တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် မြို့အသီးသီးမှာ တန်ဆောင်တိုင် ပွဲတော်ကို ကျင်းပကြမြဲ ဖြစ်ပါတယ်. တောင်ကြီးမှာဆိုရင် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်. ပြည်မြို့မှာဆိုရင် ပြည်ရွှေဆံတော် ဘုရားပွဲတော်.. စသည်ဖြင့် အသီးသီး ကျင်းပပြီး ပျော်ကြရွှင်ကြတယ်. ကျွန်မနေထိုင်တဲ့ မြို့ကတော့ တစ်ခြားမြို့တွေနဲ့ မတူဘူးလို့ ထင်မိတယ်. ကလေးတွေ လူငယ်တွေရော လူလတ်ပိုင်းပါ မကျန် ကိုယ်နဲ့ ရင်းနှီးသူတွေ ဆီကနေ မုန့်ဖိုးတောင်းပြီး ညဘက်မှာ ချက်ပြုတ်စားကြ၊ မုန့်ဝယ်စားကြနဲ့ ပျော်စရာကောင်းပါတယ်..ကလေးတွေကလည်း ကိုယ့်အဖွဲ့နဲ့ကို စုပြီး ငွေဖလားတွေကိုင် တစ်အိမ်ဝင် တစ်အိမ်ထွက် မုန့်ဖိုးလည် တောင်းကြ၊ မုန့်ဝယ်စားကြနဲ့ ပျော်ရွှင်ကြပါတယ်. တစ်ချို့ လူလတ်ပိုင်း အရွယ်တွေဆိုရင် ကာရာအိုကေ ၀ိုင်းတွေဖွဲ့ပြီး တစ်လမ်းဝင် တစ်လမ်းထွက် သီချင်းလိုက်ဆိုပြီး မုန့်ဖိုးတောင်းကြသတဲ့. ညမိုးချုပ်လို့ လမ်းသွား လမ်းလာတွေ သိပ်မရှိတော့တဲ့ အချိန်ဆိုရင် သူ့အိမ်ကပစ္စည်း ကိုယ့်အိမ်ပို့ ကိုယ့်အိမ်က ပစ္စည်း သူ့အိမ်ပို့နဲ့ လူငယ် လူရွယ် လူလတ်တွေ အလုပ်ရှုပ် ကြပါသေးတယ်. ဒီလိုမျိုး ဓလေ့တွေကို ကျွန်မတို့မြို့မှာပဲ တွေ့နိုင်မယ် ထင်တယ်. တစ်ခြားမြို့တွေက ပြောင်းလာတဲ့ သူတွေဆိုရင် ကျွန်မတို့ မြို့အထာကို မသိကြတော့ တစ်မျိုးတစ်မည် မြင်တတ်ကြပါတယ်. နောက်တော့ နှစ်နည်းနည်းကြာလာမှ သူတို့တွေလည်း အထာကျ လာကြပါတော့တယ်. ဒီလိုအလေ့အထလေးတွေနဲ့ ကြုံဖူးချင်ရင်တော့ ကျွန်မနေထိုင်ရာ မြို့ကို လာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်.. :)
No comments:
Post a Comment