သူငယ်ချင်းတွေမေးကြလို့ပါ။
အင်္ဂလိပ်-မြန်မာ အဘိဓာန် (Defined ) နှင့် မြန်မာ sms (messx) က ၃ ရက်ပဲခံတယ်။ ဘယ်လိုလုပ်ရင် ဆက်သုံးလို့ရမလဲတဲ့။ ၃ ရက်ကြာရင် coad တွေတောင်းတယ်တဲ့။
ဟုတ်ပါတယ် ၃ ရက်ကြာရင် ဆက်သုံးလို့မရတော့ ပါဘူး။ ကျွန်တော့်မှာလည်း Activation Number တွေမရှိလို့ အမြဲတမ်းမသုံးနိုင် ပါဘူး။ အဲဒီ Activation Number တွေက ဝယ်သုံးမှ သူကအလုပ် လုပ်မှာပါ။ မြန်မာပြည်က သူတွေအနေနဲ့က သက်မှတ်ထားတဲ့ဆိုင်တွေမှာ ဝယ်သုံးလို့ရပါတယ်။ ပြည်ပရောက်နေတဲ့ သူတွေအတွက်ကြ ဝယ်သုံးမယ်ဆိုရင်တောင် သက်မှတ်ထားတဲ့ ဘဏ်ကဒ်တွေမရှိရင် ခက်ပြန်ရော။
နည်းလမ်းလေး တစ်ခုတော့ရှိတယ်။ သူများစီးပွားရေးကို နှောက်ယှက်တာတော့ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဝယ်မသုံးနိုင်တဲ့ သူတွေအတွက်ပေါ့ ၃ ရက်ကျော်သွားလို့ သုံးမရတော့လည်း စိတ်မပူပါနဲ့။ သုံးလို့မရတော့တဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် (Defined ) ဆိုပါတော့ အရင်ဆုံး ဖုန်းထဲက install လုပ်ပြီးသား Strudend's Dictionary ကို delete လုပ်လိုက်ပါ။ ပြီးရင် သိမ်းထားတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် (Defined ) ပြန်ပြီး install လုပ်ပါ။ ဒါဆိုပြန်ပြီး သုံးလို့ရပါပြီ။
Sony Ericsson ဖုန်းတွေက delete လုပ်ရတာ ရိုးရှင်းပါတယ်။ Nokia ဖုန်းတွေကြတော့ Applicition Mananger ကိုသွားပြီး delete လုပ်ပေးရပါတယ်။ တခါတရံ delete လုပ်ရတာအဆင်မပြေ ဖြစ်တတ်ပါတယ်။ အဲဒီအခါ ဖုန်းကို shut down လုပ် ပြန် run ထပ်ပြီး delete လုပ်ကြည့်ပါ။ အဆင်မပြေသေးရင် ဖုန်းမှာ virus ရောက်နေတာဖြစ်နိုင်ပါတယ်။ computer ထဲထည့် virus သတ် လိုက်ပါ။ ပြီးရင် ဆက်ကြိုးစား ကြည့်ပါ။ အဆင်ပြေ ပါလိမ့်မယ်။
၃ ရက် တစ်ခါ ပြန်သုံးနိုင်ဖို့အတွက် အင်္ဂလိပ်-မြန်မာ အဘိဓာန် (Defined ) ကို ဖုန်းထဲက Floder တစ်ခုခုထဲမှာ အမြဲသိမ်းထားဖို့ လိုပါတယ်။ အဲဒါမှ မဟုတ်ရင်တော့ USB နဲ့ဖြစ်စေ Bluetooth နဲ့ဖြစ်စေ အမြဲအလုပ်ရှုပ်နေ ပါလိမ့်မယ်။ USB အခက်အခဲ ရှိသူ Nokia သမားတွေအတွက် Bluetooth ဖြင့်ယူပြီး ရလာတဲ့ Bluetooth sms ကို my floder ထဲမှာ save လုပ်သိမ်းလို့ရပါတယ်။ လိုတဲ့အခါ အဲဒီကနေ install ပြန်လုပ်လို့ ရပါတယ်။ ဆော့ဝဲတွေကို အလိုအလောက် install လုပ်တဲ့ ဖုန်းတွေကြတော့ ပြန်ပြီး install လုပ်ချင်းတိုင်း USB ဒါမှမဟုတ် Bluetooth တွေနဲ့ အလွယ်အကူ ဆက်သွယ်ဖို့လိုတာပေါ့။
မြန်မာ sms (messx) ကလည်း ၃ ရက်ပဲခံတယ်။ သူကြတော့ ဆက်တိုက်သုံးချင်ရင် Activation Number ဝယ်သုံးမှကောင်းမှာပါ။ ၃ ရက်ကြာရင် ဆက်သုံးလို့မရတော့ ကိုယ့်ဆီလာတဲ့ sms တွေကို လက်ခံလို့မရတော့ဘူး။ delete လုပ်ပြီး ပြန် run လို့ရစေအုံးတော့ ကိုယ့်အတွက် အရေးကြီးတဲ့ sms တွေကို save လုပ်ချင်လို့လည်း မရတော့ဘူးပေါ့။
No comments:
Post a Comment