ဆင်တဲကနေဝေးကွာခဲ့တာ နှစ်ကာလအားဖြင့် (၁၆)နှစ်လောက်ရှိတော့မယ်.. ဘယ်တော့မှလည်း မမေ့နိုင်ခဲ့ပါဘူး.. နောင်လည်း မေ့နိုင်မယ်မထင်တဲ့ နေရာလေးပါ... `ဖေဖေ´ ရှိနေတယ်ဆိုတဲ့ အသိလေးနဲ့တင် လွမ်းတဲ့စိတ်ကလည်း ထိန်းလို့မရနိုင်ခဲ့ပါဘူး.. ငယ်ငယ်က ကြောက်ခဲ့ရတဲ့.. Gust Houst နားလေးက ဥရှစ်ပင်ကြီးရယ်... အိမ် ခြေရင်းမှာရှိတဲ့ သစ်ပင်ကြီးရယ်.. ရှစ်ထောင်တန်လိုင်းဘက်ကိုသွားတဲ့ ကုန်းမြင့်ကြီးရယ်... သိမ်ကုန်းဘုရားသွားတဲ့ လမ်းမြှောင်လေးရယ်... အခုထက်ထိ အိမ်မက်ထဲမှာ လာခြောက်လှန့်နေတုံးပဲ.... ဘယ်တော့မှ မမေ့နိုင်တဲ့ သိမ်ကုန်းဘုရားမှာ လုပ်တဲ့ အလှူပွဲတွေရယ်... စာသင်ခဲ့ရတဲ့ အထက၊ဆင်တဲ ကျောင်းတော်ကြီးရယ်... စက်ဘီးလျှောက်စီးခဲ့တဲ့ ကွန်ကရစ်လမ်းတွေရယ်... တပ်မတော်နေ့နီးရင် ပစ်ဖောက်ခဲ့တဲ့ မီးရှူးမီးပန်းတွေရယ်(အခုထိ အဲလောက်လှတဲ့မီးပန်းတွေ မတွေ့တော့ဘူး)...ရွာသစ်လမ်းတွေရယ်.. ဗွီဒီယိုရုံတွေရယ်... သူငယ်ချင်းတွေရယ်.. ဆရာ၊ ဆရာမတွေရယ်.. မမေ့နိုင်စရာ အလွမ်းတွေနဲ့ အခုထိ ဆင်တဲကို လွမ်းဆွတ်တမ်းတနေတုံးပါပဲ.. ... ဟိုးအရင်က နေရာလေးတွေကို သတိရနေတုံးပဲ....အခုနေ ရောက်ခဲ့ရင် မှတ်မိနိုင်ပါတော့မလား... ပြောင်းလဲနေပြီဆိုရင်လေ... ဘယ်အချိန် ဘယ်ကာလမှာ ပြန်ရောက်မယ်မသိပေမဲ့ .......
No comments:
Post a Comment