ပြည်တန်ဆောင်တိုင်ပွဲတော် စတင်နေပြီဖြစ်သောကြောင့် ဆင်တဲမှ ဘုရားဖူးဧည့်သည်များ ကားကြီး၊ ကားငယ်၊ စက်ဘီး၊ ဆိုင်ကယ်၊ စက်လှေများဖြင့် ပြည်မြို့သို့  သွားနေကြောင်း သိရပါတယ်။ ဧရာမင်း ကားများလည်း ညဥ့်နက်ချိန်ထိ ပြေးဆွဲပေးနေကြောင်း သတင်းရရှိပါတယ်။ ပြည်၊ ဆင်တဲ၊ ဥသျှစ်ပင် ကားလိုင်းမှ ကားဒရိုင်ဘာ တစ်ဦးက ဒီနှစ် မြတ်စွယ်တော် မြို့တွင်းလှည့်လည်မည်ဖြစ်သောကြောင့် ဘုရားဖူးဧည့်သည်များဖြင့် စည်ကားနေကြောင်း၊ မြတ်စွယ်တော် လှည့်လည်မည့် သောကြာနေ့ (၃၀.၁၀.၀၉)ရက်နေ့ တွင် ပိုမိုစည်ကားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
တင်ဆက်သူ....blackကော်ဖီ
No comments:
Post a Comment