Thursday, January 14, 2010

လွမ်းငွေ့ပြေပန်းတံတား





ဟိုတစ်ဖက်ကမ်းနဲ့ဒီတစ်ဖက်ကမ်း
ရင်ခွင်တစ်ဖက်ခြမ်းဆီ
တမ်းတမှန်းမျှော်နေရုံနဲ့
ဒီအလွမ်းမြစ်ရေတွေက
ခမ်းသွားမှာမှမဟုတ်တာ
ဘဝရဲ့လမ်းတွေကြမ်းတမ်းပါစေ...
တစ်ခမ်းတစ်နားနဲ့
လွမ်းငွေ့ပြေပန်းတံတားကို
ဒို့ဆောက်ကြပါဆို့....
ဟောဟိုတောင်အထက်နားဆီက
လွမ်းဒုက္ခတွေဝေစေမယ့်
တောင်ကြရေတွေစီးဆင်းဉီးတော့
ချစ်ခြင်းတွေကိုခင်းကြင်း
အသက်နဲ့ရင်းပြီးတည်ဆောက်မယ်.......

No comments: