ခြင်းမုန်းခြင်းတွေ
ကြားထဲကထိစပ်ခဲ့တဲ့မျဉ်းတွေလို
တစ်ခုနဲ့တစ်ခု
ဖြတ်သွားကြတာလေ
မထူးဆန်းပေမယ့်
အရူးအနှမ်းလိုချစ်ခဲ့မိတာကို
မငြင်းနိုင်ဘူး မနှင်းဆီ.....
ရိုးရိုးလေးပေမယ့်
တိုးတိုးလေးတော့
လွမ်းနေတုန်းပဲ.........

တင်ဆက်သူ....{ချိုကျ}

No comments: