တကယ်လို့များ ကွန်ပျူတာထဲမှာရှိတဲ့ အရေးကြီးတဲ့ဖိုင်တစ်ဖိုင်ကို
မှားဖျက်မိတယ်ဆိုပါစို့။ အဲဒီအချိန်မှာ ကွန်ပျူတာထဲကို
နောက်ထပ်ဖိုင်အသစ်ထပ်ထည့်တာတွေ၊ ဖိုင်တွေထပ်ဖျက်တာတွေ လုံးဝ
မလုပ်မိပါစေနဲ့။ အဲဒီလိုသာလုပ်မိရင် မှားဖျက်မိတဲ့ဖိုင်လေး ပြန်ရဖို့
အခွင့်အလမ်းနည်းသွားပါလိမ့်မယ်။
ဖျက်မိလိုက်ချင်းဘဲ မှားဖျက်မိတယ်ဆိုတာကို သိရင် Free ပေးတဲ့ Recuva
ကိုသုံးပြီး ပြန်ရှာလို့ရပါတယ်။ လက်တွေ့စမ်းသပ်ပြီးသားပါ။
တကယ်ကောင်းပါတယ်။
အဲဒီလိုပါပဲ။ Memory Stick ထဲကဖိုင်တွေ၊ MP4 ထဲက File တွေ၊ Digital
Camera ထဲကဖိုင်တွေ မှားဖျက်မိတယ် ဆိုရင်လည်း နောက်ထပ် ဓာတ်ပုံတွေ
ထပ်ရိုက်တာတို့ ဖိုင်အသစ်ထည့်တာတို့သာ မလုပ်မိပါစေနဲ့။ Recuva နဲ့
ပြန်ယူလို့ရနိုင်ပါသေးတယ်။
တခါတလေကျတော့ ဗိုင်းရပ်စ်ကြောင့် ဖိုင်တွေ၊ဖိုလ်ဒါတွေက
ပျောက်သွားတတ်ပါတယ်။ ပျက်သွားတာ မဟုတ်ပါဘူး။ အဲဒီအခါမှာ XYPlorer
ကိုသုံးပြီး Hidden ဖြစ်နေတာတွေကို မြင်တွေ့နိုင်ပါတယ်။ ပြီးရင်
ပြန်ဖော်လို့ ရပါတယ်။
နောက် Recovery Software တွေမှာ ကွာခြားချက်တွေရှိပါသေးတယ်။ တချို့က
FAT32 မှာပဲ ကောင်းကောင်း အလုပ်လုပ်တယ်။ တချို့က NTFS မှာ ကောင်းတယ်။
အခုအချိန်မှာတော့ HDD တိုင်းဟာ NTFS ဖြစ်နေပါပြီ။ NTFS အတွက်တော့ Active
Undelete က ကောင်းပါတယ်။ Active က ထုတ်သမျှကတော့ အကောင်းတွေ ချည်းပါပဲ။
သူတို့ရဲ့ Product တွေအကြောင်းနဲ့ NTFS အကြောင်းကို www.ntfs.com မှာ
သွားကြည့်နိုင်ပါတယ်။
Memory Stick တွေ Memory Card တွေထဲက ဖိုင်တွေ မှားဖျက်မိတယ်ဆိုရင်တော့
Active ရဲ့ Product တွေ သုံးလို့မရပါဘူး။ ပုံတွေပြန်ရှာဖို့အတွက်တော့
PhotoRescue ကို သုံးလို့ရနိုင်ပါတယ်။ တခြားဖိုင် အမျိုးအစားဆိုရင်တော့
Pandora Recovery ကို အသုံးပြုနိုင်ပါတယ်။ (စမ်းမကြည့်ဘူးပါ။ ဒါပေမဲ့
site တော်တော်များများက ညွှန်းကြပါတယ်။ ပြီးတော့ Freeware လည်းဖြစ်ပါတယ်)
သူငယ်ချင်းတို့လဲဒီပို့စ်ထဲကလိုစမ်းကြည့်နိုင်ကြပါစေ..............
No comments:
Post a Comment