Wednesday, October 28, 2009

နောင်တ

မင်းဒီမကောင်းတဲ့အရက်တွေသောက်လာပြန်ပြီလား။
ဒီအရက်ကမင်းကိုဘာကောင်းကျိုးပေးမှာလဲ။
ကျန်းမာရေးကိုလည်းထိခိုက်မယ်။ပတ်ဝန်းကျင်ကလည်းအထင်သေးမယ်။
ဒါကြောင့်ဒီမကောင်းတဲ့အရက်တွေမသောက်ပါနဲ့ လို့ ပြောနေရတာ။
မင်းကလူကြီးစကားကိုနားမထောင်ဘူး။
ထိုအခါသားဖြစ်သူက...
ဟုတ်ကဲ့အဖေသားနောင်တရပါပြီ။
ဒါကြောင့်ကျန်းမာရေးလည်းမထိခိုက်အောင်၊
ပတ်ဝန်းကျင်ကလည်းအထင်မသေးအောင်
ဒီနေ့ ကစပြီးမကောင်းတဲ့အရက်တွေမသောက်တော့ပါဘူး။
အကောင်းစားအရက်တွေပဲဝယ်သောက်ပါတော့မယ်။

တင်ဆက်သူ....blackကော်ဖီ

No comments: