ညီမလေးရေ... စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်း မကျနိုင်တဲ့ အခြေအနေမှာ လက်တွေ့ ဘ၀ထဲကိုပဲ ပြန်သွားမိတာ ညီမလေး အပြစ်မတင်နဲ့နော်. ညီမလေးနဲ့ ကိုကိုနဲ့က မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလိုပဲ ဘယ်တော့ဆုံမလဲ စောင့်မျှော်ရင်းနဲ့ပဲ ဝေးကွာခဲ့ပြီ.. ဒါပေမဲ့ ကိုကို ကျေနပ်ပါတယ် ညီမလေးရယ် .. ကိုကိုတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် မပြတ်နိုင်တဲ့ အချစ်တွေနဲ့ ချစ်ခဲ့ကြတာကိုတော့ ဘယ်တော့မှ မေ့နိုင်မယ် မထင်တော့ပါဘူး.. ကိုကို့စိတ်ထဲမှာ ညီမလေး အမြဲတမ်း ရှိနေတယ်ဆိုတာ ယုံပါ.. ကိုကိုနဲ့ညီမလေး ချစ်ခဲ့ကြတဲ့ ကာလက တိုတောင်းလွန်းလှပေမဲ့. ကိုကို ညီမလေးကို သိပ်ချစ်တယ်ဆိုတာ ညီမလေးယုံပါနော်..တစ်ကယ်တော့ ကိုကိုနဲ့ ညီမလေးက ဆိုင်သူတွေကိုယ်စီရှိနေရဲ့နဲ့ တစ်ယောက်နဲ့တစ်ယောက် အပျောက်မခံနိုင်လောက်အောင် ချစ်မိသွားတာ ယုံနိုင်စရာမရှိဘူးနော်. ကိုကိုတို့ချစ်သူနှစ်ယောက်ကို ဘယ်သူကမှ ချစ်သူတွေလို့ မထင်သလို ဘယ်သူမှမသိဘဲ လူမသိသူမသိ ကွဲကွာသွားကြတာ ၀မ်းနည်းလို့မဆုံးဘူး.. ကိုကိုက ယောက်ျားတစ်ယောက်အနေနဲ့ မျက်ရည်ကျရလောက်အောင် ချစ်ခဲ့မိတာ ညီမလေးတစ်ယောက်ပဲ ရှိတယ်ဆိုတာယုံပါ... ပထမဆုံးအချစ်မဟုတ်ခဲ့ပေမဲ့ အချစ်ဆုံးဖြစ်ခဲ့ပါတယ်.. (၂၁-၁၁-၀၉) မှာ ချစ်သူတွေဖြစ်ပြီး (၄-၁၂-၀၉) မှာ လမ်းခွဲစကားပြောလိုက်ရတာ.. ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ.. မချစ်တော့လို့မဟုတ်ဘဲနဲ့ ချစ်နေရဲ့နဲ့ ဝေးကွာရတာ အဆိုးဆုံးပဲ ညီမလေးရယ်.. ဝေးကွာခြင်းရဲ့နောက်မှာ ဆုံမှတ်တစ်ခုရှိနေသေးတယ်ဆိုရင်လည်း မျှော်လင့်လို့ရနိုင်ရဲ့. အခုတော့ညီမလေးရယ်... ဘယ်လိုပဲ ဝေးကွာပါစေ.. ဘယ်လိုပဲ မတွေ့ရပါစေ.. ညီမလေးကို ကိုကိုအမြဲတမ်းချစ်နေတယ်ဆိုတာတော့ ယုံထားပေးပါညီမလေးရယ်.. ကိုကို .. ညီမလေးကို အရမ်းချစ်တယ်.....
2 comments:
မိန်းခလေး တစ်ယောက် ကို မျက်ရည် ကျအောင်ကို ချစ်ရတယ်ဆိုလို့ 
ချစ်ရတဲ့  ရင်ဘတ်ခြင်း တူနေတာကြောင့်  ဝေမျှ ခံစားမိပါတယ်လို့ ။
မဖြစ်နိုင်တော့  မှန်းသိသိနေပေမဲ့  နောက်ဆုတ်ဖို့ ကြိုးစားနေရင်းက ရှေ့ ကို
တိုးတိုးလာမိသလောက် ကွဲအက်လာတတ်တဲ့  ခံစားရမှု ပါလို့ ထင်ပါတယ်။
အင်း..ထွက် သက်တို့ အထိ ရှည်ကြာသွားနိုင်ပါတယ်။
နှစ်သက်ပါတယ်
Post a Comment