Wednesday, December 9, 2009

တမ်းတမိတဲ့ ဆင်တဲ

ထနောင်းတမာမြေကဆိုပေမယ့် စပါးရွှေဝါတွေမြင်ရင် ကျွန်တော့်ရဲ့ငယ်ဘဝလေးဖြစ်တဲ့ ဆင်တဲမြို့လေးကို အမြဲမြင်ယောင်မိတယ်၊ အကြောင်းအမျိုးမျိုးကြောင့် ခဏတာပဲရောက်ပြီး သူငယ်ချင်းတွေနဲ့ မဆုံဖြစ်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးကြပါလို့၊
အခုတော့ sinde cafe ၃ လပြည့်မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ သူငယ်ချင်းအားလုံးကို မင်္ဂလာပါလို့ အဆင်သင့်စွာနဲ့ ဒီစင်မြင့်လေးပေါ်ကပဲ အဲ ဒီ blog လေးပေါ်ကပဲ ပဏာမဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ တို့တတွေကြောင်းအမျိုးမျိုးကြောင့် ခွဲခွါခဲ့ရပေမယ့် ဆင်တဲမြေလေးရယ် ပန်းတောင်းတောင်ကုတ်လမ်းမကြီးရယ် မိခင်ကျောင်းတော်ကြီးရယ် မိုးကောင်းဘုရားကြီ နဲ့ သိမ်ကုန်းဘုရားကြီးရယ် တန့်ကြည့်တောင်စေတီ နဲ့ ရွှေဘုံသာစေတီတော်မြတ်ကြီးရယ် ကျောင်းသားဘဝလေးတွေရယ်ကိုတော့ အမြဲအမှတ်ရနေကြမှာပါ။
အထူးသဖြင့် အခြေနေအမျိုးမျိုးကြောင့် ခွဲခွါနေရတဲ့သူငယ်ချင်းတွေ ဆင်တဲမြို့ရဲ့ အငွေ့အသက်ကလေးတွေနဲ့ ပြန်လည်ဆုံဆည်းခွင့်ရအောင် ဆင်တဲမြို့ကိုမရောက်ဘူးပေမယ့် sinde cafe မှတဆင့် မိတ်ဆွေ သူငယ်ချင်းသစ်တွေတိုးပွားပြီး ရောက်လာသူအားလုံးကို ရသပေါင်းစုံပေးစွမ်းနိုင်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီ blog လေးကိုစတင်မွေးဖွားခဲ့တဲ့ သူငယ်ချင်းပေါ့ဆိမ့်ကြီးကိုလည်း အထူးလေးစားကျေးဇူးတင်မိပါကြောင်းနဲ့ sinde cafe ၃ လပြည့်မွေးနေ့မှသည် ဆက်လက်၍ အကောင်းအကောင်းများကို ပေးစွမ်းနိုင်ပါစေလို့ ...
ဆုမွန်ကောင်းတောင်းလျှက်
The Light မဂ္ဂဇင်းထဲက ကဗျာတပုဒ်လို
ကလောင်တလက်
စာ တရွက်နဲ့
နှစ်သက်တဲ့ကော်ဖီခါးသာ
အနားမှာရှိရင်လေ .....

1 comment:

TGRmg said...

၃ လပြည့်နေ့လေးမှသည် ရာသက်ပန် လက်ဆင့်ကမ်းရင်း ဝေစည်နေပါစေလို့ ဆင်တဲကဖေးအတွက် ထပ်တူဆုတောင်းပေးရင်း မွေးရပ်မြေကို ပိုလွမ်းမိပါတယ်ဗျာ။