ဒီ blog လေးမဖြစ်ခင်က သူငယ်ချင်းတွေဆီပို့ခဲ့ email လေးကိုနည်းနည်းပြုပြင်ပြီး ဒီနေရာလေးမှာ စတင်လိုက်ပါတယ်။ ဖုန်း အမျိုးစား နှင့် Model တော်တော်များများမှာ အသုံးပြုလို့ရမယ့် ဆော့ဝဲ နှင့် ဂိမ်းဆော့ဝဲ လေးတွေကို ရွေးတင်သွားမှာပါ။
မိုလ်ဘိုင်းဖုန်းဆော့ဝဲလေးတွေကို ဘယ်လိုအသုံးပြုရမှာလဲ?
Download လုပ်ပြီးရလာတဲ့ ဆော့ဝဲလေးတွေကို‑
Application ပါသော ဖုန်းများသာ သုံးလို့ရမှာပါ။ အဲဒီဆော့ဝဲလေးတွေကို
ဖုန်းMemory ထဲဖြစ်ဖြစ်Memory card ထဲဖြစ်ဖြစ် Folder တစ်ခုလုပ်ပြီး ထည့်လိုက်ပါ။
ပြီးရင် ဖုန်းထဲက ကိုယ်ထည့်ထားတဲ့ ဆော့ဝဲလေးတွေကို သွားဖွင့်ပါ။ Install လုပ်ပါလိမ့်မယ်။
ဖုန်း ၊ card ထဲက Application ထဲဖြစ်ဖြစ် Game ထဲဖြစ်ဖြစ် Save လုပ်ပါ။ ပြီးရင် စတင်အသုံးပြု
လို့ရပါပြီ။ အဲဒီဆော့ဝဲလေးတွေကို Computer သုံးပြီးဖုန်းထဲမှာ Floder ထဲထားရင် Bluetooth နဲ့
အခြားဖုန်းတွေကို ပေးလို့ရပါတယ်။ Bluetooth ရထားတဲ့ဖုန်းတွေက အခြားဖုန်းတွေကို ထပ် send
လို့မရတော့ပါဘူး။
မြန်မာစာ sms ကို အခြားဖုန်းမှာလည်း မြန်မာ sms ဆော့ဝဲ install လုပ်ပြီးမှသာ
မြန်မာလိုဖတ်နိုင်မှာဖြစ်ပါတယ်။
အထူးသဖြင့် NOKIA အချို့ဖုန်းများမှာ ကိုယ်က ဆော့ဝဲကိုထည့်ရုံဘဲ ကိုယ်တိုင် install လုပ်စရာမလိုပါဘူး။ ဖုန်းကသူအလိုအလျှောက် install လုပ်ပေးသွားပါတယ်။ ဆော့ဝဲဖုန်းထဲရောက်တာနဲ့ စတင်အသုံးပြုလို့ရပါပြီ။ သူ့မှာ Bluetooth ရန်အတွက် send ပေးမထားပါဘူး။
ဂိမ်းအတွက် မိုလ်ဘိုင်းဖုန်း ဂိမ်းဆော့ဝဲ ဝိုင်း မှာရှာယူပါ။ အခြား ဆော့ဝဲတွေအတွက် မိုလ်ဘိုင်းဖုန်း ဆော့ဝဲ ဝိုင်း မှာရှာယူပါ။
No comments:
Post a Comment