သက်ပြင်းမောတွေနဲ့
အပြုံးခပ်ယဲ့ယဲ့တစ်ခုကိုတပ်ဆင်
ခံဝန်ကတိပေါင်းများစွာနဲ့
မနက်ဖြန်ဟာ
နေ့ကောင်းရက်မြတ်ဖြစ်ပါစေ......
ဂန္တ၀င်မြောက်တေးသွားတွေနဲ့
ဘ၀ဟာလေးစားစရာမဟုတ်သလို
ငေးမောအားကျစရာသိပ်မကောင်းဘူး
ဉီးနှောက်ထဲကအလင်းရောင်နဲ့
ကိုယ့်လမ်းကိုယ်ထွင်းခဲ့တာ
နေရာထိုင်ခင်းလေးတစ်ခုတော့ရခဲ့တယ်
အဲဒီနေရာကနေရောင်ကာကို
မနက်ပေါင်များစွာမိုးလင်းစေဖို့
အတ္တကင်းကင်းနဲ့ဖွင့်လှစ်
ငါ့မနက်ဖြန်တွေကိုမျက်နှာသစ်ချင်တယ်......
No comments:
Post a Comment