Tuesday, September 15, 2009

** ဘ၀ဟူသည်**

ဘ၀ဟူသည်
ရယူခြင်းမဟုတ်
ပေးဆပ်ခြင်းသာ…။
ကောင်းလိုက်တဲ့စာသား
ဘယ်သူများရေးသွားတာပါလိမ့်…။
ဘ၀ထဲမှာအဖြေရှာကြည့်တော့
ရေရာတာတစ်ခုမှမတွေ့
သေချာတာတစ်ခုတော့ရှိပါရဲ့
အဲဒါကတော့…
သေမှာတစ်ခုပါပဲ…။
ဒါတောင်မှ
နေ့သေမလား
ညသေမလား
ဒီနေသေမလား
နက်ဖြန်သေမလားဆိုတာ
ဘယ်သူဘယ်ဝါမှ
သေသေချာချာမသိနိုင်တော့
ရှိသမျှအချိန်လေးမှာ
ငြိမ်းအေးသာတဲ့ ဘ၀ပိုင်ရှင်
ဖြစ်ချင်ကြတာဓမ္မတာပါပဲ…။
ဘ၀မှာ
ရတာက ခပ်ပါးပါး
ပေးရတာက ခပ်များများပါ
ရလာတဲ ခန္ဓာ ကိုကြည့်တော့
ဝေဒနာတွေနဲ့အပြည့်ပေါ့…
ဘ၀မှာ မုချရလာမယ့်
ဒုက္ခသစ္စာတရားဟာလည်း
သမုဒယတဏှာကို အကြောင်းခံခဲ့တာဆိုတော့
အငိုနဲ့စခဲ့တဲ လူ့ဘ၀ကို
သုခကမ္ဘာအလား
ထင်မှတ်မှားနေကြတဲ့
ကျွန်ုပ်တို့လူသားတွေအတွက်
သေရမယ့်ရက်ကို လက်ချိုး
မိုးလင်းကမိုးချုပ်
သေမယ့်အလုပ်တွေကိုခြည်း လုပ်နေကြရတာ…။
လူုဘ၀ရဲ့အနှစ်သာရဟာ
ဖြစ်လာတဲ့ဘ၀ကိုကျေနပ်
နေတတ် ဖို့လိုတာပါပဲ…။
နေရတဲ့အခိုက်အတန့်မှာ
စိတ်ကိုဖြူစင် သန့်ရှင်းအောင်ထား
သတ္တ၀ါများအပေါ် မေတ္တာပွား
ကိလေသာတွေ နည်းနိုင်သမျှနည်းအောင်
ကြိုးစားအားထုတ်
ကိုယ်အလုပ်ကိုယ် လုပ်နိုင်ကြပါစေ…။

မောင်အေးချမ်း ဘလော့ မှ..
တင်ဆက်သူ.. ကျဆိမ့်....

No comments: