Monday, October 26, 2009

အို ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စဉ်အပေါင်းသူငယ်ချင်းတို့

ဗုဒ္ဓဘုရား ပွင့်ငြားပေါ်လာ၊
ဟောကာညွှန်ကြား တရားဒေသနာ၊
အကုသလ ကုသလဓမ္မာ၊
သိခွင့်ထူး ကျေးဇူးကြီးလှတာ။

ဘုရားဂုဏ်ထူး ကျေးဇူးကိုရှာ၊
ဘယ်လိုနည်းနဲ့ အပြီးဆပ်မှာ၊
ပရိယတ်နှင့် ပဋိပတ်နှစ်ဖြာ၊
မပြတ်ပွား ဆပ်ငြားကျေးဇူးသာ။

သာသနာထဲ ကြုံခဲကြုံလာ၊
ကြုံပါသော်လဲ ပြုခဲပေရှာ၊
သတိရလို့ သိကြသော်သာ၊
ခွင့်သာခိုက် ပြုလိုက်သာသနာ။

လူ့ဘုံဘ၀ ဖြစ်ရလူမှာ၊
ရတနာသုံးရပ် ဆည်းကပ်မကွာ၊
ကျင့်ကြံမလပ် ၀ိပဿနာ၊
မဂ်ခရီး အပြီးဆိုက်တော့မှာ။

မဂ္ဂင်ရှစ်ပါး တရားစဉ်လာ၊
နိဗ္ဗာန်သွားတဲ့ ရထားယာဉ်ပါ၊
နေ့စဉ်စီး၍ ခရီးတွင်စွာ၊
ကျန်းမာခိုက် အားတိုက်နှင်စမ်းပါ။
fromး ဗုဒ္ဓဓမ္မဦးလောကနာထ

တင်ဆက်သူ - ကျဆိမ့်(ဆင်တဲကဖေး)

No comments: