Saturday, January 2, 2010

Ornagai Mobile Dictionary Version 2

မိုလ်ဘိုင်းဖုန်းများအတွက် Ornagai Mobile Dictionary Version 2 အင်္ဂလိပ်-မြန်မာ အဘိဓာန် ဆော့ဝဲလေးက mz_dictionary ရဲ့ ဒုတိယ vesion လို့ပြောလည်းရပါတယ်။ mz_dictionary ထက် စလုံးရေနဲ့ လုပ်ဆောင်ချက် ပိုများလာတယ်။ Ornagai Mobile Dictionary Version 2 ကို www.Ornagai.com က မြန်မာပညာရှင်တွေ ရေးသားပြီး အားလုံးအတွက် အခမဲ့ ထုတ်ဝေပြီး သုံးဆွဲစေတာပါ။ အခမဲ့ ဆိုတော့ အလကားပေါ့။ အလကားဆိုတော့ အမြဲသုံးလို့ရတာပေါ့။ install လုပ်ထားပြီးရင် ဖျက်မပြစ်မချင်း သုံးလို့ရပြီပေါ့။ ကျေးဇူးပါပဲ www.Ornagai.com ရေ..။ ဆော့ဝဲလေးကို ဖုန်း Model အစုံမှာ သုံးလို့ရအောင် version ၃-မျိုးခွဲထားပါတယ်။
* Normal Version * (for most users)
Normal Version ကတော့ အထွေအထူးမပြောတော့ပါဘူး။ ပုံမှန်အားဖြင့် Java ပါတဲ့ Phone အားလုံးမှာ အလုပ်လုပ်ပါမယ်။
* Limited Version * (if the normal version doesn't work)
ဒါကတော့ သိပ်ပြီး high end မဖြစ်တဲ့ ဖုန်းတွေအတွက်ပါ။ Animation တွေ ဘာတွေလျော့ထားပါတယ်။ တစ်ချို့ feature တွေ၊ ဥပမာ external dictionary file loading မပါပါ။
Program နှင့်တွဲလျက် Dictionary တစ်ခုသာပါပါတယ်။
* Signed Version * (more features, for advanced users)
ဒါကတော့ Security Certificate ပါတဲ့ Version ဖြစ်ပါတယ်။ External dictionary တွေပါ ခေါ်သုံးနိုင်ပြီး ။ အလုံးစုံသော Animation များနှင့် Resource များများလိုသော အစားဖြစ်ပါတယ်။...တဲ့
ကိုယ်ကိုင်တဲ့ ဖုန်းနဲ့ လိုက်ဖက်မယ့် version ကို ရွေးချယ်သုံးပြီး အဆင်ပြေကြပါစေဗျာ။ ကျွန်တော်လည်း Mysteryzillion မှာ သွားဖတ်ပြီး ပြန် share လိုက်ပါတယ်။

ဒေါင်းရန် ။ ။
ornagai_mobile_v2 အတွက် MediaFire , MultiUpload
ornagai_mobile_v2_limited အတွက် MediaFire , MultiUpload
ornagai_mobile_v2_signed အတွက် MediaFire , MultiUpload

1 comment:

မြတ်မွန် said...

ကျေးဇူးတင်ပါတယ် ပြန်လည်မျှဝေပေးတာ..