Friday, September 18, 2009

ဆရာတော် ဦးဇောတိက - ဘဝဆိုတဲ့ကျောင်း တရားတော်



You will learn lessons.
ရောက်သွားတဲ့ဘဝမှာ သင်ဟာသင်ခန်းစာတွေအများကြီး ဆည်းပူးရလိမ့်မယ်။
Your are enrolled in a full time informal school called life.
ဘဝလို့ခေါ်တဲ့ သင်ရိုးသက်မှတ်ချက်မရှိတဲ့၊ စာသင်ခန်းမရှိတဲ့ကျောင်းကြီးမှာ သင့်ကိုစာရင်းသွင်းထားပြီ။
ဘဝကို ကျောင်းလို့တင်စားခေါ်တာ အင်မတန်လေးနက်ပြီး အင်မတန် လှပပါတယ်။ အင်မတန် ပေါ်လွင်တယ်။ ဘ၀ဆိုတာ ကျောင်းပဲလို့ တကယ် သဘောပေါက်ရင် အင်မတန်အကျိုးများမယ်။ ဘဝမှာ ဘယ်ဟာအရေးအကြီးဆုံးလည်းဆိုတာ ကောင်းကောင်းသဘောပေါက်မယ်။ နေ့စဉ် ခံစားတွေကြုံနေရတဲ့ သင်ခန်းစာတွေကို မှန်မှန်ကန်ကန်သဘောပေါက်ဖို့၊ ကျေညက်ဖို့သိပ်အရေးကြီးတယ်။ ဘဝသင်ခန်းစာ မကျေညက်ရင်... အသိဥာဏ်မဖြစ်ဘူး။ စိတ်ရောဂါဖြစ်နိုင်တယ်။
Each day in the school you will have the oppotunity to learn lessons.
ဒီကျောင်းမှာ နေ့စဉ်ပဲ သင့်အတွက် သင်ခန်းစာတွေဆည်းပူးခွင့် ရလိမ်မယ်။
ဒီကျောင်းက ကျောင်းပိတ်ရက် မရှိဘူး။ ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန် မရှိဘူး။ နေ့စဉ်ပဲ သင်ခန်းစာတွေ ဆည်းပူးနေတယ်။ နေ့စဉ်ပဲ စာမေးပွဲ အစစ်ခံနေရတယ်။ အတွေ့အကြုံတိုင်းဟာ သင်ခန်းစာပဲ။ သင်ခန်းစာတိုင်းဟာ စာမေးပွဲပဲ။ သတိနဲ့ ဥာဏ်နဲ့ နေတက်မှ ဘဝအတွေ့အကြုံထဲက လေးနက်တဲံ့သင်ခန်းစာရမယ်။ ပေါ့ပေါ့တန်တန် အမှုမဲ့အမှတ်မဲ့ နေသွားရင် အသက်သာကြီးသွားမယ် ဥာဏ်ကြီးမလာဘူး။ စိတ်နေသဘောထား လေးနက်မှု၊ မြင့်မြတ်မှု ဖြစ်မလာဘူး။ အလေးနက်ဆုံးအသက်ဥာဏ်ကို ဘဝအတွေ့အကြုံထဲကပဲ ရနိုင်တယ်။ စာအုပ်ထဲက မရနိုင်ဘူး။
ဘဝဟာအလေးနက်ဆုံး စာအုပ်ပဲ။ အချိန်မရွေး နေရာမရွေး ကိုယ်ခန္ဓာမှာ ဖြစ်နေတာတွေ၊ မြင်ရတာတွေ၊ ကြားရတာတွေ၊ ထိရတာတွေ၊
တွေးတောကြံဆတာတွေ၊ သိတာတွေကို သတိနဲ့ကြည့်တဲ့ အလေ့အကျင့်လုပ်ပါ။ ခန္ဓာနဲ့ပတ်သက်တဲ့
သဘာဝအကြောင်းအကျိုးတွေ၊ စိတ်နဲ့ပတ်သက်တဲ့ သဘာဝအကြောင်းအကျိုးဆက်စပ်မှုတွေကို နက်နက်နဲနဲမြင်လာမယ်။
You may like the lessons or think them irrelevant or stupid.
ဒီသင်ခန်းစာတွေကို သင် သဘောကျချင်လည်း ကျမယ်။ အရေးမပါဘူးလို့ ထင်ချင်လည်းထင်မယ်။ အဓိပ္ပာယ်မရှိဘူးလို့ ထင်ချင်လည်းထင်မယ်။
ဥာဏ်နည်းတဲ့သူအဖို့ အရေးမကြီးဘူးလို့ထင်တဲ့ ကိစ္စဟာ ဥာဏ်ကြီးတဲ့သူအဖို့ သိပ်အရေးကြီးတာ၊ လေးနက်တာဖြစ်တတ်တယ်။ တကယ်တော့ဘယ်အရာကိုဖြစ်ဖြစ်လေးလေးနက်နက် နားလည်ဖို့လိုပါတယ်။
In the long run we get what we deserve.
ရေရှည်မှာ ကိုယ်နဲ့ထိုက်တန်တာ ကိုယ်ရတယ်။
ကောင်းတာတွေး၊ ကောင်းတာပြော၊ ကောင်းတာလုပ်တဲ့သူဟာ ရေရှည်မှာ ကောင်းကျိုးရမှာ သေချာတယ်။
ရေရှည်ကိုကြည့်ပါ။ မျက်တောင်တစ်ဆုံး မကြည့်ပါနဲ့။ မျက်စိတစ်ဆုံးကြည့်ပါ။ ...
(ဆရာတော် ဦးဇောတိက)

တရားတစ်ပိုဒ်လုံးကို Download ဆွဲ၍ နာယူနိုင်ပါတယ်။

ဒေါင်းရန် ။ ။ Mediafire

ရေးသားတင်ဆက်သူ - ပေါ့ဆိမ့်(ဆင်တဲကဖေး)

No comments: