သူငယ်ချင်းတစ်ယောက် ပို့ထားတဲ့ ကဗျာလေးပါ။ "ဘ၀တစ်ခြမ်း" တဲ့ ခံစားကြည့်ပေးပါ။
နင့်အတ္တ အဆုံးတဘက်မှာ
ငါ့ကံကြမ္မာ အသက်ဝင်သွားပြီ
နှစ်သိမ့်မှု့အရိပ်အောက်က
အပင်ပေါက်ခဲ့ရတဲ့ အဆိပ်အတောက်တွေလား
မျက်တောင်ဖျားလေးအဆုံးက
နင့်ဘ၀လိုအပ်ချက် တသက်စာငါမြင်နေရတယ်
နေတစ်ခြမ်း လတစ်ခြမ်းနဲ့
လျှောက်လှမ်းခိုင်းတဲ့လမ်းတွေထဲ
ဆူးတွေပါဖြန့်ကျဲလို့
အိုကွာ...
ဒါဟာငါ့အတွက်တော့
သကာရည်ဆမ်းထားတဲ့ ဘတစ်ခြမ်းပါပဲ ။ ။
ပေးပို့သူ... ကျော်နွေဦး (ဆင်တဲ)
No comments:
Post a Comment