ရိုးရိုးသားသား မှန်မှန်ကန်ကန် ကြိုးကြိုးစားစား လုပ်မယ်။ မရိုးသားတာ မမှန်ကန်တာကို မလုပ်ဘူး။ ဘယ်လောက်ပဲ အခက်အခဲတွေရှိရှိ အမှန်ကန်ဆုံး အရိုးသားဆုံး အကောင်းဆုံး နည်းလမ်းကို ရှာပြီးတော့ အခက်အခဲတွေကို ဖြေရှင်းသွားမယ်။ ငြိမ်းချမ်းနေတာ သဘာဝပါ။ငြိမ်းချမ်းတဲ့စိတ်ဟာ လွတ်တဲ့စိတ်ဖြစ်တယ်။ ငြိမ်းချမ်းတဲ့စိတ်ဟာ အမှန်ကိုလိုလားတဲ့စိတ်ဖြစ်တယ်။ ငြိမ်းချမ်းတဲ့စိတ်ဟာ တကိုယ်ကောင်းမဆန်ဘူး။ ငြိမ်းချမ်းတဲ့စိတ်ဟာ တန်ဖိုးအရှိဆုံးအရာဖြစ်တယ်။ ငြိမ်းချမ်းမှုမရှိရင် ပစ္စည်း ဥစ္စာ ရာထူး အာဏာဘယ်လောက်ရှိရှိ ဘဝဟာအဓိပ္ပာယ် မရှိနိုင်ဘူး။ ငြိမ်းချမ်းတဲ့သူဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်။ ငြိမ်းချမ်းတဲ့သူဟာ မြင့်မြတ်တဲ့သူ ဖြစ်တယ်။ မြင့်မြတ်တဲ့သူဟာ သဘောထားကြီးတဲ့သူဖြစ်တယ်။ သဘောထားကြီးတဲ့သူဟာ မျှတတဲ့သူဖြစ်တယ်။ သဘောထားကြီးတဲ့သူဟာ ခွင့်လွတ်တဲ့သူ့ဖြစ်တယ်။ ငြိမ်းချမ်းတဲ့သူဟာ မိတ်ဆွေကောင်းဖြစ်တယ်။ ငြိမ်းချမ်းတဲ့သူဟာ မိမိကိုယ်ကိုလေးစားတဲ့သူ ဖြစ်တယ်။ မိမိကိုယ်ကိုလေးစားတဲ့သူဟာ သူတပါးကိုလည်း လေးစားတဲ့သူ ဖြစ်တယ်။ ငြိမ်းချမ်းတဲ့စိတ်ဟာ အမှန်ကိုလိုလားတဲ့စိတ် ဖြစ်တယ်။ ငြိမ်းချမ်းနေတဲ့သူဟာ အောင်မြင်တဲ့သူ ဖြစ်တယ်။
ငြိမ်းချမ်းတဲ့စိတ်ဟာ ကျေနပ်နေတဲ့စိတ် ဖြစ်တယ်။
ငြိမ်းချမ်းတဲ့စိတ်မှာ စာနာမှု ရှိတယ်။
ငြိမ်းချမ်းတဲ့စိတ်မှာ ဂုဏ်သိက္ခာ ရှိတယ်။
ငြိမ်းချမ်းတဲ့စိတ်မှာ သတ္တိတွေ အင်အားတွေ ရှိတယ်။
စိတ်ရဲ့ ငြိမ်းချမ်းမှုဟာ အပျော်အပါးထက် ကျေနပ်စရာကောင်းတယ်။ မိမိစိတ်ကို ...
(ဆရာတော် ဦးဇောတိက)
ဆရာတော် ဦးဇောတိက - ငြိမ်းချမ်းခြင်း တရားတော် မှ ကောက်နုတ်ထားတာ ဖြစ်ပါတယ်။ တရားတစ်ပိုဒ်လုံးကို အောက်မှာ Download ဆွဲ၍ နာယူနိုင်ပါတယ်။
ဒေါင်းရန် ။ ။ Mediafire
Wednesday, September 16, 2009
ဆရာတော် ဦးဇောတိက - ငြိမ်းချမ်းခြင်း တရားတော်
MMA မှာ ကျွန်တော် Share ခဲ့တဲ့ ဆရာတော် ဦးဇောတိက ရဲ့ တရားတော် တွေကို ဒီ blog လေးမှာပြန်တင်ထား လိုက်ပါတယ်။
ကဖေးဝိုင်းများ @
#ပေါ့ဆိမ့် ဝိုင်း,
♥ဆရာတော် ဦးဇောတိက ရဲ့ တရားတော် ဝိုင်း
No comments:
Post a Comment