နောက်လဆိုရင် ဒီဇင်ဘာလထဲကို ရောက်တော့မယ်. ခရစ္စမတ်အတွက် ရင်ခုန်နေကြသူတွေရှိသလို ပျော်ကြမဲ့သူတွေလည်း ပုံအောနေမှာပဲ.. ကျွန်မငယ်ငယ်တုံးက ကြုံခဲ့ရတဲ့ ခရစ္စမတ်ကို သွားသတိရမိတယ်.. ဆင်တဲမြို့လေးရဲ့ တိတ်ဆိတ်နေတဲ့ ညအချိန်မှာ အုပ်စုဖွဲ့ လူငယ်၊ လူကြီး၊ လူလတ် အရွယ်လေးတွေ ခရစ္စမတ်သီချင်းလေးတွေနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ပြီး ကောင်းချီးမင်္ဂလာပေးကြတယ်. ကျွန်မတို့ညီအစ်မ(၃)ယောက်လုံး အဲဒီ့အချိန်ဆိုရင် အရမ်းပျော်တယ်. လာပြီး သီချင်းဆိုတဲ့သူတွေကိုလည်း မုန့်ကျွေးသလို ကျွန်မတို့တွေလည်း မုန့်တွေစားရတယ်လေ. နောက်ပြီး ကောင်းချီးပေးတဲ့ အဖွဲ့ကို မုန့်ကျွေးရင်၊ မုန့်ဖိုးပေးရင် သူတို့တွေက သီချင်းလေးတွေနဲ့ ထပ်ပြီး ဒီအိမ်မင်္ဂလာ ကျက်သရေအပေါင်း ပြည့်စုံပါစေဆိုပြီး ကောင်းချီးပေးကြတယ်. အရမ်းနားထောင်လို့ကောင်းတယ်... ကျွန်မငယ်ငယ်ကတွေးမိတယ် သိလား. ခရစ္စမတ်သီချင်းတွေ ဆိုချင်လိုက်တာလို့... ဒါဆိုရင် ခရစ္စယာန်တစ်ယောက်ဖြစ်ရမယ်ထင်တယ်နော်. သူတို့သီချင်းလေးတွေက အခုအချိန်ထိ အမှတ်တရရှိနေဆဲပါပဲ.. ဆင်တဲမြေက ခွဲခွာပြီးနောက်ပိုင်း အဲလိုမျိုး တစ်ခါမှ ထပ်မကြုံတော့ဘူးလေ....အခုအချိန်ထိရော အဲလိုမျိုးတွေ ရှိနေသေးလား....
No comments:
Post a Comment