Monday, January 4, 2010

မာယာမဲ့သောမြစ်

အချစ်ဆိုတဲ့အရာကို ဒါအချစ်ပဲလို့ စသိလိုက်ရတဲ့အချိုန်ဟာ ကျွန်တော့်အတွက် တော့နောက်ကျလွန်းပါတယ်၊၊ကျွန်တော်သိခဲ့တဲ့ အချစ်က တွေဝေမှုတွေ၊အားနာမှုတွေ၊ နောက် စွန့်လွှတ်မှုတွေ နဲ့ဆိုတာ ကျွန်တော် သိခဲ့ရတဲ့အချိန်မှာ ရင်ထဲကအချစ်က နှလုံးသားနဲ့အဝေးဆုံး ကိုရောက်သွားပါပြီ၊၊ တစ်ကယ်တော့ ဒါတွေဟာ တစ်ဖက်သက်ကျလွန်းတဲ့ ကိုယ်ပိုင်အတွေးတွေပါ၊၊ ဟုတ်တယ် ဒါတွေကို တိုးတိုးလေးခေါ်ဆိုခဲ့ရတဲ့ ရင်ထဲက မြစ်တစ်စင်း ကတော့သိလိမ့်မယ် မထင်ပါဘူး၊၊ အေးမြခြင်းတွေ သန့်စင်ခြင်းတွေ နဲ့သူ့ဘ၀ကို စီးဆင်းနေခဲ့ စီးဆင်းနေဆဲပါပဲ၊၊ သူ့ကိုစတွေ့တာ ဟိုးကလေးဘ၀ကတည်းကပေါ့၊၊ ဟုတ်တယ် မူလတန်းကနေ အထက်တန်းထိ တစ်မြေထဲ တစ်ကျောင်းထဲမှာ နေခဲ့ သင်ယူခဲ့ကြတာ ပဲလေ၊၊ လှတယ် စာအရမ်းတော်တယ် ခင်တတ်တယ် စိတ်မနောဖြူစင်တယ် ဆိုတဲ့အချက်တွေက ကျွန်တော့်ကို ဟိုးအဝေးဆုံးကို တွန်းပို့စေခဲ့တာပေါ့၊၊ အဖြူရောင်စာရွက်ပေါ်ကို ဘာအရောင်မှ မစွန်းထင်စေပဲ ဒီအတိုင်းထိုင်ကြည့်နေခြင် တာကျွန်တော့ရဲ့စိတ်ပေါ့၊၊ ကျွန်တော့်ကြောင့် သူစွန်းထင်းသွားမှာ စိတ်ထိခိုက် စိတ်ရှုပ်မှာကို ကျွန်တော် အရမ်းကြောက်မိပါတယ်၊၊ သူငယ်ချင်းလို ခင်မင်ခွင့်ရပြီး သူ့အနားကနေ သူ့ကို ကဗျာတစ်ပုဒ်လို ရွတ်ဆိုနေရတာ ကျွန်တော့်အတွက်တော့ သာယာပါတယ်။ မာယာမပါတဲ့ အပြုံး ဖြူစင်တဲ့ ပြောဆိုဆက်ဆံမှုတွေကြားထဲမှာပဲ ကျွန်တော်ရဲ့ နှလုံးသားဟာ အေးခဲခဲ့ရတယ်လေ၊၊ တစ်ကယ်တော့ သူဟာ သူမရဲ့အိမ်စာတွေ လေကျင့်ခန်းတွေနဲ့ ခေါင်းနှစ်ပြီး အလုပ်ရှုပ်နေချိန်မှာတော့ ကျွန်တော်တစ်ယောက်ထဲ အတွေးတွေနဲ့ ပျော်နေခဲ့ရတယ်။ကျောင်းစာသင်ခန်းထဲ မှာလဲ ဘေးတိုက်မကျတစ်ကျ နောက်နားကနေ သူ့မျက်နှာကို ငေးကြည့် ရင်းဆရာ မမြင်အောင် စာသင်ချင်ယောင် ဆောင်ရသေးတယ်လေ။ဒီလိုနဲ့မှတ်စုစာအုပ် ဝေးလို့ ပုံနှပ်စာအုပ်တောင် ဘယ်နားရှာရမှန်းမသိတဲ့ကောင် စာမေးပွဲကိုတော့ သူနဲ့အတူအောင်ချင်ပါသေးရဲ့။ဒီလိုနဲ့ ၁၀ တန်းစာမးပွဲဖြေဖို့ ၃လ လောက်ပဲလိုတော့တယ်။''ဟဲ...နင်စာတွေရပြီလား''တဲ့ အဟား ဒီကောင်က မြစ်တစ်စင်းနဲ့ အတူစီးဆင်းနေတာ စာဆိုတာဝေလာဝေးပေါ့။"အာ....မဖြစ်သေးပါဘူး ပေးပေး နင့်စာအုပ်တွေ'' ဆိုလို့ စာကြည့်စားပွဲကို မြေလှန်ခဲ့ရသေးတာပေါ့။ဒီလိုနဲ့ သူ့ရဲ့မှတ်စုတွေ လက်ရေးကော်ပီ တွေနဲ့ ဒီ ၁၀ တန်းကို ကျွန်တော်အောင်ခဲ့ရပါတယ်။ဝမ်းသာလိုက်တာ ကောင်မလေးရေ.....စာမေးပွဲအောင်တာရယ် နင့်ရဲ့ကူညီမှုတွေ အရာထင်အောင် ငါလုပ်ပေးနိုင်တဲ့အတွက်ပါဟာ။ တကယ်တော့ အဲဒီနေ့ကနေစပြီး ခွဲခွာခြင်းတွေကစခဲ့တာပေါ့။စာတော်တဲ့နင်နဲ့ ရမှတ်တွေက မိုးနဲ့မြေပဲလေ။မတူညီတဲ့ ကျောင်းတွေမှာတက်ကြရင်းနဲ့ လူ့လောကထဲကို တိုးဝင်ပြီး ငါတို့ကွဲသွားကြတာ ခုချိန်ဆို ၁၁နှစ် လောက်ရှိပြီ နော်။ခုချိန် ကံကြမ္မာကြုံခဲ့လို့ ပြန်ဆုံတွေ့ခွင့်ရရင်တောင် ငါ့အတွက်တော့ မစီးဆင်းပါနဲ့ဟာ။ငါ့ရဲ့ မာယာမဲ့တဲ့ မြစ်ကို ကဗျာတစ်ပုဒ်လိုပဲ ခံစားနေပါရစေ.......

1 comment:

Anonymous said...

မေပုလဲရေ... ဒီကောင်ကြီး နင့်ကိုသတိရနေလိုက်များ ဟင်း..နကျောချင်ဂူး...ဟီးဟီး...