
အခုခေတ် အထူးသဖြင့် လူငယ်တွေကို ပြောချင်တာပေါ့ပေါ့နေလို မရတော့ဘူးနော်။ အစွမ်းအစတွေအများကြီး ထုတ်ရလိမ့်မယ်။ အကြံဉာဏ်တွေအများကြီး ထုတ်ရလိမ့်မယ်။ အလုပ်တွေကိုအမျိုးမျိုး လုပ်ရလိမ့်မယ် လုပ်ရမယ်။ အမျိုးမျိုး စမ်းပြီးတော့ လုပ်ကြည့်ရမယ်။ ပြီးမှကိုယ်နဲ့အဆင်ပြေတာလေး တွေ့ချင်တွေ့မယ်။ အဲဒီအဆင်ပြေတာလေးနဲ့ တွေ့ရင်တောင်မှ "အဲဒီအလုပ်ကလေးနဲ့ ငါတစ်သက်လုံး လုပ်ကိုင်စားသောက် သွားရလိမ့်မယ်" လို့ မမျှော်လင့်နဲ့ ပြောင်းသင့်ရင် ပြောင်းရဦးမယ်။
They will know that they can expect no ordered condition.
ordered condition ဆိုတာ စည်းကမ်းတကျလေး ဖြစ်နေတဲ့အခြေအနေနော်။ ပုံမှန်လေးဖြစ်နေတာ။ အဲဒီလို စည်းကမ်းတကျလေး ပုံမှန်ဖြစ်နေတဲ့ အခြေအနေမျိုးဟာ မျှော်လင့်လို့ မရတော့ဘူး။ they can expect no ordered condition စည်းကမ်းတကျလေး ပုံမှန်ဖြစ်နေတဲ့ အခြေအနေမျိုးဟာ မျှော်လင့်လို့ မရတော့ဘူး ဆိုတာကို They will know သူတို့သိလိမ့်မယ်တဲ့။ သိအောင်ပြောရတော့ မှာဘဲနော်။
မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါမှာ ကြိုတင်ပြင်ဆင်ထားနိုင်တဲ့သူမှသာ ဘဝကိုအဆင်ပြေပြေ နေနိုင်မယ်။ ဘဝဆိုတာ ကိုယ့်ဉာဏ်ပညာ လုံလဝီရိယ လုပ်ရည်ကိုင်ရည် ဘယ်လောက်ရှိတယ် ဆိုတာကို စမ်းတဲ့စာမေးပွဲလို့ သဘောထားပြီးတော့ ကိုအစွမ်းအစတွေကို အမြဲတမ်း မြှင့်တင်ရင်း နေသွားရမယ်။
ပြဿနာဟာ နေ့တိုင်း တွေ့နေရမှာပါ။ ပြဿနာကို ဖြေရှင်းနေရတာဟာ ဘဝမှာ ပုံမှန်လုပ်နေရတဲ့ အလုပ်ပါ။
ပြဿနာကို ကြောက်ပြီးတော့ တွေးပြီးတော့ စိတ်ညစ်နေဖိုမဟုတ်ဘူး။ ကိုယ့်မှာ အရည်အချင်းရှိသလောက် လုပ်နိုင်သလောက် လုပ်ပါ။ ကိုယ်မျှော်လင့်သလောက် ရာနှုန်းပြည့်တော့ ဖြစ်မှာမဟုတ်ဘူး။ နိုင်သလောက်ပဲ တာဝန်ယူပြီးတော့ လုပ်ပါ။ ပြီးရင် တခါတရံ မေ့မေ့ပျောက်ပျောက် နေနိုင်အောင်လည်း ကြိုးစားပါ။ အချိန်ပြည့်ကြီး ပြဿနာတွေ ခေါင်းထဲမှာ သယ်မထားပါနဲ့......
(ဆရာတော် ဦးဇောတိက)
တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။
ဒေါင်းရန် ။ ။ Mediafire
No comments:
Post a Comment